ကျောက်မဲမြို့ရှိ ဒေသခံတိုင်းရင်းသားပြည်သူများအတွက် ဆန်၊ ဆီ နှင့် စားသောက်ကုန်များထပ်မံရောက်ရှိ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျောက်မဲမြို့အတွင်း သန့်ရှင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

ကျောက်မဲမြို့ရှိ ဒေသခံတိုင်းရင်းသားပြည်သူများအတွက် ဆန်၊ ဆီ နှင့် စားသောက်ကုန်များထပ်မံရောက်ရှိ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျောက်မဲမြို့အတွင်း သန့်ရှင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / October 04, 2025
image_latest


နေပြည်တော် အောက်တိုဘာ ၄

တပ်မတော်က ပြည်သူလူထု အေးချမ်းစွာနေထိုင်နိုင်ရေးအတွက် အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter- Terrorism Operation)ကို ဆောင်ရွက်ခဲ့ရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ ကျောက်မဲမြို့အား အလုံးစုံပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ကျောက်မဲမြို့၌ အစိုးရအုပ်ချုပ်ရေးယန္တရားများ ပြန်လည်လည်ပတ်နိုင်ရေးနှင့် မြို့ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက်လိုအပ်သည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဒေသခံပြည်သူလူထုနှင့်ပူးပေါင်း၍ အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ကျောက်မဲမြို့ရှိ အုပ်ချုပ်ရေးယန္တရားများ အမြန်ဆုံးပြန်လည်လည်ပတ်နိုင်ရေးအတွက် လုပ်ငန်းများဆောင်ရွက်နိုင်ရန် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဥပဒေရုံး၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ သစ်တောဦးစီးဌာနနှင့် မြေစာရင်းဦးစီးဌာနတို့မှ ဝန်ထမ်း ၃၄ ဦးတို့ သည် ယနေ့မွန်းလွဲပိုင်းတွင် ကျောက်မဲမြို့သို့ထပ်မံရောက်ရှိကြပြီး ၎င်းတို့နှင့်အတူ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဒေသခံတိုင်းရင်းသားပြည်သူများအတွက် လှူဒါန်းသော ဆန်အိတ် ၅၀၀ အိတ်နှင့် ဆီ ၅၀၀ ပိဿာ တို့ထပ်မံရောက်ရှိလာသဖြင့် အောက်တိုဘာ ၃ ရက်မှ ယနေ့အထိ စုစုပေါင်းဆန်အိတ် ၁၀၀၀ အိတ်၊ ဆီ ၁၀၀၀ ပိဿာ၊ ပဲ ၃၀၀ ပိဿာ၊ ဆား ၅၀၀ ပိဿာ၊ Family Kits ၆၇ ပုံးတို့ရောက်ရှိပြီဖြစ်ပြီး အဆိုပါစားသောက်ကုန်၊ အသုံးအဆောင်ပစ္စည်းများကို ဒေသခံပြည်သူများ၏လက်ဝယ်အရောက် ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။ ထို့ပြင် ယာယီနေရပ်စွန့်ခွာခဲ့သည့် ဒေသခံ တိုင်းရင်းသားပြည်သူများသည်လည်း ကျောက်မဲမြို့သို့ ပြန်လည်ဝင်ရောက်လျက်ရှိရာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြိုဆိုနေရာချထားပေးခြင်းများနှင့် လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

၎င်းအပြင် စာသင်ကျောင်းများ အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများစုပေါင်း၍ ကျောက်မဲမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေနုတ်မြောင်းများ ဆယ်တင်တူးဖော်ပေးခြင်းနှင့် စာသင်ခန်းများအတွင်း၊ အပြင်သန့်ရှင်းရေးပြုလုပ်ပေးခြင်းတို့ကို စုပေါင်းဆောင်ရွက်ပေးကြပြီး ကျောက်မဲမြို့ကျက်သရေဆောင်ခန်းမ၊ ကျောက်မဲမြို့မဈေးနှင့် ပတ်ဝန်းကျင်နေရာများ၌လည်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးကြသည်။

ထို့ပြင် ကျောက်မဲမြို့နယ် တည်ငြိမ်အေးချမ်းသာယာရေး၊ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ အေးချမ်းစွာ လူမှုစီးပွားဘဝ လုပ်ကိုင်စားသောက်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးတာဝန်များကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက် ၊ မတ် ၂၇ ရက်၊ သောကြာနေ့။


Posted on Mar 27, 2026
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။