ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး ဒဏ်ရာရရှိ
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး ဒဏ်ရာရရှိ
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / March 25, 2025
၂၀၂၅ ခုနှစ်၊ မတ် ၂၄ ရက်က ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ မတ် ၂၄ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် ကရင်ပြည်နယ်၊ ဘားအံ မြို့နယ်၊ မုကဝါကျေးရွာအနီး ဘားအံ-ဇာသပြင်ကားလမ်း မိုင်တိုင်အမှတ် ၄ မိုင် ၆ ဖာလုံနှင့် ၇ ဖာလုံကြား၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ထုံးအိုင်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ဘားအံမှ ဇာသပြင်သို့ ဘားအံမြို့နယ်၊ အမှတ်(၉)ရပ်ကွက်နေ မျိုးသန့်(၄၆)နှစ် မောင်းနှင်ပြီး ဇနီး မလွင်လွင်မော် လိုက်ပါလာသည့် YGN-20/1J-XXXX NISSAN AD VAN အဖြူရောင် မော်တော်ယာဉ်နှင့် မုကဝါကျေးရွာနေ မြင့်ဝင်း(၄၃)နှစ် မောင်းနှင်လာသည့် ဆိုင်ကယ်တို့သည် အခင်းဖြစ်နေရာအရောက် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်၌ မျက်နှာချင်းဆိုင်ဝင်ရောက် တိုက်မိခဲ့သဖြင့် မြင့်ဝင်းတွင် ဒဏ်ရာများရရှိခဲ့သောကြောင့် မျိုးသန့်နှင့် မြင့်ဝင်းတို့ နှစ်ဦးအား ထုံးအိုင်နယ်မြေရဲစခန်း ယာဉ်(ပ)၂/၂၀၂၅၊ ရာဇသတ်ကြီး ပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ပုံနှိပ်ခြင်း လုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း (သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီ လုပ်ငန်း ခွင့်ပြုထားရှိမှု နှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၅-၂၀၂၆)
Posted on Jun 8, 2026ပုံနှိပ်ခြင်း လုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း (သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီ လုပ်ငန်း ခွင့်ပြုထားရှိမှု နှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၅-၂၀၂၆)
အဂတိလိုက်စားမှု ကင်းရှင်းစေရေး " 1111 "ကို ဖြေကြားပေးရန် ပြည်သူသို့ အသိပေးနှိုးဆော်ခြင်း
Posted on Jun 8, 2026အဂတိလိုက်စားမှု ကင်းရှင်းစေရေး " 1111 "ကို ဖြေကြားပေးရန် ပြည်သူသို့ အသိပေးနှိုးဆော်ခြင်း
ချင်းပြည်နယ် တရားလွှတ်တော် တရားသူကြီး ခန့်အပ် တာဝန်ပေးခြင်း
Posted on Jun 4, 2026ချင်းပြည်နယ် တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန် ပေးခြင်း
