ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဘားအံမြို့၌ ရေကြောင်းလူငယ်အခြေခံသင်တန်းဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုအား ကြည့်ရှုစစ်ဆေး

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဘားအံမြို့၌ ရေကြောင်းလူငယ်အခြေခံသင်တန်းဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုအား ကြည့်ရှုစစ်ဆေး


ကရင်ပြည်နယ်အစိုးရအဖွဲ့/ ကရင်ပြည်နယ်အစိုးအဖွဲ့ / April 19, 2025
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဘားအံမြို့၌ ရေကြောင်းလူငယ်အခြေခံသင်တန်းဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုအား ကြည့်ရှုစစ်ဆေး


ဘားအံ - ဧပြီ (၁၉)

            ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ရေကြောင်းလူငယ်အခြေခံသင်တန်း(၁/၂၀၂၅)ကို ဧပြီလ ၂၂ ရက်နေ့မှ မေလ ၁၂ ရက်နေ့ထိ ကျောင်းသား၊ကျောင်းသူ ၁၄၀ ဦးဖြင့် ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ရာ သင်တန်းဖွင့်လှစ်နိုင်ရေး ဦးစီးကော်မတီနာယက ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများသည် ဧပြီလ ၁၉ ရက်နေ့ နံနက်ပိုင်းက သင်တန်းဖွင့်လှစ်နိုင်ရေးကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

            ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ရေကြောင်းလူငယ်သင်တန်းသား၊သင်တန်းသူများ အခြေခံရေကူးနည်းပညာများ သင်ကြားပို့ချလေ့ကျင့်နိုင်ရေး ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ဇွဲကပင်ရေကူးကန်အား ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားမှုအခြေအနေ၊ ဘားအံမြို့ ဇွဲကပင်ခန်းမ၌ သင်တန်းဖွင့်ပွဲနှင့်သင်တန်းဆင်းပွဲကျင်းပ နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားမှုအခြေအနေ၊ ဘားအံမြို့ ကန်သာယာရေပြင်၌ လှေလှော်၊ ရွက်တိုက် လေ့ကျင့်ခန်းများဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ ဆပ်ကော်မ တီအသီးသီးမှ တာဝန်ရှိသူများ၊ တောင်ပိုင်းရေတပ်ကွပ်ကဲမှုဌာနချုပ်၊ဟိန်းဇဲဒေသမှ သင်တန်းနည်းပြအရာရှိ၊အရာခံ များက ကြိုတင်ပြင်ဆင်မှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များမှာကြား ၍ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သင်တန်းကျင်းပမည့် ဘားအံတက္ကသိုလ်၌ ရေကြောင်းလူငယ် အခြေခံသင်တန်းသား၊ သင်တန်းသူများအတွက် သင်တန်းကာလ အဟာရပြည့်မီပြီးကျန်းမာရေးနှင့်ညီညွတ်သည့် အစားအစာများ နေ့အလိုက်ချက်ပြုတ်ကျွေးမွေးနိုင်ရေး စားဖိုဆောင်နှင့် စားဆောင်များ ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိမှု၊ စာသင်ဆောင်၊ သင်တန်းပို့ချမည့်ဘာသာရပ်၊ အချိန်စာရင်း၊ စစ်ရေးပြကွင်းအဖြစ်အသုံးပြုမည့်နေရာ၊ ဘားအံ တက္ကသိုလ် ပတ္တမြားနယ်မြေရှိ နဝရတ်ဆောင်နှင့် ပုလဲဆောင်တို့ကို အမျိုးသား၊ အမျိုးသမီးခွဲခြားတည်းခိုနေထိုင်ရေး အတွက် ရေ၊ မီး၊ မိလ္လာ ပြည့်စုံလုံလောက်မှု ရှိ/မရှိ လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး  ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များမှာကြားသည်။

            ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကရင်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန(၂၀၂၄- ၂၀၂၅)ပြည်နယ်ခွင့်ပြုဘဏ္ဍာရန်ပုံငွေဖြင့်တည်ဆောက်သော Youth Centre(လူငယ်စင်တာ)(၁၄၀ပေx၈၀ပေ)RC သုံးထပ်အဆောက်အဦတည်ဆောက်ပြီးစီးမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များမှာကြား သည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မိုးရာသီကာလအနိမ့်ပိုင်းလူနေရပ်ကွက်များတွင် ရေကြီးရေလျှံ မှုများလျော့နည်းသက်သာစေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် စုစုပေါင်းခန့်မှန်းကုန်ကျငွေ ၃၂၈ ဒဿမ ၇ သန်းဖြင့် ဘားအံမြို့၊ အမှတ်(၆)ရပ်ကွက်၊ လုပ်သားလမ်းဘေးဝဲယာ အုတ်စီရေမြောင်း၊ပလက်ဖောင်းပြုလုပ်ခြင်း ၆၀ ရာခိုင်နှုန်းခန့်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးသူရမြင့်သူ၊ အင်ဂျင်နီယာမှူးကြီးဦးစိုးလွင်နှင့် တာဝန်ရှိသူများက မြို့ရေစီးရေလာကောင်းမွန်ရေးဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ် ဝန်ကြီးချုပ်က လုပ်ငန်းများသတ်မှတ်စံချိန်စံနှုန်းများနှင့်အညီအချိန်မီပြီးစီးနိုင်ရေးကြိုးပမ်းဆောင်ရွက်ကြရန်မှာကြား ကာ လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

