ငါန်းဇွန်မြို့နှင့် နွားထိုးကြီးမြို့ရှိ ကျေးရွာအချို့ကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၅ ဦးသေဆုံးပြီး နေအိမ်များ ပျက်စီးခဲ့သည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်သတင်းအမှားများ ရေးသားဖြန့်ဝေလျက်ရှိ

ငါန်းဇွန်မြို့နှင့် နွားထိုးကြီးမြို့ရှိ ကျေးရွာအချို့ကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၅ ဦးသေဆုံးပြီး နေအိမ်များ ပျက်စီးခဲ့သည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်သတင်းအမှားများ ရေးသားဖြန့်ဝေလျက်ရှိ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 02, 2025
image_latest


နေပြည်တော် ဇန်နဝါရီ ၂

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်နှင့် နွားထိုးကြီးမြို့နယ်ရှိ ကျေးရွာအချို့ကို ဒီဇင်ဘာ ၃၁ ရက်နေ့တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၅ ဦးသေဆုံးပြီး နေအိမ်များပျက်စီးခဲ့သည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် သတင်းတု၊ သတင်းအမှားများ ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူများ၏ ပြောကြားချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အကြမ်းဖက်သမားများ တရားမဝင် ဝင်ရောက်ခိုအောင်းနေထိုင်မှုမရှိစေရေးနှင့် နယ်မြေအေးချမ်းတည်ငြိမ်မှုရှိစေရေးအတွက် လုံခြုံရေးလုပ်ငန်းများကို နေ့ညမပြတ် ဆောင်ရွက်လျက်ရှိကြောင်း၊ အကြမ်းဖက်သမားများအနေဖြင့် အဆိုပါမြို့နယ်အတွင်း တည်ငြိမ်အေးချမ်းမှုမရှိစေရန်အတွက် လုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များကို ထိခိုက်ဒဏ်ရာရရှိအောင် ဒရုန်းများ အသုံးပြု၍ ဗုံးကျဲတိုက်ခိုက်မှုများ ဆောင်ရွက်လျက်ရှိပြီး ပြည်သူများ နေထိုင်ရာနယ်မြေများအတွင်း တိုက်ပွဲများ ဖော်ဆောင်ခြင်းနှင့် ရွံရှာစက်ဆုပ်ဖွယ် အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်ခြင်းများကြောင့် နယ်မြေခံပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ဥစ္စာများ ပျက်စီးဆုံးရှုံးရခြင်းဖြစ်ကြောင်း၊ တရားမဝင်အကြမ်းဖက်အားပေးပြည်ဖျက်မီဒီယာများက အကြမ်းဖက်သမားများ၏ ဥပဒေမဲ့လုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် ပြည်သူများ အထင်အမြင်လွဲမှားစေရန်ရည်ရွယ်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အပြစ်ပုံချကာ ယခုကဲ့သို့ မဟုတ်မမှန်သတင်းများ ရေးသားဖြန့်ဝေနေခြင်းဖြစ်ကြောင်း သတင်းရရှိသည်။


၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၇ ရက်၊ ဇန်နဝါရီ ၅ ရက်၊ တနင်္ဂနွေနေ့။


Posted on Jan 05, 2025

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၆ ရက်၊ ဇန်နဝါရီ ၄ ရက်၊ စနေနေ့။


Posted on Jan 04, 2025

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၅ ရက်၊ ဇန်နဝါရီ ၃ ရက်၊ သောကြာနေ့။


Posted on Jan 03, 2025

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၄ ရက်၊ ဇန်နဝါရီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Jan 02, 2025

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၃ ရက်၊ ဇန်နဝါရီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jan 01, 2025

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၂ ရက်၊ ဒီဇင်ဘာ ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Dec 31, 2024
HOT NEWS
January 4,