ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ

ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / June 01, 2025
image_latest


နေပြည်တော် မေ ၃၁

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ် ကြီး သက်ပုံနှင့်တာဝန်ရှိသူများသည် စစ်ကိုင်းမြို့အတွင်း ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော စေတီပုထိုးများနှင့် သာသနိကအဆောက်အအုံများရှိ အပျက်အစီးများအား မိုးမကျမီ ဖယ်ရှားရှင်းလင်းနိုင်ရေးအတွက် စက်ယန္တရားအင်အားများတိုးချဲ့၍ အရှိန်အဟုန်မြှင့် ဖယ်ရှားရှင်းလင်းနေမှုများ၊ အဖွဲ့အစည်းအသီးသီးက စုပေါင်းလုပ်အားပေး ရှင်းလင်းဖယ်ရှားနေမှုများနှင့် ပြန်လည်ပြုပြင်မွမ်းမံနေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ စစ်ကိုင်းမြို့အတွင်း ရေစီးရေလာကောင်းမွန်စေရေးနှင့် မြို့သန့်ရှင်းသာယာ လှပရေးတို့အတွက် စစ်ကိုင်းမြို့ရှိ ရေနုတ်မြောင်းများအား ရှင်းလင်းနေမှု၊ ငလျင်ဘေးဒဏ်ကြောင့် လမ်းဘေးဝဲယာ အပြိုအပျက်များအား မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖယ်ရှားရှင်းလင်းနေမှုများ၊ ရွှေတောင်ဦးမော်ရပ်ရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးမှုမရှိသော ၁၈၇၄ ခုနှစ် ဇွန်လက အိမ်ရှေ့စံ ကနောင်မင်းသားကြီး တည်ဆောက်ခဲ့သည့် စစ်ကိုင်းသံချက်ဖို၊ ငလျင်ဘေးဒဏ်သင့် ပြည်သူများအတွက် တပ်မတော်ရေသန့်စက်ဖြင့် ဧရာဝတီမြစ်ရေကို သန့်စင်ပြီး ရေသန့်ထုတ်ဝေ ပေးနေမှုများနှင့် ပါရမီရပ်ကွက်ရှိ နှစ်(၇၀၀)ပြည့် အားကစားကွင်းတွင် ငလျင်ဘေးဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော အပျက်အစီးများကို ဖယ်ရှားရှင်းလင်းနေမှုအားကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးစိုးတင့်နိုင်နှင့် တာဝန်ရှိသူ များသည် မန္တလေးမြို့ အောင်မြေသာစံမြို့နယ်နှင့် အမရပူရမြို့နယ်တို့ရှိ ဘုရားစေတီများရှိ ငလျင်ဒဏ်သင့်၍ ပြိုကျပျက်စီးခဲ့သည့် အပျက်အစီးများအား ဖယ်ရှားရှင်းလင်းနေမှုနှင့် ပြန်လည်တည်ဆောက်ရေး ဆောင်ရွက်နေမှု၊ ချမ်းအေးသာစံမြို့နယ်ရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီး ခဲ့သော အန္တရာယ်ရှိ လူနေ အဆောက်အအုံများအားဖြိုချပြီး အပျက်အစီးများ အပြီးသတ်ရှင်းလင်းနေမှု၊ ဖြိုချဖျက်ဆီးဆဲ အန္တရာယ်ရှိအဆောက်အအုံများ၌ စက်ယန္တရားကြီးများအသုံးပြု၍ အင်တိုက်အားတိုက် ရှင်းလင်းရေး ဆောင်ရွက်နေမှု၊ အများပြည်သူအသုံးပြုမှုများသည့် လမ်းမကြီးများ၌ လမ်းပိတ်ဆို့မှုမဖြစ်ပေါ်စေရေးနှင့် အန္တရာယ်ကင်းစွာ သွားလာနိုင်ရေးတို့ကို လိုက်လံကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်သည် ကျောက်ဆည်မြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် ကျောက်ဆည်မြို့နယ်အတွင်းရှိ ငလျင်ဘေးသင့်ပြည်သူ ၂၀၇၃၃ ဦးအား ဆန်ရိက္ခာထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်၍ ထောက်ပံ့ပစ္စည်းများပေးအပ်ကာ ငလျင်ဘေးသင့် ပြည်သူများကိုအားပေးစကားပြောကြားသည်။

ထို့နောက် ကျောက်ဆည်မြို့ရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဘုရားစေတီများနှင့် သာသနိက အဆောက်အအုံများ၌ အပျက်အစီးများ ဖယ်ရှားရှင်းလင်းနေမှု၊ ကိုးပင်ကျေးရွာ အုပ်စုရှိ အင်ကုန်းဓာတ်အားခွဲရုံမှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေမှု၊ နှစ်ခန်းတွဲဝန်ထမ်းအိမ်ရာနှင့် ပစ္စည်းဂိုဒေါင်ပျက်စီးမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လုပ်အားပေးဆောင်ရွက်နေသူများအား စားသောက်ဖွယ်ရာများပေးအပ်ကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်ပြီး မြစ်သားမြို့နယ် ကူမဲမြို့ရှိ ရွှေဘုံသာကျောင်းဝင်းအတွင်းရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော ဘုရားစေတီများရှိ အပျက်အစီးများအား စက်ယန္တရားဖြင့် ရှင်းလင်းဆောင်ရွက်နေမှု၊ ကူမဲမြို့ရှိ ဗြဟ္မပါလလူမှုကူညီရေး အသင်းရုံးဝင်းအတွင်း၌ Modular House များဖြင့် ယာယီကျေးလက် ကျန်းမာရေးဆေးခန်း ဖွင့်လှစ်ဆောင်ရွက်နေမှုနှင့် ကူမဲမြို့အတွင်းရှိ ငလျင်ဘေးဒဏ်ကြောင့် ပျက်စီးသွားသော အဆောက်အအုံများကို ပြန်လည်ပြုပြင် တည် ဆောက်ရေးအတွက် လိုအပ်လျက်ရှိသော ဘိလပ်မြေ၊ သံချောင်းနှင့် အထပ်သားပြားများအား စက်ရုံထုတ်အထူးဈေးနှုန်းဖြင့် ရောင်းချပေးနေမှုများကို သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်


၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၈ ရက်၊ ဇွန် ၃ ရက်၊ အင်္ဂါနေ့။


Posted on Jun 03, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၇ ရက်၊ ဇွန် ၂ ရက်၊ တနင်္လာနေ့။


Posted on Jun 02, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၆ ရက်၊ ဇွန် ၁ ရက်၊ တနင်္ဂနွေနေ့။


Posted on Jun 01, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၅ ရက်၊ မေ ၃၁ ရက်၊ စနေနေ့။


Posted on May 31, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၄ ရက်၊ မေ ၃၀ ရက်၊ သောကြာနေ့။


Posted on May 30, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၃ ရက်၊ မေ ၂၉ ရက်၊ ကြာသပတေးနေ့။


Posted on May 29, 2025
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း

Posted on Jun 2, 2025

အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၈/၂၀၂၅)

Posted on May 30, 2025

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၈/၂၀၂၅)

HOT NEWS
January 4,