ကျောင်းသား ကျောင်းသူ ၆၀၀ ကျော် ရန်ကုန်ပညာရေးတက္ကသိုလ်တွင် ဝင်ခွင့်ရ

ကျောင်းသား ကျောင်းသူ ၆၀၀ ကျော် ရန်ကုန်ပညာရေးတက္ကသိုလ်တွင် ဝင်ခွင့်ရ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / November 26, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၂၅

ရန်ကုန်ပညာရေးတက္ကသိုလ်သည် မြန်မာ့ပညာရေးကဏ္ဍတွင် ဦးဆောင်ဦးရွက်ပြုနိုင်မည့် ပညာရှင်များကို နှစ်စဉ်မွေးထုတ်ပေးနေသော ဦးဆောင်ပညာရေးတက္ကသိုလ်တစ်ခုဖြစ်ပြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သော ကျောင်းသား ကျောင်းသူ ၆၀၀ ကျော် ရန်ကုန်ပညာရေးတက္ကသိုလ်တွင် ဝင်ခွင့်ရကြောင်း သိရသည်။

သင်ကြားပေးလျက်ရှိ

ရန်ကုန်ပညာရေးတက္ကသိုလ်သည် အခြေခံပညာ၏ Grade-10 ၊ Grade-11 နှင့် Grade-12 သင်ရိုးများနှင့် ပညာရေးသဘောတရားနှင့် ပညာရေး စီမံခန့်ခွဲမှု၊ ပညာရေးစိတ်ပညာ၊ သင်ပြနည်းနှင့် သင်ရိုးညွှန်းတမ်း၊ ကာယနှင့်ကျောင်းကျန်းမာရေး စသောပညာရေးဘာသာရပ်များ ပေါင်းစပ်ပြီး ကျောင်းသား ကျောင်းသူများ လက်တွေ့ဘဝတွင် အမှန်တကယ်ပြန်လည်အသုံးချနိုင်ရန် သင်ကြားပေးလျက်ရှိကြောင်း၊ ထူးချွန်သော ဆရာ ဆရာမကောင်းများဖြစ်လာစေရန် ကမ္ဘာသုံး၊ အတန်းတွင်းသုံးအကဲဖြတ်စစ်ဆေးနည်းစနစ်များစွာဖြင့် ကျောင်းသား ကျောင်းသူများ၏ အရည်အသွေးကို နှစ်စဉ်စစ်ဆေးခြင်း၊ လက်တွေ့နှင့်တန်းပြ ဆင်းစေခြင်းတို့ကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သင်ကြားရေးနည်းစနစ်များတွင် ကျောင်းသားဗဟိုပြုနည်းလမ်း (Student-centered Approach)၊ ကျောင်းသား အချင်းချင်းအဖွဲ့လိုက်ဆွေးနွေးခြင်း(Group Discussion)၊ အချင်းချင်းအကဲဖြတ်စစ်ဆေးခြင်း (Peer Assessment)နှင့် စာကြည့်တိုက်အခြေပြု ပရောဂျက် (Library-Based Project) တို့ဖြင့် သင်ကြား၊ သင်ယူမှုပြုလုပ်လျက်ရှိရာ ယခု ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် နိုဝင်ဘာ ၁၇ ရက်မှစ၍ ပိတ်ရက်မရှိ ကျောင်းအပ်လက်ခံလျက်ရှိပြီး သင်တန်းအသီးသီးကို နိုဝင်ဘာ၂၄ ရက်မှစ၍ စတင်ဖွင့်လှစ်သင်ကြားခြင်း၊ စာကြည့်တိုက်မိတ်ဆက်ခြင်း (Library Orientation) ကိုလည်း ပထမနှစ်ကျောင်းသား ကျောင်းသူများအတွက် ပြုလုပ်ပေးပြီးဖြစ်ကြောင်း သိရသည်။

သတင်းစဉ်


၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၇ ရက် ၊ နိုဝင်ဘာ ၂၆ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Nov 26, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၆ ရက် ၊ နိုဝင်ဘာ ၂၅ ရက်၊ အင်္ဂါနေ့။


Posted on Nov 25, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၅ ရက် ၊ နိုဝင်ဘာ ၂၄ ရက်၊ တနင်္လာနေ့။


Posted on Nov 24, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၄ ရက် ၊ နိုဝင်ဘာ ၂၃ ရက်၊ တနင်္ဂနွေနေ့။


Posted on Nov 23, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၃ ရက် ၊ နိုဝင်ဘာ ၂၂ ရက်၊ စနေနေ့။


Posted on Nov 22, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၂ ရက် ၊ နိုဝင်ဘာ ၂၁ ရက်၊ သောကြာနေ့။


Posted on Nov 21, 2025
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးအဆင့်ရာထူး(၁၁)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့် နေ့ရက်၊ အချိန်နှင့် ခုံအမှတ်...

Posted on Nov 21, 2025

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးအဆင့်ရာထူး(၁၁)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့်နေ့ရက်၊ အချိန်နှင့် ခုံအမှတ် ထုတ်ပြန်ခြင်း

HOT NEWS
January 4,