စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်၌ နေထိုင်ကြသူများအနေဖြင့် လွတ်လပ်စွာ နေထိုင်လုပ်ကိုင်စားသောက်ပြီး အေးချမ်းစွာနေထိုင်လျက်ရှိသည့် အခြေအနေနှင့် စပ်လျဉ်း၍ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဦးနှင့် နိုင်ငံတော်အစိုးရ၏ နေထိုင်ရေး၊ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများအတွက် စီမံဆောင်ရွက်ပေးမှုများနှင့် စပ်လျဉ်း၍ ဆေးသမားကြီးကျေးရွာ​နေ ဒေါ်တင်နီရွှေ (ခေါ် ) နန်ရောင်စောရတို့၏ ပြောကြားချက်များ

စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်၌ နေထိုင်ကြသူများအနေဖြင့် လွတ်လပ်စွာ နေထိုင်လုပ်ကိုင်စားသောက်ပြီး အေးချမ်းစွာနေထိုင်လျက်ရှိသည့် အခြေအနေနှင့် စပ်လျဉ်း၍ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဦးနှင့် နိုင်ငံတော်အစိုးရ၏ နေထိုင်ရေး၊ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများအတွက် စီမံဆောင်ရွက်ပေးမှုများနှင့် စပ်လျဉ်း၍ ဆေးသမားကြီးကျေးရွာ​နေ ဒေါ်တင်နီရွှေ (ခေါ် ) နန်ရောင်စောရတို့၏ ပြောကြားချက်များ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 26, 2026
image_latest


ရခိုင်ပြည်နယ် စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်၌ နေထိုင်ကြသူများအနေဖြင့် လွတ်လပ်စွာ နေထိုင်လုပ်ကိုင်စားသောက်ပြီး အေးချမ်းစွာနေထိုင်လျက်ရှိသည့် အခြေအနေနှင့် စပ်လျဉ်း၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စစ်တွေခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဦးနှင့် နိုင်ငံတော်အစိုးရ၏ နေထိုင်ရေး၊ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများအတွက် စီမံဆောင်ရွက်ပေးမှုများနှင့် စပ်လျဉ်း၍ စစ်တွေမြို့ ဆေးသမားကြီးကျေးရွာ​နေ ဒေါ်တင်နီရွှေ (ခေါ်) နန်ရောင်စောရတို့၏ ပြောကြားချက်များကို ဖော်ပြအပ်ပါသည်။

ဦးအောင်နိုင်ဦး (ညွှန်ကြားရေးမှူး) ခရိုင်အုပ်ချုပ်ရေးမှူး၊ စစ်တွေခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

ကျွန်တော်တို့ အခုအောင်မင်္ဂလာရပ်ကွက်မှာ ရောက်နေတာ ဖြစ်ပါတယ်၊၊ ဒီမှာ တွေ့မြင်နေရတာတော့ အောင်မင်္ဂလာရပ်ကွက် စာသင်ကျောင်းပဲဖြစ်ပါတယ်၊၊ အောင်မင်္ဂလာရပ်ကွက်ထဲမှာ အစိုးရစာသင်ကျောင်းတစ်ကျောင်းနဲ့ အာရဗီစာသင်ကျောင်း နှစ်ကျောင်းရှိပါတယ်၊၊ လက်ရှိရောက်ရှိနေတဲ့ အစိုးရကျောင်းထဲမှာလည်း ရပ်ကွက်ထဲက ကျောင်းသား ကျောင်းသူတွေကို ပညာသင်ကြားနေတာဖြစ်သလို ဆရာ ဆရာမတွေလည်း အင်ပြည့်အားပြည့်သင်ကြားပေးနေတာဖြစ်ပါတယ်၊၊ ကျွန်တော်တို့ ဒီရပ်ကွက်အတွင်းမှာ ၂၀၁၂ ခုနှစ် ပဋိပက္ခနောက်ပိုင်း ၂၀၁၃-၂၀၁၄ မှာတော့ ရပ်ကွက်ပြည်သူတွေ လုံခြုံရေးအတွက် အပြင်မှာ လုံခြုံရေးစောင့်ပေးတာရှိတယ်၊ ဂိတ်တွေချထားတာရှိပါတယ်၊၊

