ညောင်ဦးမြို့၌ ဂူပြောက်ကြီးဘုရားတည်ဆောက်ပုံနှင့် ရှေးဟောင်းနံရံပန်းချီများကို လေ့လာနိုင်
ညောင်ဦးမြို့၌ ဂူပြောက်ကြီးဘုရားတည်ဆောက်ပုံနှင့် ရှေးဟောင်းနံရံပန်းချီများကို လေ့လာနိုင်
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 07, 2026
ညောင်ဦး ဧပြီ ၆
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ခရီးသွားဘုရားဖူးများအနေဖြင့် ဝက်ကြီးအင်းရပ်ရှိ ဂူပြောက်ကြီးဘုရား တည်ဆောက်ပုံ၊ ဘုရားလိုဏ်အတွင်း နံရံပန်းချီများနှင့် ထိုင်တော်မူဆင်းတုတော်များအား ဖူးမြော်လေ့လာနိုင်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ပုဂံဌာနခွဲ တာဝန်ရှိသူများထံမှ သိရသည်။
ဂူပြောက်ကြီးဘုရားကို အေဒီ ၁၃ ရာစုအစောပိုင်းတွင် တည်ထားခဲ့သည်ဟု ခန့်မှန်းရပြီး မဟာဗောဓိပုံစံ ကွမ်းတောင်ပေါက်ဘုရားဖြစ်ကာ အာရုံခံအရှေ့ဘက် မုခ်လှည့် လိုဏ်ဘုရားတစ်ဆူဖြစ်သည်။ အပေါ်ဆင့်လိုဏ်နှင့် ကြောင်လိမ်လှေကားပါရှိပြီး အင်္ဂတေပန်းလက်ရာများ အသင့်အတင့်ကျန်ရှိနေသေးသည်ကို လေ့လာတွေ့ရှိနိုင်သည်။ နံရံဆေးရေးပန်းချီလက်ရာအနေဖြင့် အာရုံခံမျက်နှာကြက်ရှိ ခြေတော်ရာပုံ၊ မင်စာနှင့်တကွ နှစ်ကျိပ် ရှစ်ဆူသော မြတ်စွာဘုရားတို့၏ ဗျာဒိပ်ခံ ဟန်အခန်းများ၊ ငါးရာငါးဆယ်ဇာတ်ကွက်များ၊ ဗုဒ္ဓဝင်ရှစ်ခန်းနှင့် သတ္တဌာနခန်းများ၊ အောင်မြင်ခန်းများစသည့် သရုပ်ဖော်ပုံများကို မင်စာနှင့်တကွ ရေးထိုးထားသည်ကို လေ့လာနိုင်သည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ဘုရား၊ စေတီ၊ သာသနိကအဆောက်အအုံ ၃၈၃၇ ဆူ ကျန်ရှိနေသေးကြောင်း၊ ညောင်ဦးမြို့နယ်၌ ဝက်ကြီးဂူပြောက်ကြီး၊ ဂူပြောက်လေး၊ ပုဂံမြို့သစ်၊ မြင်းကပါဂူပြောက်ကြီး၊ ဂူပြောက်လေးဘုရားတို့သည် နံရံဆေးရေးပန်းချီ လက်ရာ ကောင်းမွန်ကြကြောင်း၊ ဝက်ကြီးအင်းဂူပြောက်ကြီးဘုရားအနောက်ဘက်တွင် ရှင်ဘို့မယ်အုတ်ကျောင်း၊ ဝက်ကြီးအင်းဂူပြောက်လေးဘုရား၊ အနောက်တောင်ဘက်တွင် ဆူးလေကုန်းဘုရားစု၊ အလိုတော်ပြည့်ဘုရားတို့ကိုလည်း တစ်ဆက်တစ်စပ်တည်း ဖူးမြော်လေ့လာနိုင်ကြောင်း သိရသည်။
ဒီပါလင်း
မွေးမြူရေးတိရစ္ဆာန်များ အပူရှိန်ပြင်းထန်လွန်ကဲမှုဒဏ်မှ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ချက်
Posted on Apr 6, 2026မွေးမြူရေးတိရစ္ဆာန်များ ရာသီဥတုအပူရှိန် ပြင်းထန်လွန်ကဲချိန်တွင် အပူဒဏ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်-
မွေးမြူရေးတိရစ္ဆာန်များ အပူရှိန်ပြင်းထန်လွန်ကဲမှုဒဏ်မှ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ချက်
Posted on Apr 6, 2026မွေးမြူရေးတိရစ္ဆာန်များ ရာသီဥတုအပူရှိန် ပြင်းထန်လွန်ကဲချိန်တွင် အပူဒဏ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်-
အကောက်ခွန်ဦးစီးဌာနက မဟာသင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း လုပ်ငန်းများအဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အသိပေးကြေညာချက်
Posted on Apr 6, 2026အကောက်ခွန်ဦးစီးဌာနသည် မဟာသင်္ကြန်ရုံးပိတ်ရက်ကာလအတွင်းအကောက်ခွန်လုပ်ငန်းများ လွယ်ကူလျင်မြန်စေရေး အလေးထားဆောင်ရွက်လျက်ရှိပါသည်။
