စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၌ စက်လှေတိမ်းမှောက်ခဲ့မှုကြောင့် အမျိုးသမီး နှစ်ဦး သေဆုံးကာ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၌ စက်လှေတိမ်းမှောက်ခဲ့မှုကြောင့် အမျိုးသမီး နှစ်ဦး သေဆုံးကာ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိ


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / March 16, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၌ တိမ်းမှောက်ခဲ့သည့် စက်လှေ၏ မှတ်တမ်းဓာတ်ပုံ။


     ၂၀၂၆ ခုနှစ်၊ မတ် ၁၄ ရက်က စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၌ စက်လှေတိမ်းမှောက်မှုခဲ့မှုကြောင့် အမျိုးသမီး နှစ်ဦး သေဆုံးကာ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

     ဖြစ်စဉ်မှာ မတ် ၁၄ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ချင်းတွင်းမြစ်အတွင်း၌ ကျွန်းရွှေဝါရပ်ကွက်နေ မြင့်လွင်ဦး(ခ)ရှမ်းကြီး(၅၈)နှစ် မောင်းနှင်သည့် စက်လှေသည် အမျိုးသမီး ခုနစ်ဦးအား တင်ဆောင်၍ ပိုးစားကုန်းကျေးရွာဘုရားပွဲသို့ သွားရောက်စဉ် ပိုးစာကုန်းကျေးရွာ ဘုန်းကြီး ကျောင်းဆိပ်အရောက်တွင် စက်လှေမှာ ရေဝင်၍ နစ်မြုပ်သွားခဲ့သဖြင့် စက်လှေပေါ်တွင် လိုက်ပါလာသည့် ပင်သာကျေးရွာနေ ဒေါ်နှင်းဇာလွင်(၃၅)နှစ်နှင့် တစ်ရွာတည်းနေ ဒေါ်စိန်လှ(၄၂)နှစ်တို့ သေဆုံးခဲ့ပြီး ဒေါ်ခင်စန်းတင့်(၄၄)နှစ်နှင့် ကျွန်းရွှေဝါရပ်ကွက်နေ ဒေါ်ခင်အေးရီ (၅၇)နှစ်တို့တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သောကြောင့် မြင့်လွင်ဦး(ခ)ရှမ်းကြီး အား ဖောင်းပြင်မြို့မရဲစခန်း (ပ)၁/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။


၁၃၈၇ ခုနှစ်၊ တပေါင်းလကွယ်နေ့ ၊ မတ် ၁၇ ရက်၊ အင်္ဂါနေ့။


Posted on Mar 17, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ၊ မတ် ၁၆ ရက်၊ တနင်္လာနေ့။


Posted on Mar 16, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 15, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စ​နေနေ့။


Posted on Mar 14, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။


Posted on Mar 13, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။


Posted on Mar 12, 2026
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

အမြဲတမ်းအတွင်းဝန်/ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း

Posted on Mar 16, 2026

အမြဲတမ်းအတွင်းဝန်/ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း

၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပြဋ္ဌာန်း

Posted on Mar 16, 2026

၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပြဋ္ဌာန်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အများပြည်သူသို့အသိပေးကြော်ငြာခြင်း

Posted on Mar 16, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အများပြည်သူသို့အသိပေးကြော်ငြာခြင်း