၂၀၁၄ ခုနှစ် နောက်ပိုင်းမှာတော့ ဂိတ်တွေပြန်လည်ဖယ်ရှားပြီး ပြည်သူတွေလွတ်လပ်စွာ သွားလာနေကြပြီပဲဖြစ်ပါတယ်၊၊ ဘာအတားအဆီးမှ ချထားတာမရှိပါဘူး၊၊ အလားတူပဲ ကျွန်တော်တို့ ဒီနားမှာလည်း စည်ကားတဲ့ဈေးတစ်ခုရှိပါတယ်၊၊ ဈေးနာမည်ကတော့ ရပ်ကွက်နေ ဒေသခံတွေက ဒီမိုကရေစီဈေးလို့ အမည်ပေးထားတဲ့ဈေး ဖြစ်ပါတယ်၊၊ ဒီအချိန်အခါမှာတော့ ဒီရပ်ကွက်အတွင်းမှာ စစ်တွေမြို့မှာရှိတဲ့ ရခိုင်တိုင်းရင်းသားတွေ၊ အခြားတိုင်းရင်းသားလူမျိုးတွေ၊ ဘင်္ဂါလီလူမျိုးတွေလွတ်လွတ်လပ်လပ်သွားလာနေတဲ့နေရာ ဖြစ်ပါတယ်၊၊

ဒီစာသင်ကျောင်းလေးမှာ မြေကွက်လပ်တစ်ခုရှိပါတယ်။ ထပ်ပြီးတိုးချဲ့ဖို့ စီမံဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ ကျွန်တော်တို့ ရောက်ရှိနေတာက အောင်မင်္ဂလာရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်းဖြစ်ပါတယ်။ ဒီကျောင်းမှာက ရပ်ကွက်ထဲက ကျောင်းသား ကျောင်းသူတွေ ပညာသင်ကြားနေတာဖြစ်ပါတယ်။ ထပ်မံပြီးတော့ ဒီဘက်အဆောက်အအုံတိုးချဲ့ဖို့ မြေကွက်လပ်မှာ ကျောင်းဆောင်အသစ်ဆောက်လုပ်နိုင်ဖို့လည်း စီမံဆောင်ရွက်နေတာရှိပါတယ်၊၊ ကျွန်တော်တို့ ရောက်ရှိနေတာက စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်ထဲမှာရှိတဲ့ ဈေးဖြစ်ပါတယ်။ ဈေးနာမည်က ဒီမိုကရေစီဈေးဖြစ်ပါတယ်၊၊ ဒီဈေးထဲမှာ ရပ်ကွက်ထဲမှာရှိတဲ့ ဘင်္ဂါလီလူမျိုးတွေ ရောင်းဝယ်ဖောက်ကားနေတာရှိသလို ရခိုင်တိုင်းရင်းသားတွေ၊ အခြားတိုင်းရင်းသားတွေလည်း ရောင်းဝယ်ဖောက်ကားနေကြတာ ဖြစ်ပါတယ်၊၊ ဒီမှာတော့ အခုလိုပဲလွတ်လပ်အေးချမ်းစွာနဲ့ သွားလာလှုပ်ရှားနေကြတာ ဖြစ်ပါတယ်၊၊

ဒေါ်တင်နီရွှေ (ခေါ်) နန်ရောင်စောရ ဆေးသမားကြီးကျေးရွာ၊ စစ်တွေမြို့

ကျွန်မ ဒီမှာနေတာ နှစ်ပေါင်းသုံးဆယ်လောက်ရှိပါပြီ။ အိမ်ထောင်သည်ပါ၊ ကလေးလေးယောက်ရှိပါတယ်။ ဆေးဝါးကုသမှုအခြေအနေက အစိုးရအဖွဲ့ဆီကနေ ဆေးဝါးကုသမှုခံယူလို့ရပါတယ်။ အစိုးရ ကျန်းမာရေးဌာနက တစ်လတစ်ကြိမ် ကလေးတွေကို ကာကွယ်ဆေးထိုးပေးတာမျိုးရှိပါတယ်။ လူနာဆိုရင်လည်း တစ်ပတ်တစ်ခါ၊ ဆယ့်ငါးရက်တစ်ခါ လာပြီးတော့ ဆေးကုသမှုပေးလေ့ရှိပါတယ်။ ကျွန်မတို့ လွတ်လွတ်လပ်လပ် ကုသခွင့်ရပါတယ်။ လုံခြုံရေးအနေနဲ့ဆိုရင် ကျွန်မတို့မှာ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေရှိပါတယ်။ သူတို့ကကာကွယ်ပေးပါတယ်။ အကူအညီလိုအပ်လို့ သူတို့ဆီသွားပြောတဲ့အခါ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးတာမျိုးရှိပါတယ်။ သူတို့ဆီက အကောင်းဆုံးအကူအညီတွေ ရပါတယ်။ အစိုးရအဖွဲ့ကလည်း အကောင်းဆုံးကူညီဆောင်ရွက်ပေးတာမျိုးရှိပါတယ်။ ကျွန်မအလုပ်က ကျပန်းပါ။ ဒါပေမယ့် အဆင်ပြေပါတယ်။ ကျွန်မယောကျာ်းကလည်း ကျပန်းပါ။ လုံးဝလွတ်လွတ်လပ်လပ်ရှိပါတယ်။ ဘာအနှောင့်အယှက်မှ မရှိပါဘူး။ အစိုးရအဖွဲ့ကလည်း လွတ်လွတ်လပ်လပ်နေလို့ရအောင် လုပ်ပေးပါတယ်။ အဆင်ပြေပါတယ်။

