ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး ဒဏ်ရာရရှိ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး ဒဏ်ရာရရှိ


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / March 25, 2025


     ၂၀၂၅ ခုနှစ်၊ မတ် ၂၄ ရက်က ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
    ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ မတ် ၂၄ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် ကရင်ပြည်နယ်၊ ဘားအံ မြို့နယ်၊ မုကဝါကျေးရွာအနီး ဘားအံ-ဇာသပြင်ကားလမ်း မိုင်တိုင်အမှတ် ၄ မိုင် ၆ ဖာလုံနှင့် ၇ ဖာလုံကြား၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ထုံးအိုင်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ဘားအံမှ ဇာသပြင်သို့ ဘားအံမြို့နယ်၊ အမှတ်(၉)ရပ်ကွက်နေ မျိုးသန့်(၄၆)နှစ် မောင်းနှင်ပြီး ဇနီး မလွင်လွင်မော် လိုက်ပါလာသည့် YGN-20/1J-XXXX NISSAN AD VAN အဖြူရောင် မော်တော်ယာဉ်နှင့် မုကဝါကျေးရွာနေ မြင့်ဝင်း(၄၃)နှစ် မောင်းနှင်လာသည့် ဆိုင်ကယ်တို့သည် အခင်းဖြစ်နေရာအရောက် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်၌ မျက်နှာချင်းဆိုင်ဝင်ရောက် တိုက်မိခဲ့သဖြင့် မြင့်ဝင်းတွင် ဒဏ်ရာများရရှိခဲ့သောကြောင့် မျိုးသန့်နှင့် မြင့်ဝင်းတို့ နှစ်ဦးအား ထုံးအိုင်နယ်မြေရဲစခန်း ယာဉ်(ပ)၂/၂၀၂၅၊ ရာဇသတ်ကြီး ပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။


၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်နေ့ ၊ ဖေဖော်ဝါရီ ၁ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Feb 01, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၄ ရက် ၊ ဇန်နဝါရီ ၃၁ ရက်၊ စ​နေနေ့။


Posted on Jan 31, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၃ ရက် ၊ ဇန်နဝါရီ ၃၀ ရက်၊ သောကြာနေ့။


Posted on Jan 30, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက် ၊ ဇန်နဝါရီ ၂၉ ရက်၊ ကြာသပတေးနေ့။


Posted on Jan 29, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၁ ရက် ၊ ဇန်နဝါရီ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jan 28, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၀ ရက် ၊ ဇန်နဝါရီ ၂၇ ရက်၊ အင်္ဂါနေ့။


Posted on Jan 27, 2026
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

အကြောင်းအမျိုးမျိုးကြောင့် ဌာနမှကင်းကွာနေသည့်ဝန်ထမ်းများအား ပြစ်မှုကျူးလွန်ခြင်းမရှိပါက အမည်မည်းစာရင်း (Black Lists)မှ ဖြေလျှော့ပေးလျက်ရှိ

Posted on Jan 31, 2026

၁။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်၍ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှ နိုင်ငံ့ဝန်ထမ်းအချို့သည် အကြောင်းအမျိုးမျိုးကြောင့် ခွင့်ပြုချက်မရရှိဘဲ လုပ်ငန်းခွင်ကို စွန့်ခွာသွားကြသည့်အတွက် သက်ဆိုင်ရာဌာနများ၏ အမည်မည်းစာရင်း (Black Lists)တွင် ပါဝင်နေ၍ စိုးရိမ်ပူပန်စိတ်ဖြင့် အခြားနေရာများသို့ ရှောင်တိမ်းနေကြောင်း သိရှိရပါသည်။

Notification 26/2026

Posted on Jan 31, 2026