ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ကဆုန်လပြည့်(ဗုဒ္ဓနေ့)တွင် ကြာအင်းတောင် ဆဋ္ဌမစေတီတော် ရွှေထီးတော်တင်လှူပူဇော်ပြီး ညောင်ရေသွန်းလောင်းပူဇော်

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ကဆုန်လပြည့်(ဗုဒ္ဓနေ့)တွင် ကြာအင်းတောင် ဆဋ္ဌမစေတီတော် ရွှေထီးတော်တင်လှူပူဇော်ပြီး ညောင်ရေသွန်းလောင်းပူဇော်


ကရင်ပြည်နယ်အစိုးရအဖွဲ့/ ကရင်ပြည်နယ်အစိုးအဖွဲ့ / May 11, 2025


ဘားအံ - မေ (၁၁)

ကဆုန်လပြည့်(ဗုဒ္ဓနေ့)သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်တစ်နေ့ဖြစ်သည်နှင့်အညီ ကောင်းမှု ကုသိုလ်ပြုကြသူများဖြင့် စည်ကားလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများသည် ယနေ့ နံနက် ပိုင်းက ကြာအင်းတောင် ဆဋ္ဌမစေတီတော်အား ရွှေထီးတော်တင်လှူပူဇော်၍ သေဋ္ဌမာရ်အောင်ဘုရားကြီးပရိဝုဏ် အတွင်း အင်္ဂါထောင့်ရှိ မဟာဗောဓိညောင်ပင်ရင်း၌ ညောင်ရေသွန်းလောင်းပူဇော်ခဲ့ကြသည်။

ဦးစွာ တောင်ကလေးပရိယတ္တိ၊ပဋိပတ္တိသာသနာ့အေးရိပ်သာနာယကချုပ် နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် အဂ္ဂမဟာသဒ္ဓမ္မဇော်တိကဓဇ၊ အဂ္ဂမဟာကမ္မဌာနစရိယ သီရိပျံချီ ဘဒ္ဒန္တပညာသာမိ(တောမှီရဟန်း)အား ဦးထိပ်ထား၍ ဘားအံမြို့ကျက်သရေဆောင် ကြာအင်းတောင်ပေါ်တွင်တည်ထားကိုးကွယ်ပူဇော်သည့် ကြာအင်းတောင်ဆဋ္ဌမစေတီ တော် အထက်ဌာပနာသွင်း၊ရွှေထီးတော်တင်ဗုဒ္ဓဘိသေကအနေကဇာတင်မင်္ဂလာအခမ်းအနားကိုကျင်းပရာ ဆရာ တော်ကြီးများ၊ပြည်နယ်ဝန်ကြီးချုပ်နှင့်ဒါယကာများကဌာပနာတိုက်အတွင်းသို့ ဌာပနာတော်သွင်းလှူပူဇော်ကာ ပရိတ်နံ့သာရည်များပက်ဖျန်းပူဇော်၍ ဌာပနာတိုက်ပိတ်ချိန်တွင် ဇယန္တောဗောဒိယာမူလေ အစချီသောအောင်ဂါထာ များကို ရွတ်ဆိုပူဇော်ကြသည်။

ထို့နောက် ရွှေထီးတော်တင်ဗုဒ္ဓဘိသေကအနေကဇာတင်မဟာမင်္ဂလာအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသောဧည့်ပရိတ်အပေါင်းတို့က တောင်ကလေးပရိယတ္တိ၊ပဋိပတ္တိ သာသနာ့အေးရိပ်သာ နာယကချုပ် နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် အဂ္ဂမဟာသဒ္ဓမ္မဇော်တိကဓဇ၊ အဂ္ဂမဟာကမ္မဌာနစရိယ သီရိပျံချီ ဘဒ္ဒန္တပညာသာမိ(တောမှီရဟန်း)ထံမှ ကိုးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်အရှင်သူမြတ်များက သမန္တာမှ စ၍မေတ္တာသုတ်၊ ရတနာသုံးပါးဂုဏ်တော်များနှင့်အတူ ပဗ္ဗဏှသုတ်ပရိတ်တရားတော်များကို ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒါယကာ၊ဒါယိကာမများက ဌာပနာပစ္စည်းများ၊ ရတနာစိန်ဖူးတော်၊ ငှက်မြတ် နားတော်၊ ရွှေထီးတော်ဘုံဆင့်များနှင့် စေတီယဝတ္ထုကံများကို ဆရာတော်၊သံဃာတော်များထံ သာဟတ္ထိက ဒါနမြောက် ကိုယ်တိုင်လက်ရောက်ဆက်ကပ်ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဒါယကာ၊ဒါယိကာမများက ဆရာတော်၊သံဃာတော်များအား လှူဖွယ် ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြကာ စိန်ဖူးတော်နှင့် ထီးတော်ဘုံဆင့်များကို စေတီတော်အားလက်ယာရစ်သုံးပတ်လှည့်လည်ပူဇော်၍ မင်္ဂလာအခါတော်တွင် ရတနာစိန်ဖူး တော်၊ငှက်မြတ်နားတော်တို့ကို တင်လှူပူဇော်သည်နှင့်တစ်ပြိုင်နက် အရံစေတီစိန်ဖူးတော်များကိုလည်း တစ်ပြိုင် တည်းတင်လှူပူဇော်၍ ပရိတ်နံ့သာရည်များပက်ဖျန်းကြကာ ရတနာရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးခဲ့ကြသည်။

ယင်းနောက် ဆရာတော်၊သံဃာတော်များအား စေတီတော်ရင်ပြင်သို့ပင့်ဆောင်၍ တံခွန်၊ ကုက္ကား၊ မုလေပွား များဆက်ကပ်ပြီး ကြာအင်းတောင် ဆဋ္ဌမစေတီတော်အား ဗုဒ္ဓဘိသေကအနေကဇာတင်၍ ဗုဒ္ဓါဘိသိက် သွန်းတော်မူ ကြသည်။

