စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့သို့ရောက်ရှိနေသည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများအား မော်တော်ယာဉ်များဖြင့် ချင်းပြည်နယ်၊ ဖလမ်းမြို့သို့ဆက်လက်ပို့ဆောင်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့သို့ရောက်ရှိနေသည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများအား မော်တော်ယာဉ်များဖြင့် ချင်းပြည်နယ်၊ ဖလမ်းမြို့သို့ဆက်လက်ပို့ဆောင်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 26, 2026
image_latest


နေပြည်တော် မေ ၂၆

တပ်မတော်အနေဖြင့် ပြည်သူလူထုအေးချမ်းစွာနေထိုင်နိုင်ရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် မြို့နယ်၊ ကျေးရွာ၊ ဒေသအချို့တို့၌ အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter-Terrorism Operation) များကိုဆောင်ရွက်ကာ ချင်းပြည်နယ်ရှိ ဖလမ်း၊ တီးတိန်နှင့် တွန်းဇံဒေသများကို အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ လုပ်ငန်းကဏ္ဍများအလိုက် တာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့်အတူပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လိုအပ်သည့် ဘိလပ်မြေ၊ သွပ်၊ သွပ်ရိုက်သံအစရှိသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို မန္တလေးမြို့မှလည်းကောင်း၊ မိမိအရပ်ဒေသသို့ ပြန်လည်ဝင်ရောက်နေထိုင်ကြမည့် ဒေသခံပြည်သူများအတွက် လူသုံးကုန်ပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ ကျန်းမာရေးသုံးပစ္စည်းများကို နေပြည်တော်မှလည်းကောင်း မေ ၂၅ ရက်နေ့တွင် တပ်မတော်လေယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့ရာ ကလေးမြို့သို့ရောက်ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ကလေးမြို့သို့ရောက်ရှိနေသည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းသုံးပစ္စည်းများဖြစ်သည့် ဘိလပ်မြေ၊ သွပ်၊ သံများနှင့် လူမှုကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့ပေးအပ်သည့် လူသုံးကုန်ပစ္စည်းများကို ယနေ့နံနက်ပိုင်းတွင် ကလေးမြို့မှတစ်ဆင့် မော်တော်ယာဉ်များဖြင့် ဆက်လက်ပို့ဆောင်ရာ ညနေပိုင်းတွင် ဖလမ်းမြို့သို့ ရောက်ရှိခဲ့ကြောင်းသိရှိရသည်။

အဆိုပါ မော်တော်ယာဉ်များဖြင့် ရောက်ရှိလာသည့် ကုန်ပစ္စည်းများအား သက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး ဒေသခံပြည်သူများ၏ လက်ဝယ်အရောက် ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း၊ ပို့ဆောင်ရန်ကျန်ရှိသည့် မြို့များသို့လည်း ဆက်လက်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်အစိုးရအနေဖြင့် ဒေသ၏လိုအပ်ချက်အပေါ်မူတည်ပြီး ဖြည့်ဆည်းပေးနိုင်ရေး စဉ်ဆက်မပြတ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက် ၊ မေ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 27, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက် ၊ မေ ၂၆ ရက်၊ အင်္ဂါနေ့။


Posted on May 26, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက် ၊ မေ ၂၅ ရက်၊ တနင်္လာနေ့။


Posted on May 24, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၉ ရက် ၊ မေ ၂၄ ရက်၊ တနင်္ဂနွေနေ့။


Posted on May 24, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၈ ရက် ၊ မေ ၂၃ ရက်၊ စနေနေ့။


Posted on May 23, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။


Posted on May 22, 2026
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ

Posted on Jan 31, 2025

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