စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ် (မအူပင်) ပထမနှစ်သင်တန်း စတင်ဖွင့်လှစ်
စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ် (မအူပင်) ပထမနှစ်သင်တန်း စတင်ဖွင့်လှစ်
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / November 26, 2025
နေပြည်တော် နိုဝင်ဘာ ၂၅
နိုင်ငံတော်၏ စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍအတွက် လိုအပ်လျက်ရှိသည့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုစေရန် အောက်မြန်မာပြည်တွင် အသစ်ဖွင့်လှစ်လိုက်သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ် (မအူပင်) ၏ ပထမနှစ်သင်တန်းများကို စတင်သင်ကြားပို့ချလျက်ရှိရာ နိုဝင်ဘာ ၂၄ ရက်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် တာဝန်ရှိသူများက သင်ကြားသင်ယူရေးဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးကြ သည်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ် စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ် ဘွဲ့ကြိုသင်တန်း ပထမနှစ်ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက တောင်သူလယ်သမားများ၊ ထုတ်လုပ်သူလုပ်ငန်းရှင်များ အားကိုးအားထားပြုရသည့် စိုက်ပျိုးမွေးမြူရေးပညာရှင်များ ဖြစ်စေရေးအတွက်ဆိုင်ရာ ဘာသာရပ်များကို စနစ်တကျကြိုးပမ်းလေ့လာသင်ယူသွားကြရန်နှင့် သုတေသနကို အခြေခံသော သင်ကြားသင်ယူမှုပြုလုပ်ရန်အတွက် Center Excellence ဖြစ်အောင် ကြိုးစားကြစေလိုကြောင်း၊ ကျောင်းသားဗဟိုပြုစနစ်နှင့် တီထွင်သင်ကြားပေးရန်လိုအပ်ကြောင်း၊ ခေတ်မီ IT နည်းပညာများကို မျက်ခြည်မပြတ်လေ့လာဆည်းပူးကြရန်၊ အားကစားနှင့် ဘက်စုံဖွံ့ဖြိုးရေးအပြင် စိတ်ဓာတ်စည်းကမ်းပညာပြည့်စုံသော လူချွန်လူကောင်းများဖြစ်စေရေး ကြိုးပမ်းသွားကြရန် အားပေးစကားပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ဘာသာရပ်အလိုက် စာသင်ခန်းများ၊ ဓာတ်ခွဲခန်းများနှင့် စာကြည့်တိုက်တို့ကို ကြည့်ရှုစစ်ဆေးသည်။ အလားတူ ကျောင်းအိပ်ဆောင်များနှင့် စားရိပ်သာတို့ကို ကြည့်ရှုစစ်ဆေးပြီး ကျောင်းသား ကျောင်းသူများနှင့်အတူ နေ့လယ်စာသုံးဆောင်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လစ်လပ်လျက်ရှိသောရာထူးနေရာများအတွက် လျှောက်လွှာခေါ်ယူခြင်း
Posted on Nov 26, 2025သမဝါယမကောလိပ် (မန္တလေး၊ ဖောင်ကြီး) တို့တွင် ကျောင်းအပ်လက်ခံမည့်ရက်နှင့် ကျောင်းစတင်ဖွင့်လှစ်မည့်ရက် ထုတ်ပြန်ကြေညာ
Posted on Nov 19, 2025နေပြည်တော် နိုဝင်ဘာ ၁၉
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးအဆင့်ရာထူး(၁၁)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့် နေ့ရက်၊ အချိန်နှင့် ခုံအမှတ်...
Posted on Nov 21, 2025တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးအဆင့်ရာထူး(၁၁)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့်နေ့ရက်၊ အချိန်နှင့် ခုံအမှတ် ထုတ်ပြန်ခြင်း
