ကလောမြို့ရှိ မောမြေဦးပန်းခြံ၌ ပထမအကြိမ် ပန်းပွဲတော် ကျင်းပ
ကလောမြို့ရှိ မောမြေဦးပန်းခြံ၌ ပထမအကြိမ် ပန်းပွဲတော် ကျင်းပ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 02, 2026
နေပြည်တော် ဇန်နဝါရီ ၁
ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်ရည်ရွယ်၍ ကလောမြို့ရှိ မောမြေဦးပန်းခြံ၌ ပထမအကြိမ် ပန်းပွဲတော်ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါပန်းခြံရှေ့၌ ကျင်းပသည်။
ဖွင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ပန်းပွဲတော်တွင် နိုင်ငံခြားဖြစ်ပန်းမျိုးစိတ်များအပါအဝင် ဒေသထွက် ပန်းမျိုးစိတ်များကို ပြသထားရှိကြောင်း၊ ထို့ပြင်ပွဲတော်တွင် သစ်ခွဥယျာဉ်နှင့် ပန်းအမျိုးအစားများစွာကိုအသုံးပြု၍ မြေယာရှုခင်းအလှများ ပုံဖော်ပြသထားကြောင်း၊ လာရောက်လည်ပတ်သူများအတွက် စာအုပ်စာစောင်များ အနားယူဖတ်ရှုနိုင်မည့် စာကြည့်တိုက်ပါဝင်ပြီး အလှဓာတ်ပုံရိုက်ကူးရန် နေရာများစွာကိုလည်း စီစဉ်ဆောင်ရွက်ထားကြောင်း၊ အားကစားကွင်းနှင့် ကလေးကစားကွင်းများ၊ ဒေသထွက် အစားအစာအရောင်းဆိုင်များလည်း ပါဝင်သည့်အတွက် အနယ်နယ်အရပ်ရပ်မှ ခရီးသွားပြည်သူများနှင့် ပန်းချစ်သူများအနေဖြင့် ကလောမြို့ ပန်းပွဲတော်သို့ ဝင်ကြေးအခမဲ့ဖြင့် လာရောက်လည်ပတ် အပန်းဖြေ လေ့လာနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပန်းပွဲတော်ကို ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ စစ်ဦးစီးတက္ကသိုလ်(ခေတ္တ) ကျောင်းအုပ်ကြီး၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ဖွင့်ပွဲတွင် ပါဝင်ဖျော်ဖြေပေးကြသည့် ဘင်ခရာတပ်ဖွဲ့နှင့် တိုင်းရင်းသားစာပေ ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ကြပြီး ပန်းပွဲတော် ကို လှည့်လည်ကြည့်ရှုကြသည်။
အဆိုပါပန်းပွဲတော်ကို ဇန်နဝါရီ ၁ ရက်မှ ၁၅ ရက်အထိ ဝင်ကြေးအခမဲ့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေပြဋ္ဌာန်း
Posted on Jan 1, 2026မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေပြဋ္ဌာန်း
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေပြဋ္ဌာန်း
Posted on Jan 1, 2026မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေပြဋ္ဌာန်း
သတင်းထုတ်ပြန်ချက်
Posted on Dec 31, 2025
