ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် (ရန်ကုန်)
“ဘရဏီဆောင်”နှင့် ဆေးတက္ကသိုလ်-၁ (ရန်ကုန်) “သမားဂုဏ်ရည်ဆောင်” အဆောက်အအုံများ ဖွင့်ပွဲအခမ်းအနားကျင်းပ

ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် (ရန်ကုန်)
“ဘရဏီဆောင်”နှင့် ဆေးတက္ကသိုလ်-၁ (ရန်ကုန်) “သမားဂုဏ်ရည်ဆောင်” အဆောက်အအုံများ ဖွင့်ပွဲအခမ်းအနားကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / July 27, 2025
image_latest


ရန်ကုန် ဇူလိုင် ၂၆

ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ် (ရန်ကုန်) ဘရဏီကျောင်းသူဆောင်နှင့် ဆေးတက္ကသိုလ်-၁ (ရန်ကုန်) သမားဂုဏ်ရည်ကျောင်းသားဆောင်အဆောက်အအုံများ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပသည်။

ဖွင့်ပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးများ၊ ဆေးတက္ကသိုလ်နှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များ၊ မြန်မာနိုင်ငံဆေးကောင်စီ၊ မြန်မာနိုင်ငံဆရာဝန်အသင်း၊ မြန်မာနိုင်ငံဆေးပညာရှင်များအဖွဲ့၊ မြန်မာနိုင်ငံသွားနှင့် ခံတွင်းဆိုင်ရာဆေးကောင်စီ၊ မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီတို့မှ တာဝန်ရှိသူများ၊ အငြိမ်းစားပါမောက္ခချုပ်များ၊ ဌာနအသီးသီးမှ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ တာဝန်ရှိသူများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် ရန်ကုန်ဘရဏီဆောင်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ကမ္ပည်းမော်ကွန်းကို အမွှေးနံ့သာရည်ပက်ဖျန်းကာ အဆောက်အအုံသစ်အတွင်း လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ မှာကြားသည်။

ယင်းနောက်ဖွင့်ပွဲအခမ်းအနား ဒုတိယအစီအစဉ်များကို ရတုအလင်္ကာခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံ အဆောက်အဦဦးစီးဌာန အဆောက်အဦအထူးအဖွဲ့ (၂) မှ တာဝန်ရှိသူက အဆောက်အအုံဆိုင်ရာမှတ်တမ်းများ လွှဲပြောင်းပေးအပ်၍ ပါမောက္ခချုပ်က ကျေးဇူးတင်စကားပြောကြားကာ ဖွင့်ပွဲအထိမ်းအမှတ်လက်ဆောင်များ ပေးအပ်သည်။

ထို့နောက် ကျောင်းသား ကျောင်းသူများက အကအလှများဖြင့် ဖျော်ဖြေကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကြသည်။

ဆက်လက်၍ ဆေးတက္ကသိုလ်-၁ (ရန်ကုန်) ၏ သမားဂုဏ်ရည်ဆောင်ဖွင့်ပွဲအခမ်းအနားကို မင်းကျောင်းလမ်း ဒဂုံမြို့နယ်၌ ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများသည် သမားဂုဏ်ရည်ဆောင်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ကြပြီး ပြည်ထောင်စုဝန်ကြီးက သမားဂုဏ်ရည်ဆောင်ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ကာ တာဝန်ရှိသူများက ကမ္ပည်းမော်ကွန်းကို အမွှေးနံ့သာရည်ပက်ဖျန်းပေး၍ အဆောက်အအုံသစ်အတွင်း လှည့်လည်ကြည့်ရှုသည်။

ယင်းနောက် ဒုတိယပိုင်းအစီအစဉ်များကို ယာယီခန်းမဆောင်၌ ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံသို့ အဆောက်အဦဦးစီးဌာန အဆောက်အဦအထူးအဖွဲ့ (၂) မှ တာဝန်ရှိသူက အဆောက်အအုံဆိုင်ရာ မှတ်တမ်းများ လွှဲပြောင်းပေးအပ်ပြီး ပါမောက္ခချုပ်က ကျေးဇူးတင်စကားပြောကြားကာ ဖွင့်ပွဲအထိမ်းအမှတ်လက်ဆောင်များ ပေးအပ်သည်။

ဖွင့်ပွဲအခမ်းအနားများတွင် ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ ကျောင်းသူဘရဏီဆောင်နှင့် သမားဂုဏ်ရည်ဆောင်အသစ်ဖွင့်လှစ်ခြင်းအတွက် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အထူးပင်ဝမ်းမြောက်ဂုဏ်ယူမိကြောင်း၊ ယခုကဲ့သို့ အဆောင်သစ်များတိုးချဲ့ ဖွင့်လှစ်ခြင်းဖြင့် တက္ကသိုလ်အင်္ဂါရပ်နှင့် ပိုမိုပြည့်စုံညီညွတ်ပြီး တက္ကသိုလ်တစ်ခု၏ ကမ္ဘာ့အဆင့် သတ်မှတ်ချက် (University Ranking) တိုးတက်လာခြင်း၊ ကျောင်းသား ကျောင်းသူများ အေးချမ်းလုံခြုံစွာ ပညာသင်ကြားနိုင်ခြင်း၊ အရည်အချင်းပိုမိုပြည့်ဝသော ဆေးပညာရှင်များမွေး ထုတ်ပေးနိုင်မည်ဖြစ်ခြင်း စသည့်အချက်များကြောင့် တက္ကသိုလ်ကျောင်းသား ကျောင်းသူအိပ်ဆောင်များ တည်ဆောက်ဖွင့်လှစ်ခြင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ဦးစားပေးကိစ္စတစ်ရပ်အနေဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ယနေ့ဖွင့်လှစ်ပေးနိုင်ခဲ့သည့် ဘရဏီဆောင်သည်
ကျောင်းသူ ၁၆၈ ဦး နေထိုင်နိုင်သည့် အကျယ်စတုရန်းပေ ၂၉၂၂၅ ရှိ လေးထပ်ဆောင်ဖြစ်ပြီး သမားဂုဏ်ရည်ဆောင်သည် ကျောင်းသား ၂၅၀ နေထိုင်နိုင်သော အကျယ်စတုရန်းပေ ၃၆၀၀၀ ရှိ RC ငါးထပ်ဆောင်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်


၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။