အလားတူ ပြည်နယ်သူ၊ပြည်နယ်သားများ ဘေးအန္တရာယ်အပေါင်းမှကင်းဝေးစေရန် ကရင်ပြည်နယ်အစိုးရ အဖွဲ့မှကြီးမှူး၍ ပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ  ဓမ္မပီယကျောင်းဆရာတော်ဘဒ္ဒန္တခေမိသရလင်္ကာရ အမှူးပြုသော ဘားအံမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း ၄၅ ကျောင်းမှ ဆရာတော်ကြီး ၄၅ ပါးတို့သည် မြန်မာနှစ်ဆန်း(၂)ရက်နေ့ တွင် ဘားအံမြို့အား မော်တော်ယာဉ်များဖြင့် လှည့်လည်ပြီး အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္စျာယ် ကာ မေတ္တာပို့ပေးခဲ့ ကြသည်။

ဦးစွာ အန္တရာယ်ကင်းပရိတ်တရားတော်များရွတ်ဖတ်သရဇ္ဈာယ်မည့် ဆရာတော်၊ သံဃာတော်များသည် ဓမ္မပီယဘုန်းတော်ကြီးကျောင်းတွင်စုဝေးကြပြီး ပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ  ဓမ္မပီယကျောင်းဆရာတော် ဘဒ္ဒန္တခေမိသရလင်္ကာရ အမှူးပြုသော ဆရာတော်၊သံဃာတော်များက ဓမ္မပီယကျောင်းမှစတင်၍ ကမ်းနားလမ်း၊ ရတနာဆင်ဖြူတော်လေးစီးနှင့်ဖားစည်အဝိုင်း၊ ထို့မှတစ်ဆင့် ဘားအံမြို့ရှောင်လမ်း၊ ရဲသာ(ကမော့ကစင်)လမ်းဆုံ၊ လှာကဒေါင်နဒုက္ခသုခံလမ်း၊ ဘားအံ-ကော့ကရိတ်လမ်းမှတစ်ဆင့် ရေကျော်-လှိုင်းဘုံ-လှာကမြင်လမ်း၊ မဲဘောင်-နောင်ပလိန်လမ်း၊ ဘားအံလှိုင်းဘွဲလမ်းဆုံမှတစ်ဆင့် ဗိုလ်ချုပ်လမ်း၊ နာရီစင်မီးပွိုင့်၊ မင်းတန်းလမ်းမှတစ်ဆင့် ဓမ္မပီယကျောင်းသို့ လှည့်လည်၍ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္စျာယ်ကြကာ ဘားအံမြို့သူ၊ မြို့သားများ၊ ပြည်နယ်သူ၊ ပြည်နယ်သားများ ဘေးအန္တရာယ်ကင်းဝေး စေရေးအတွက် မေတ္တာပို့သပေးခဲ့ပါသည်။


၁၃၈၆ ခုနှစ်၊ တ‌န်ခူးလပြည့်ကျော် ၈ ရက်၊ ဧပြီ ၂၀ ရက်၊ တနင်္ဂနွေနေ့။


Posted on Apr 20, 2025

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလပြည့်ကျော် ၇ ရက်၊ ဧပြီ ၁၉ ရက်၊ စနေနေ့။


Posted on Apr 19, 2025

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလပြည့်ကျော် ၆ ရက်၊ ဧပြီ ၁၈ ရက်၊ သောကြာနေ့။


Posted on Apr 18, 2025

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလပြည့်ကျော် ၅ ရက်၊ ဧပြီ ၁၇ ရက်၊ တနင်္ဂနွေနေ့။


Posted on Apr 17, 2025

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလပြည့်နေ့၊ ဧပြီ ၁၂ ရက်၊ စနေနေ့။


Posted on Apr 12, 2025

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလဆန်း ၁၄ ရက်၊ ဧပြီ ၁၁ ရက်၊ သောကြာနေ့။


Posted on Apr 11, 2025
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်

Posted on Apr 17, 2025

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၀ / ၂၀၂၅ ၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက် (၂ဝ၂၅ ခုနှစ်၊ ဧပြီလ ၁၇ ရက်) ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်

HOT NEWS
January 4,