ကျန်းမာရေးအခြေအနေဆိုရင် ကျန်းမာရေးဌာနကခုနက ပြောသလိုမျိုး ကာကွယ်ဆေးတစ်လတစ်ကြိမ်လာပြီး ကာကွယ်ဆေးထိုးပေးတာမျိုး၊ ကိုယ်ဝန်ဆောင်ဆိုရင် ကာကွယ်ဆေးထိုးပေးတာမျိုးရှိပါတယ်။ ကလေးဆိုရင်ကလေးနှစ်လပြည့်တဲ့အခါ ကာကွယ်ဆေးထိုးပေးတာမျိုးရှိပါတယ်။ တကယ့်အရေးပေါ်ဆိုရင် အစိုးရအဖွဲ့က ဆေးကုသမှုပေးတာမျိုးရှိပါတယ်။ အဲဒီမှာသွားပြီးတော့ လွတ်လွတ်လပ်လပ်ကုသလို့ရပါတယ်။

ပညာရေးကဏ္ဍဆိုရင် ကျွန်မတို့ဆေးသမားကြီးရွာမှာ မူလတန်းလွန်ကျောင်းရှိပါတယ်။ ခုနစ်တန်းအထိ မူလတန်းလွန်ကျောင်းမှာ ပညာသင်လို့ရပါတယ်။ ၈ တန်း၊ ၉ တန်း၊ ၁၀ တန်းဆိုရင်တော့ သက္ကယ်ပြင်မှာ အစိုးရကျောင်းဖွင့်ထားတာရှိပါတယ်။ အဲဒီကျောင်းမှာ သွားပြီးတော့ လွတ်လွတ်လပ်လပ်တက်လို့ရပါတယ်။ နိုင်ငံသားကတ်ပြားဆိုရင် ၂၀၁၇ ခုနှစ်မှာတော့ စီမံချက်အနေနဲ့ အစိုးရအဖွဲ့လဝကကလာပြီးတော့ လုပ်ပေးတာမျိုးရှိပါတယ်။ ရထားတဲ့လူလည်းရှိပါတယ်။ မရတဲ့လူလည်းရှိပါတယ်။ ကျွန်မကတော့ လျှောက်ထားဆဲပါ။ ကျွန်မတို့ရမယ်လို့ မျှော်လင့်ပါတယ်။ ရွေးကောက်ပွဲမဲပေးဖို့တော့ ကျွန်မမှာမရှိပါဘူး။ ဒါပေမယ့် ကျွန်မသွားကြည့်ပါတယ်။

သတင်းအဖွဲ့


၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၉ ရက် ၊ ဇန်နဝါရီ ၂၆ ရက်၊ တနင်္လာနေ့။


Posted on Jan 26, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် ၊ ဇန်နဝါရီ ၂၅ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Jan 25, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် ၊ ဇန်နဝါရီ ၂၄ ရက်၊ စ​နေနေ့။


Posted on Jan 24, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက် ၊ ဇန်နဝါရီ ၂၃ ရက်၊ သောကြာနေ့။


Posted on Jan 23, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၅ ရက် ၊ ဇန်နဝါရီ ၂၂ ရက်၊ ကြာသပတေးနေ့။


Posted on Jan 22, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက် ၊ ဇန်နဝါရီ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jan 21, 2026