စားရေရိက္ခာဖူလုံရေး၊ ပို့ကုန်တိုးတက်ထုတ်လုပ်ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးကြိုးပမ်း
စားရေရိက္ခာဖူလုံရေး၊ ပို့ကုန်တိုးတက်ထုတ်လုပ်ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးကြိုးပမ်း
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / December 22, 2024
နေပြည်တော် ဒီဇင်ဘာ ၂၁
လယ်ယာကဏ္ဍဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာနညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး\ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးများ၊ ဆီထွက်သီးနှံအထူးဇုန်တာဝန်ခံများနှင့် သင်တန်းကျောင်းတာဝန်ခံများ တက်ရောက်ကြသည်။
ဆွေးနွေးပြောကြား
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ပြည်တွင်းစားရေရိက္ခာဖူလုံရေး၊ ပြည်ပပို့ကုန် တိုးတက်ထုတ်လုပ်ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး အတွက် လယ်ယာကဏ္ဍဖွံ့ဖြိုးရေးကို နိုင်ငံတော်အစိုးရက မူဝါဒများ ချမှတ်ဆောင်ရွက်ပေးခြင်းနှင့်အတူ လိုအပ်ချက်များကိုလည်း ဘက်စုံကဏ္ဍစုံမှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဝန်ကြီးဌာန၏ စီမံဆောင်ရွက်မှုနှင့် သက်ဆိုင်ရာ ဒေသအာဏာပိုင်များ၏ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် လယ်ယာကဏ္ဍ၏ စိုက်ပျိုးထုတ်လုပ်မှု သိသာစွာတိုးတက်ပြောင်းလဲလာရေး ကြိုးပမ်းဆောင်ရွက်ရာတွင် တောင်သူများနှင့် အနီးကပ်ထိတွေ့ဆောင်ရွက်ကြရသည့် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ် စိုက်ပျိုးရေးဦးစီး ဌာနမှူးများ၏ စွမ်းဆောင်နိုင်မှု အရည်အချင်းသည် အဓိကကျသဖြင့် မျိုး၊ မြေ၊ ရေ၊ နည်းပညာ ဆိုင်ရာ လုပ်ငန်းများနှင့်အတူ သီးနှံများ အထွက်နှုန်းတိုးတက်ရေး၊ အရည်အသွေးကောင်းမွန်စေရေး၊ ဈေးကွက်ခိုင်မာရေး၊ ဈေးကောင်းရရှိရေးအပါအဝင် တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်လိုစိတ်ကို ထိရောက်စွာ မြှင့်တင်ပေးနိုင်မည့် တောင်သူအကျိုးစီးပွား ဖြစ်ထွန်းစေရေး အစီအမံများထည့်သွင်း ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြား သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးများက လယ်ယာကဏ္ဍ တိုးတက်ရေးအတွက် သက်ဆိုင်ရာဌာနများ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ ဘဏ္ဍာရေးဆိုင်ရာစည်းမျဉ်း စည်းကမ်းများ တိကျစွာ လိုက်နာဆောင်ရွက်ရေး၊ ဌာနပိုင်အဆောက်အအုံများ ငှားရမ်းရေးလုပ်ငန်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ကြပ်မတ်ဆောင်ရွက်ရေး၊ နိုင်ငံ့ဝန်ထမ်းများ၊ ပညာရှင်များ၊ သုတေသီများနှင့် တောင်သူများအကြား စဉ်ဆက်မပြတ် ထိတွေ့ဆောင်ရွက်နိုင်ရေးအတွက် ဒစ်ဂျစ်တယ် ဆက်သွယ်ရေး နည်းပညာကို အကျိုးရှိထိရောက်စွာ အသုံးချနိုင်ရေး ဆွေးနွေးပြောကြားကြသည်။
ဆက်လက်၍ အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်များ၊ အစည်းအဝေးသို့ တက်ရောက်လာကြသူများက ဆန်စပါးနှင့် ဆီထွက်သီးနှံအပါအဝင် အဓိကသီးနှံများ ပန်းတိုင်အထွက်ရရှိရေး၊ စက်မှုကုန်ကြမ်းသီးနှံနှင့် ဈေးကွက်ရှိ သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ သီးနှံအလိုက် စိုက်ဧကနှင့် အထွက်နှုန်းဆိုင်ရာ အခြေခံစာရင်းဇယားကိန်းဂဏန်းများ တိကျမှန်ကန်ရေးဆိုင်ရာများကို တင်ပြဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၂၂ ရက်၊ တနင်္ဂနွေနေ့။
Posted on Dec 22, 2024
၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် ၆-၁၂-၂၀၂၄ ရက်နေ့မှ ၁၀.၁၂.၂၀၂၄ ရက်နေ့အထိ ဆုတံဆိပ်ရရှိမှုအခြေအနေ
Posted on Dec 21, 2024အခြေခံသံတမန်ရေးရာကျွမ်းကျင်မှုသင်တန်းအမှတ်စဉ်(၄၆/၂၀၂၄)သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ
Posted on Dec 13, 2024အခြေခံသံတမန်ရေးရာကျွမ်းကျင်မှုသင်တန်းအမှတ်စဉ်(၄၆/၂၀၂၄)သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ
ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက်ပြန်ကြားဆောင်ရွက်ခြင်း(၄၉/၂၀၂၄)
Posted on Dec 20, 2024ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက်ပြန်ကြားဆောင်ရွက်ခြင်း(၄၉/၂၀၂၄)