စီးပွားရေးအားကောင်းအောင်ကြိုးပမ်း နိုင်ငံတော်နှင့် ပြည်သူအကျိုးသယ်ပိုးနိုင်
စီးပွားရေးအားကောင်းအောင်ကြိုးပမ်း နိုင်ငံတော်နှင့် ပြည်သူအကျိုးသယ်ပိုးနိုင်
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 22, 2025
နိုင်ငံတစ်နိုင်ငံသည် မည်သည့်အခြေအနေတွင်ရှိသည်ဖြစ်စေ စီးပွားရေး သို့မဟုတ် ဓနဥစ္စာပြည့်စုံရေးကို ဆောင်ရွက်နေကြရသည်။ နိုင်ငံတွင် မည်သို့ပင်အခက်အခဲများ၊ စိန်ခေါ်မှုများရှိသော်ငြားလည်း စီးပွားရေးတိုးတက်ပါမှ အရာရာကို ကျော်ဖြတ်နိုင်မည်ဖြစ်သည်။ နိုင်ငံ၏ စီးပွားရေးအားကောင်းမှသာလျှင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကာကွယ်ရေး စသည့်အဘက်ဘက်တို့တွင် အားကောင်းလာမည်ဖြစ်၍ နိုင်ငံ့စီးပွားရေးအားကောင်းလာအောင် အားလုံးတက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။
နိုင်ငံ့စီးပွားရေးတိုးတက်မြင့်မားလာပါက နိုင်ငံတည်ဆောက်ရေး၊ ဖွံ့ဖြိုး တိုးတက်ရေးကို ထိရောက်စွာဆောင်ရွက်နိုင်သည့်အပြင် ပြည်သူလူထု၏လိုအပ်ချက်များ၊ အခက်အခဲများ၊ သက်သာချောင်ချိမှုများကိုပါ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် မဖြစ်မနေကြိုးပမ်းဆောင်ရွက် ကြရမည်ဖြစ်သည်။ ပြည်သူလူထုလိုအပ်ချက်များကို ဖြည့်ဆည်းပေးရာ၌ အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများကြောင့် ယာယီနေရပ်စွန့်ခွာနေကြရသည့် ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးရန်ပုံငွေမှ ထောက်ပံ့မှုများမှာ လက်ရှိကာလ ဦးစားပေးအစီအစဉ်တစ်ခုဖြစ်သည်။
နိုင်ငံ့စီးပွားရေးတိုးတက်လာစေရန်အတွက် ပညာတတ်နှင့် ကျွမ်းကျင်သူလူသားအရင်းအမြစ်များလိုအပ်သည်။ အဆိုပါလူသားအရင်းအမြစ်များရရှိရန်အတွက် ပညာရေးကဏ္ဍကို မြှင့်တင်ပေးရသည်။ ပညာရေးကိုမြှင့်တင်ရာ၌ နိုင်ငံ၏လူမှုဘဝအခြေအနေအရ KG+9 အထိ မသင်မနေရပညာရေးစနစ်ကို အကောင်အထည်ဖော်လျက်ရှိသည်။ ထို့ပြင် စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသည့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံ့စီးပွားရေးနှင့် ပြည်သူတို့၏ လူမှုစီးပွားရေးဘဝများလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။ ထို့ကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် နည်းပညာအထက်တန်းကျောင်း ၈၅ ကျောင်းအထိ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့သည်။ အဆိုပါကျောင်းများတွင် KG+9 ပြီးဆုံးသူများ တက်ရောက်နိုင်သည်။
မြန်မာနိုင်ငံအနေဖြင့် ခေတ်မီစိုက်ပျိုးမွေးမြူရေးစနစ်သို့ သွားနိုင်ရန်အတွက် ဦးစွာသမားရိုးကျစိုက်ပျိုးမွေးမြူရေးစနစ်များအစား စနစ်ကျနသည့် စိုက်ပျိုးမွေးမြူရေးသို့သွားရန်လိုသည်။ ၎င်းစနစ်အတွက် လူသားအရင်းအမြစ်များလိုအပ်သည်။ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် စိုက်ပျိုးမွေးမြူရေးကဏ္ဍတွင် ကျွမ်းကျင်မှုရှိသည့် လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေးကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် ဒေသအလိုက်ရှိပြီးဖြစ်သည့် ထိန်းသိမ်းရန်လိုအပ်သည့် မြန်မာ့ယဉ်ကျေးမှု အတတ်ပညာရပ်များကိုလည်း ဆက်လက်ထိန်းသိမ်း နိုင်ရန်အတွက် လူသားအရင်းအမြစ်များ လိုအပ်လျက်ရှိသည်။ စီးပွားရေးတိုးတက်ရန်အတွက် စီးပွားရေးပညာရှင်များကိုလည်း မွေးထုတ်ပေးရမည်ဖြစ်သည်။
