ငလျင်ဘေးဒဏ်သင့် အပြာရောင်အဆင့် သတ်မှတ်ထားသည့် ဝန်ထမ်းအိမ်ရာများ၌ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ ပြန်လည်ပြောင်းရွှေ့နေထိုင်မှုကြည့်ရှုစစ်ဆေး
ငလျင်ဘေးဒဏ်သင့် အပြာရောင်အဆင့် သတ်မှတ်ထားသည့် ဝန်ထမ်းအိမ်ရာများ၌ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ ပြန်လည်ပြောင်းရွှေ့နေထိုင်မှုကြည့်ရှုစစ်ဆေး
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / July 11, 2025

နေပြည်တော် ဇူလိုင် ၁၀
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးငလျင် ကြီးနှင့် နောက်ဆက်တွဲငလျင် ဒဏ်များကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ဝန်ထမ်းအိမ်ရာအဆောက်အအုံများတွင် သက်ဆိုင်ရာဌာနများမှ ကျွမ်းကျင်ပညာရှင်များက စစ်ဆေးအတည်ပြုပြီး အပြာရောင်အဆင့် သတ်မှတ်ထားသည့် ဝန်ထမ်းအိမ်ရာ အဆောက်အအုံများ၌ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ ပြန်လည်ပြောင်းရွှေ့ နေထိုင်နေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အပြာရောင်အဆင့် သတ်မှတ်ထားသော ဝန်ထမ်းအိမ်ရာ အဆောက်အအုံများဖြစ်သည့် ဇမ္ဗူသီရိမြို့နယ် ဝဏ္ဏသိဒ္ဓိရပ်ကွက် ဘူးကွဲအိမ်ရာရှိ တိုက်အမှတ်(၅၃၅၀)နှင့် တိုက်အမှတ်(၅၃၅၁)တို့တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ ပြန်လည်ပြောင်းရွှေ့ နေထိုင်နေမှုအခြေအနေများ၊ ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အအုံများကို တာဝန်ယူပြုပြင် ဆောင်ရွက်ပေးလျက်ရှိသည့် Myanmar Peach Co.,Ltd ၏ ပြုပြင်ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို လိုက်လံကြည့်ရှု စစ်ဆေးပြီး ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ အန္တရာယ်ကင်းရှင်းစေရေးနှင့် မိုးလုံလေလုံ ဖြင့် လုံလုံခြုံခြုံနေထိုင်နိုင်စေရေး၊ ရေ၊ မီးသုံးစွဲမှုများ အဆင်ပြေစေရေး၊ ရေလိုင်း၊ မီးလိုင်းများ ကောင်းမွန်စေရေးတို့အတွက် လိုအပ်သည်များအား ပြန်လည်ပြုပြင်ဆောင်ရွက်ပေးသွားရန် တာဝန်ရှိသူများကိုမှာကြားပြီး ဝန်ထမ်းများ၏ အခက်အခဲများနှင့် တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
ပြည်တွင်း/ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့် ထုခွဲရောင်းချရေးကော်မတီ
Posted on Jul 10, 2025ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနအတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ၊ ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် ရုံးသုံး/လုပ်ငန်းသုံး စက်ကိရိယာပစ္စည်းများဝယ်ယူရန် ပြည်တွင်း/ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီမှ (၁၀-၇-၂၀၂၅)ရက်နေ့၊ မွန်းလွဲ(၁၃:၀၀)နာရီ အချိန်တွင် စိစစ်ခဲ့သည့်ဈေးနှုန်းများအနက် အနည်းဆုံးပေးသွင်းသည့် အောက်ပါကုမ္ပဏီများမှ ယှဉ်တွဲပါ ဈေးနှုန်း၊ အရေအတွက်တို့ဖြင့် တင်ဒါအောင်မြင်ကြောင်းကို ပြန်ကြားရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးအမှတ်စဉ် (၉/၂၀၂၅)၏ အတည်ပြုချက်အရ ကြေညာအပ်ပါသည် -
ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ် စိစစ်သဘောတူညီချက်ပြန်ကြားဆောင်ရွက်ခြင်း(၂၄/၂၀၂၅)
Posted on Jul 10, 2025ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ် စိစစ်သဘောတူညီချက်ပြန်ကြားဆောင်ရွက်ခြင်း(၂၄/၂၀၂၅)
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ပြောင်းရွှေ့ခန့်ထားခြင်း
Posted on Jul 9, 2025ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ပြောင်းရွှေ့ခန့်ထားခြင်း