ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ ထိန်းသိမ်းခြင်းနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်ခြင်း (၁၀) နှစ်ပြည့်အခမ်းအနား ကျင်းပ
ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ ထိန်းသိမ်းခြင်းနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်ခြင်း (၁၀) နှစ်ပြည့်အခမ်းအနား ကျင်းပ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / October 30, 2024
နေပြည်တော် အောက်တိုဘာ ၂၉
ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ ထိန်းသိမ်းခြင်းနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် တရုတ်-မြန်မာပူးပေါင်းဆောင်ရွက်ခြင်း (၁၀) နှစ်ပြည့်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Grand Amara ဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူက တရုတ် - မြန်မာနှစ်နိုင်ငံအကြား တွဲလက်ညီညီဖြင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အောင်မြင်ကောင်းမွန်သော ရလဒ်များစွာရရှိခဲ့ကြောင်း၊ ယခု (၁၀) နှစ်ပြည့်အခမ်းအနားမှစ၍ အနာဂတ်ကာလများတွင်လည်း နိုင်ငံ၏ သယံဇာတအရင်းအမြစ်များ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် သုတေသနလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တရုတ် သိပ္ပံအကယ်ဒမီ (CAS) မှ တာဝန်ရှိသူများက (၁၀) နှစ်ကြာ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခဲ့မှုရလဒ်များကို တင်ပြခြင်း၊ မြန်မာနိုင်ငံမှ စီမံကိန်းလုပ်ငန်းဆိုင်ရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်တိုးတက်မှုအခြေအနေများကို ရှင်းလင်းတင်ပြခြင်းတို့ ဆောင်ရွက်ကြရာ တက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေးကြသည်။
အခမ်းအနားသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံဆိုင်ရာ သံမှူးကြီးနှင့် တရုတ်သိပ္ပံ အကယ်ဒမီ (CAS) မှ ဌာနဆိုင်ရာ အကြီးအကဲများ၊ ပါမောက္ခများ၊ ကျောင်းသား ကျောင်းသူများ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်
၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၃ ရက်၊ အောက်တိုဘာ ၃၀ ရက်၊ ဗုဒ္ဓဟူးနေ့။
Posted on Oct 30, 2024
၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၂ ရက်၊ အောက်တိုဘာ ၂၉ ရက်၊ အင်္ဂါနေ့။
Posted on Oct 29, 2024
၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၁ ရက်၊ အောက်တိုဘာ ၂၈ ရက်၊ တနင်္လာနေ့။
Posted on Oct 28, 2024
၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၀ ရက်၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္ဂနွေနေ့။
Posted on Oct 27, 2024
၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၉ ရက်၊ အောက်တိုဘာ ၂၆ ရက်၊ စနေနေ့။
Posted on Oct 26, 2024
ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက်ပြန်ကြားဆောင်ရွက်ခြင်း(၄၂/၂၀၂၄)
Posted on Oct 31, 2024ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက်ပြန်ကြားဆောင်ရွက်ခြင်း(၄၂/၂၀၂၄)
မြန်မာနိုင်ငံပြန်တမ်း
Posted on Oct 31, 2024နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဘဏ်တွင်းစာရင်းစစ်ဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မေခိုင်ဝင်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဥက္ကဋ္ဌရုံး ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ဝတ္တရားများကို စတင်ဆောင်ရွက်သည့်နေ့မှစ၍ အစမ်းခန့်ထားလိုက်သည်။
ကွန်ပျူတာလုပ်ဆောင်ရေးမှူးရာထူးနှင့် အငယ်တန်းစာရေးရာထူးနေရာများအတွက် အတည်ပြုခန့်ထားသူများစာရင်း ထုတ်ပြန်ကြေညာခြင်း
Posted on Oct 30, 2024ကွန်ပျူတာလုပ်ဆောင်ရေးမှူးရာထူးနှင့် အငယ်တန်းစာရေးရာထူးနေရာများအတွက် အတည်ပြုခန့်ထားသူများစာရင်း ထု