ထို့ကြောင့် နိုင်ငံအတွက် အခြေခံလိုအပ်သည့် အသိပညာရှင်၊ အတတ်ပညာရှင် လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန် အသိပညာ၊ အတတ်ပညာများ သင်ကြားနေကြသည့် ကျောင်းသားကျောင်းသူများအား နိုင်ငံတော်က ပညာသင်စရိတ်များကို ချီးမြှင့်ပေးသွားမည်ဟု သိရသည်။ လူသားအရင်းအမြစ်များ အဆက်မပြတ်စေရန်အတွက် ကျောင်းနေအရွယ် ကျောင်းသားကျောင်းသူများ ကျောင်းတက်ရောက်နိုင်ရေးကို နိုင်ငံတော်အစိုးရက နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် နည်းပညာတက္ကသိုလ်များကို ထပ်မံတိုးချဲ့ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိသည်။
နိုင်ငံ့စီးပွားတိုးတက်ရေးအတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME)လုပ်ငန်းများကို အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိသည်။ အရည်အသွေးပြည့်မီပြီး အဆင့်အတန်းမြင့်မားသော ထုတ်ကုန်များထုတ်လုပ်လာမည်ဆိုပါက စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများကို ပြည်တွင်း၌ တွင်ကျယ်စွာအသုံးပြုလာကြပြီး နိုင်ငံခြားငွေကုန်ကျမှုများကို လျှော့ချနိုင်မည်ဖြစ်သည်။ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးသည် ပြည်တွင်းစီးပွားရေး အားကောင်းမှုအပေါ်တွင်မူတည်သဖြင့် ပြည်တွင်းထုတ်ကုန်ပစ္စည်းများ အရည်အသွေးမြင့်မားရေး၊ အခြားနိုင်ငံများ၏ ထုတ်ကုန်များနည်းတူ အဆင့်အတန်းမီရေးအတွက် နိုင်ငံတော်အစိုးရ၏ ကူညီပံ့ပိုးပေးမှုများကိုရယူ၍ အဆင့်အတန်းမြင့်မားလာအောင် ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်သည်။
လက်ရှိတွင် ဆီထွက်သီးနှံအမျိုးမျိုးကို ကြိတ်ခွဲပေးနိုင်သည့် ဆီစက် ၅၀၀၀ ခန့်ပြန်လည်လည်ပတ်နေပြီဖြစ်၍ ပြည်တွင်း၌ ဆီဖူလုံမှုရှိလာနိုင်ပြီး ပြည်ပမှတင်သွင်းမှုကို လျှော့ချနိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံမှ ထွက်ရှိသောဆန်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဝယ်ယူရန်ကမ်းလှမ်းခဲ့ပြီး ဆန်တန်ချိန်အမြောက်အမြားကို အသုတ်လိုက်တင်ပို့နေသည်။ မြန်မာနိုင်ငံတွင် စီးပွားရေးအရအလားအလာကောင်းများရှိသလို စိန်ခေါ်မှုများလည်း များစွာရှိနေသေးသည်။ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်နိုင်ငံအနေဖြင့် ရေခံမြေခံအခြေခံနှင့် အရင်းအမြစ်များရှိပြီးဖြစ်၍ နည်းပညာ၊ အတတ်ပညာ၊ အရင်းအနှီးပံ့ပိုးမှုအားများကိုယူကာ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်လာအောင် အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။
၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက် ၊ ဇန်နဝါရီ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။
Posted on Jan 22, 2025
၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၊ ဇန်နဝါရီ ၁၉ ရက်၊ တနင်္ဂနွေနေ့။
Posted on Jan 19, 2025
ဒုတိယဦးစီးမှူးအဆင့် ရာထူး(၁၆)နေရာအတွက် လူတွေ့(နှုတ်ဖြေ) ဖြေဆိုရမည့်သူများ၏ ခုံအမှတ်စာရင်း ထုတ်ပြန်ခြင်း
Posted on Jan 21, 2025ဒုတိယဦးစီးမှူးအဆင့် ရာထူး(၁၆)နေရာအတွက် လူတွေ့(နှုတ်ဖြေ) ဖြေဆိုရမည့်သူများ၏ ခုံအမှတ်စာရင်း ထုတ်ပြန်ခြင်း
နေပြည်တော်ကောင်စီဝင် ခန့်အပ်တာဝန်ပေးခြင်း
Posted on Jan 20, 2025နေပြည်တော်ကောင်စီဝင် ခန့်အပ်တာဝန်ပေးခြင်း
စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ၇၂၅၅ ကျပ်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ
Posted on Jan 20, 2025စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ် ရေးကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိသည်။