စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်နှင့် ချမ်းမြသာစည်မြို့နယ်တို့၌ လိုင်စင်မဲ့ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ ဖမ်းဆီး အရေးယူ

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်နှင့် ချမ်းမြသာစည်မြို့နယ်တို့၌ လိုင်စင်မဲ့ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ ဖမ်းဆီး အရေးယူ


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / March 09, 2026


     ၂၀၂၆ ခုနှစ်၊ မတ် ၇ ရက်က စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်နှင့် ချမ်းမြသာစည်မြို့နယ်တို့၌ လိုင်စင်မဲ့ မော် တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

     ဖြစ်စဉ်မှာ မတ် ၇ ရက် နံနက် ၉ နာရီ ၁၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ပြူကံရပ်ကွက်၊ “ရွှေဗျိုင်းဖြူ” စက်သုံးဆီဆိုင်ရှေ့၌ အမှတ်(၁၀၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များက ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မန္တလေး-မုံရွာကားလမ်းအတိုင်း ကလေးမြို့၊ အောင်မင်္ဂလာရပ်ကွက်နေ ဦးရွှေမန်းစိုး(၄၃)နှစ် မောင်းနှင်လာသည့် MDY-10/6P-XXXX SUBARU SAMBAR မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ အဆိုပါမော်တော်ယာဉ်နှင့်ပတ်သက်သည့် အ ထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ မော်တော်ယာဉ်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ရွှေမန်းစိုး အား စစ်ကိုင်းနယ်မြေရဲစခန်း(ပ)၂၇/ ၂၀၂၆၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် လည်းကောင်း။

     အလားတူ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၃) အရောက်၌ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၂၁)နေ ကိုစည်သူဖြိုး(၂၇)နှစ် မောင်းနှင်လာသည့် YGN-9/5H-XXXX TOYOTA MARK II မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ အဆိုပါမော်တော်ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ မော်တော်ယာဉ်ဖြစ်ကြောင်း စစ် ဆေးတွေ့ရှိရသဖြင့် စည်သူဖြိုး အား ပြင်ဦးလွင်မြို့မရဲစခန်း (ပ)၄၆/၂၀၂၆၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် လည်းကောင်း။ 

     ထို့အတူ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက်အရောက်၌ အဆိုပါရပ်ကွက်နေ ကိုအောင်ကြည်စိုး(၃၅)နှစ် မောင်းနှင်လာသည့် နံပါတ်မပါ KEN BO မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးခဲ့ရာ အဆိုပါမော်တော်ဆိုင်ကယ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ မော် တော်ဆိုင်ကယ်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အောင်ကြည်စိုး အား အောင်ပင်လယ်နယ်မြေရဲစခန်း (ပ)၄၀/၂၀၂၆၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် လည်း ကောင်း အသီးသီး အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။


၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။


Posted on Mar 09, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 08, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စ​နေနေ့။


Posted on Mar 07, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။


Posted on Mar 06, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။


Posted on Mar 05, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Mar 04, 2026
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

အများပြည်သူသို့ အသိပေးကြေညာခြင်း

Posted on Mar 7, 2026

အများပြည်သူသို့ အသိပေးကြေညာခြင်း

အများပြည်သူသို့ အသိပေးကြေညာ

Posted on Mar 7, 2026

အများပြည်သူသို့ အသိပေးကြေညာ

အများပြည်သူသို့ အသိပေးကြေညာ

Posted on Mar 7, 2026

အများပြည်သူသို့ အသိပေးကြေညာ