ဆီးဂိမ်း ဘိလိယက်နှင့် စနူကာပြိုင်ပွဲ ပြီးဆုံးပြီး မြန်မာအဖွဲ့ ရွှေတစ်ခု၊ ငွေတစ်ခု၊ ကြေးသုံးခု ဆွတ်ခူး

ဆီးဂိမ်း ဘိလိယက်နှင့် စနူကာပြိုင်ပွဲ ပြီးဆုံးပြီး မြန်မာအဖွဲ့ ရွှေတစ်ခု၊ ငွေတစ်ခု၊ ကြေးသုံးခု ဆွတ်ခူး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / December 18, 2025
image_latest


ရန်ကုန် ဒီဇင်ဘာ ၁၇

(၃၃) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၏ ဘိလိယက်နှင့် စနူကာပြိုင်ပွဲ ပြီးဆုံးခဲ့ပြီး မြန်မာဘိလိယက်နှင့် စနူကာအဖွဲ့ ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်တစ်ခု၊ ကြေးတံဆိပ် သုံးခု ဆွတ်ခူးရရှိခဲ့သည်။

မြန်မာဘိလိယက် အဖွဲ့သည် ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်တစ်ခု၊ မြန်မာစနူကာအဖွဲ့သည် ကြေးတံဆိပ်သုံးခု ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာဘိလိယက်အဖွဲ့ အတွက် ရွှေတံဆိပ်ဆုကို ပေါက်စ၊ နေသွေးဦးနှင့် အောင်ဌေးတို့ ပါဝင်သည့်အသင်းက အသင်းလိုက် ပြိုင်ပွဲတွင် ရယူနိုင်ခဲ့ပြီး ငွေတံဆိပ်ဆုကို တစ်ဦးချင်းပြိုင်ပွဲမှ ပေါက်စက ရယူပေးခဲ့သည်။ မြန်မာစနူကာအဖွဲ့အတွက် ကြေးတံဆိပ်သုံးခုကို စနူကာ တစ်ဦးချင်းပြိုင်ပွဲမှ ဘုန်းမြင့်ကျော် (ခ) အားတီက တစ်ခု၊ အသင်းလိုက်ပြိုင်ပွဲတွင်တစ်ခုနှင့် 6 Red တစ်ဦးချင်း ပြိုင်ပွဲတွင် နေမင်းထွန်းက တစ်ခု ရရှိခဲ့ခြင်းဖြစ်သည်။

မြန်မာဘိလိယက်နှင့် စနူကာအဖွဲ့သည် ရွှေတံဆိပ်အပါအဝင် ဆုတံဆိပ်ငါးခုအထိ ရယူနိုင်ခဲ့ သဖြင့် (၃၃) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် အောင်မြင်မှုရသည့် မြန်မာအားကစား အဖွဲ့အဖြစ်ရပ်တည်နိုင်ခဲ့သည်။

သတင်း-ကိုညီလေး

ဓာတ်ပုံ-MSYA


၁၃၈၇ ခုနှစ်၊ နတ်တော်လကွယ်နေ့ ၊ ဒီဇင်ဘာ ၁၈ ရက်၊ ကြာသပတေးနေ့။


Posted on Dec 18, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၃ ရက်၊ ဒီဇင်ဘာ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Dec 17, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၂ ရက်၊ ဒီဇင်ဘာ ၁၆ ရက်၊ အင်္ဂါနေ့။


Posted on Dec 16, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက်၊ ဒီဇင်ဘာ ၁၅ ရက်၊ တနင်္လာနေ့။


Posted on Dec 15, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၁၄ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Dec 14, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၁၃ ရက်၊ စ​နေနေ့။


Posted on Dec 13, 2025
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

Posted on Dec 5, 2025

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ စွန့်ပစ်အမှိုက်များ နှင့် ပတ်သတ်၍ အသိပေးကြော်ငြာခြင်း

Posted on Dec 5, 2025

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ စွန့်ပစ်အမှိုက်များ နှင့် ပတ်သတ်၍ အသိပေးကြော်ငြာခြင်း

HOT NEWS
January 4,