အလားတူ ကရင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ ကဆုန်လပြည့်(ဗုဒ္ဓနေ့)အခမ်းအနားနှင့် ညောင်ရေသွန်း လောင်းပူဇော်ပွဲမဟာမင်္ဂလာအခမ်းအနားကို ဘားအံမြို့၊ ကျက်သရေဆောင် သေဋ္ဌမာန်အောင်ဘုရားကြီး ပရိဝုဏ် အတွင်း အင်္ဂါထောင့်ရှိ မဟာဗောဓိဘောင်ပင်ရင်း၌ ဆင်ယင်ကျင်းပရာ ဥပါသကာတစ်ဦးက ကုသိုလ်တော်အတူပြုရန် နတ်ဗြဟ္မာအပေါင်းတို့အား ဂါထာပါး၍ဖိတ်ကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဧည့်ပရိတ်သတ်အပေါင်းတို့က နိုင်ငံတော် ဩဝါဒစရိယ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဝိဇ္ဇာနန္ဒ ထံမှ နဝင်္ဂသီလခံယူဆောက်တည်ကြကာ ဆရာတော်၊သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ်အပ်သော ပရိတ်တရား တော်များကို နာယူကြည်ညိုကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဆရာတော်၊သံဃာတော်များအား လှူဖွယ်ဝတ္ထု ပစ္စည်းများနှင့်နဝကမ္မအလှူငွေများဆက်ကပ်လှူဒါန်းကြပြီး အမျိုးသမီးယောဂီတစ်ဦးက ကဆုန်လပြည့်ဗုဒ္ဓနေ့နှင့် ညောင်ရေသွန်းပွဲတော်အကြောင်းသိကောင်းစရာများကို ဖတ်ကြားတင်ပြကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်း ချအမျှပေးဝေကြသည်။

ယင်း‌နောက် ဆရာတော်၊သံဃာတော်အရှင်သူမြတ်များက ပရိဘောဂစေတီထိုက်သောမဟာဗောဓိပင်အား အနေကဇာတင်၍ ညောင်ရေသွန်းလောင်းပူဇော်ကြရာ ဥပသကာတစ်ဦးက ခရုသင်းမှုတ်၍ အခမ်းအနားမှူးက ဗောဓိရုက္ခေါဒကဥယျောဇန ဂါထာတော်ကို ရွတ်ဖတ်ပူဇော်သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ဧည့်ပရိတ်သတ်အပေါင်းတို့သည် မဟာ ဗောဓိညောင်ပင်တော်အား ညောင်ရေသွန်းလောင်းပူဇော်၍ အမွှေးနံ့သာရည်များပက်ဖျန်းပူဇော်ကြရာ ဇယောဟိ ဗုဒ္ဓသအစချီသောဂါထာတော်များရွတ်ဖတ်ပူဇော်ပြီး ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ဝတ်အသင်းအဖွဲ့များ၊ ဗုဒ္ဓဝေယျာ ဝစ္စများနှင့် ဘားအံမြို့ပေါ်ရပ်ကွက်များမှ ဗုဒ္ဓဘာသာနွယ်ဝင် ပြည်သူအပေါင်းတို့က မဟာဗောဓိညောင်ပင်တော်အား ညောင်ရေသွန်းလောင်းပူဇော်ကြကာ ပင့်ဖိတ် ထားသောနတ်ဗြဟ္မာအပေါင်းတို့အား ဂါထာပါး၍ ပြန်လည်ပို့ဆောင်ပြီး ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကြွရောက်ချီးမြှင့်တော်မူသောဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြပြီး ပါဝင်ကုသိုလ်ယူကြသူများနှင့် အခမ်းအနားအသို့ တက် ရောက်လာသူများအား ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် အလှူရှင်များပူးပေါင်း၍ သေဋ္ဌမာရ်အောင်ဘုရားကြီး (၁၀၃)နှစ် ပြည့် စတုဒိသာဖြင့်တည်ခင်းဧည့်ခံရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေးခဲ့ပါသည်။

 


၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ မေ ၁၂ ရက်၊ တနင်္လာနေ့။


Posted on May 12, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ မေ ၁၁ ရက်၊ တနင်္ဂနွေနေ့။


Posted on May 11, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက်၊ မေ ၁၀ ရက်၊ စနေနေ့။


Posted on May 10, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်၊ မေ ၉ ရက်၊ သောကြာနေ့။


Posted on May 09, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၈ ရက်၊ ကြာသပတေးနေ့။


Posted on May 08, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 07, 2025
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

သံတမန်ရေးရာ ဘွဲ့လွန်ဒီပလိုမာသင်တန်း (Diploma in Diplomacy- DID) သင်တန်း အပတ်စဉ် (၁) ခေါ်ယူခြင်း

Posted on May 9, 2025

သံတမန်ရေးရာ ဘွဲ့လွန်ဒီပလိုမာသင်တန်း (Diploma in Diplomacy- DID) သင်တန်း အပတ်စဉ် (၁) ခေါ်ယူခြင်း

မြန်မာ့ရိုးရာပန်းပညာ(၁၀)မျိုး အထိမ်းအမှတ် Block stamp အထူးထုတ် (၂၀၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးအား‌ရောင်းချပေးမည်။

Posted on May 3, 2025

မြန်မာ့ရိုးရာပန်းပညာ(၁၀)မျိုး အထိမ်းအမှတ် Block stamp အထူးထုတ် (၂၀၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးအား‌ရောင်းချပေးမည်။

HOT NEWS
January 4,