ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှု ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် မျက်စိခွဲစိတ်ကုသမှုအစီအစဉ်အား တိုင်းဒေသကြီးဝန်ကြီးချုပ်ကြည့်ရှုအားပေး

ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှု ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် မျက်စိခွဲစိတ်ကုသမှုအစီအစဉ်အား တိုင်းဒေသကြီးဝန်ကြီးချုပ်ကြည့်ရှုအားပေး


ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့/ ပုသိမ် / October 23, 2025


ပုသိမ် အောက်တိုဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့ပြည်သူ့ဆေးရုံသို့သွား ရောက်၍ ကျန်းမာရေးဝန်ကြီးဌာန၏ဦးဆောင်လမ်းညွှန်မှု ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် မျက်စိခွဲစိတ်ကုသမှုအစီအစဉ်အား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျန်းမာရေးဝန်ကြီးဌာနမှ မျက်စိအထူးကု ဆရာဝန်ကြီးများနှင့် ဧရာဝတီတိုင်းဒေသကြီးကုသရေးဦးစီးဌာနလက်အောက်ရှိ ပြည်သူ့ ဆေးရုံများမှ မျက်စိအထူးကုဆရာဝန်ကြီးများမှ ခွဲစိတ်ပေးခဲ့သည့် မျက်စိဝေဒနာရှင်များအား မျက်မှန်များတပ်ဆင်ပေးခြင်း၊ မျက်စိခွဲစိတ်ရန်စောင့်ဆိုင်းနေသည့် မျက်စိဝေဒနာရှင်များအား အားပေးစကားများပြောကြားခဲ့ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးမိသားစုက မျက်စိဝေဒနာ ရှင်များအား နေ့လယ်စာ အာဟာရဒါနနှင့် စားသောက်ဖွယ်ရာများ လှူဒါန်းခဲ့ကြသည်။ ရေကြည်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင် လမ်းညွှန်မှု ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကျန်းမာရေး ဝန်ကြီးဌာနမျက်စိအထူးကုဆရာဝန်ကြီးများနှင့် ဧရာဝတီတိုင်းဒေသကြီးကုသရေးဦးစီးဌာန လက်အောက်ရှိ ပြည်သူ့ဆေးရုံများမှ မျက်စိအထူးကု ဆရာဝန်ကြီးများက အောက်တိုဘာလ(၁၇)ရက်နေ့မှ (၂၀)ရက်နေ့အထိမျက်စိစမ်းသပ်ခြင်းဆောင်ရွက်ခဲ့ရာ မျက်စိစမ်းသပ်သူ(၂၀၈၉)ဦးရှိခဲ့ကြောင်းနှင့် အောက်တိုဘာ(၂၁)ရက်နေ့မှစ၍ မျက်စိခွဲစိတ် ကုသခြင်းကို စတင်ဆောင်ရွက်ခဲ့ရာ ယနေ့အထိ မျက်စိဝေဒနာခွဲစိပ်ပြီးစီးသူ (၁၄၆)ဦး ရှိကြောင်းသိရှိရသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့နယ်အားကစားခန်းမသို့ သွားရောက်၍ ဒုတိယအကြိမ် မဲစာရင်းကပ်ထားကြေညာရာတွင် အသက်(၁၈)နှစ်နှင့်အထက် မဲပေးခွင့်ရှိသူများ မကျန်ရှိစေရေးအတွက် မြို့နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝန်ထမ်းများက ရပ်ကွက်ကျေးရွာအုပ်စု (Working Group)မှ လူဦးရေစာရင်း ပြည့်စုံမှန်ကန်စေရေး အတွက် တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မဲပေးခွင့်ရှိသည့်နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေးဖြစ်သည့် မဲပေးခွင့်မဆုံးရှုံးစေရေး၊ စာရင်းများ ပြည့်စုံမှန်ကန်စေရေးနှင့် လိုအပ်သည်များအား သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၃ရက် ၊ အောက်တိုဘာ ၂၃ ရက်၊ ကြာသပတေးနေ့။


Posted on Oct 23, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၂ရက် ၊ အောက်တိုဘာ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Oct 22, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁ရက်နေ့ ၊ အောက်တိုဘာ ၂၁ ရက်၊ အင်္ဂါနေ့။


Posted on Oct 21, 2025

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လကွယ်နေ့ ၊ အောက်တိုဘာ ၂၀ ရက်၊ တနင်္လာနေ့။


Posted on Oct 20, 2025

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၃ ရက်၊ အောက်တိုဘာ ၁၉ ရက်၊ တနင်္ဂနွေနေ့။


Posted on Oct 19, 2025

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၂ ရက်၊ အောက်တိုဘာ ၁၈ ရက်၊ စနေနေ့။


Posted on Oct 18, 2025
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း

Posted on Oct 22, 2025

တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း

တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း

Posted on Oct 21, 2025

တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း

တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း

Posted on Oct 22, 2025

တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း

HOT NEWS
January 4,