စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က Drone ဖြင့် Drop Bomb များ၊ မီးရှို့ထားသည့် ဆိုင်ကယ်တာယာကွင်းများနှင့် ပိုးသတ်ဆေးရည် ထည့်ထားသော အိတ်များ ပစ်ချ တိုက်ခိုက်ခဲ့မှုကြောင့် လူနေအိမ် တစ်လုံး မီးလောင်ပျက်စီးဆုံးရှုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က Drone ဖြင့် Drop Bomb များ၊ မီးရှို့ထားသည့် ဆိုင်ကယ်တာယာကွင်းများနှင့် ပိုးသတ်ဆေးရည် ထည့်ထားသော အိတ်များ ပစ်ချ တိုက်ခိုက်ခဲ့မှုကြောင့် လူနေအိမ် တစ်လုံး မီးလောင်ပျက်စီးဆုံးရှုံး


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / June 28, 2025


     အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိစေရန်နှင့် အကြောက်တရားများ လွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ကွက်/ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းများနှင့် အများပြည်သူသွားလာ အသုံးပြုနေသည့် လမ်းများပေါ်၌ မိုင်းထောင် ထားခြင်း၊ ဖောက်ခွဲခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိသည်။

     ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၂၆ ရက် ညနေ ၄ နာရီတွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က အများပြည်သူ ထိခိုက်စေရန် ရည်ရွယ်၍ Drone ဖြင့် Drop Bomb များ၊ မီးရှို့ထားသည့် ဆိုင်ကယ်တာယာကွင်း များနှင့် ပိုးသတ်ဆေးရည် ထည့်ထားသော အိတ်များအား ပစ်ချတိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်း Drop Bomb များ ကျရောက်ပေါက်ကွဲကာ ပိုးသတ်ဆေးရည်အစိမ်းရောင်များ ကျရောက်ပြန့်နှံ့ခဲ့ပြီး မီးရှို့ထားသည့် ဆိုင်ကယ်တာယာကွင်းများမှ မီးစွဲလောင်မှုကြောင့် လူနေအိမ် တစ်လုံး မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြောင်းနှင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။

     ထိုသို့ PDF အမည်ခံ အကြမ်းဖက်သမားများက အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော ကျေးရွာအတွင်းသို့ Drone ဖြင့် Drop Bomb များ၊ မီးရှို့ထားသည့် ဆိုင်ကယ် တာယာကွင်းများနှင့် ပိုးသတ်ဆေးရည် ထည့်ထားသော အိတ်များအား ပစ်ချတိုက်ခိုက်မှုများကို ဆင်ခြင်တုံတရား ကင်းမဲ့စွာ ပြုလုပ်ခဲ့မှုများကြောင့် လူနေအိမ် တစ်လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့် လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိပါသည်။


၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၄ ရက် ၊ ဇွန် ၂၈ ရက်၊ စနေနေ့။


Posted on Jun 28, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၃ ရက် ၊ ဇွန် ၂၇ ရက်၊ သောကြာနေ့။


Posted on Jun 27, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၂ ရက် ၊ ဇွန် ၂၆ ရက်၊ ကြာသပတေးနေ့။


Posted on Jun 26, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁ ရက် ၊ ဇွန် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jun 25, 2025

၁၃၈၇ ခုနှစ်၊ နယုန်လကွယ်နေ့ ၊ ဇွန် ၂၄ ရက်၊ အင်္ဂါနေ့။


Posted on Jun 24, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၃ ရက်၊ ဇွန် ၂၃ ရက်၊ တနင်္လာနေ့။


Posted on Jun 22, 2025
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း

Posted on Jun 28, 2025

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ စက်ပစ္စည်းများဝယ်ယူရေးအတွက် ( ၁၉ - ၆ - ၂၀၂၅) ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်တွင်း/ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့် ထုခွဲရောင်းချရေးကော်မတီမှ ဈေးနှုန်းစိစစ်ခဲ့ရာ ဖော်ပြပါကုမ္ပဏီများမှ ဈေးနှုန်းအနည်းဆုံးဖြင့် မှတ်တမ်းတင်ထားရှိပါသည် -

အများပြည်သူသို့ အသိပေးကြေညာချက်

Posted on Jun 25, 2025

၁။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အစိုးရရုံး/ဌာနများတွင် ဝန်ဆောင်မှုရယူကြသည့် ပြည်သူများ၏ တယ်လီဖုန်းနံပါတ်များသို့ Short Code နံပါတ် "1111” အသုံးပြု၍ SMS မှတစ်ဆင့် ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့်မေးခွန်းများမေးမြန်းခြင်းဖြင့် တုံ့ပြန်မှုများရယူနိုင်ရန် အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် (Public Feedback Programme - PFP) " ကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။