တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းသားသမီးများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ
တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းသားသမီးများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / August 05, 2025

နေပြည်တော် ဩဂုတ် ၄
၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းသားသမီး၊ ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ အမြဲတမ်းအတွင်းဝန်၊ အရာထမ်း၊ အမှုထမ်းများနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ဝန်ထမ်းသား သမီး၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်က ပညာရေးကဏ္ဍမြင့်မားစေရေး ကြိုးပမ်းဆောင်ရွက်နေချိန်တွင် ကျောင်းသား ကျောင်းသူများအနေဖြင့် ပညာရေးကို အလေးထားကာ တန်းစဉ်အလိုက် ထူးချွန်စွာအောင်မြင်ရေး ကြိုးစားကြစေလိုကြောင်း၊ တက္ကသိုလ်ပညာရပ်များကို ယခုကဲ့သို့ ထူးချွန်အောင်မြင်အောင် ကြိုးစားကြရန်နှင့် မိဘများကလည်း သားသမီးများ၏ ပညာရည်မြင့်မားရေးကို အလေးထားအားပေးဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့်ဝန်ကြီးဌာနမှ ဝန်ထမ်းသား သမီး၊ ကျောင်းသား ကျောင်းသူများအား ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းသား သမီး၊ ကျောင်းသား ကျောင်းသူဘာသာစုံ ခြောက်ဘာသာဂုဏ်ထူး ရှင်နှစ်ဦး၊ ငါးဘာသာဂုဏ်ထူးရှင် တစ်ဦး၊ လေးဘာသာဂုဏ်ထူးရှင် လေးဦး၊ သုံးဘာသာဂုဏ်ထူးရှင် ရှစ်ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင်ကိုးဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၁၆ ဦး စုစုပေါင်း ဂုဏ်ထူးရကျောင်းသား ကျောင်းသူ ၄၀ ရှိပြီး နေပြည်တော်အပါအဝင် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်များရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးမှူးရုံးများတွင် ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားများကို တစ်ပြိုင်တည်း ကျင်းပခဲ့ကြောင်း သိရသည်။
သတင်းစဉ်
စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၆၂၄၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ
Posted on Aug 4, 2025စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းသော စားသုံးဆီများကို သင့်တင့်သောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိသည်။
အာဖရိကဝက်အပြင်းဖျားရောဂါကြိုတင်ကာကွယ်ရေးအသိပေးနှိုးဆော်ချက်
Posted on Aug 4, 2025၁။ အာဖရိကဝက်အပြင်းဖျားရောဂါသည် ယခင်က အာဖရိကနိုင်ငံများတွင်သာ ဖြစ်ပွားကျရောက်ခဲ့သော်လည်း ၂၀၁၈ ခုနှစ် ဩဂုတ်လမှစ၍ အာရှနိုင်ငံများဖြစ်သည့် တရုတ်၊ မွန်ဂိုလီးယား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ဟောင်ကောင်၊ မြောက်ကိုရီးယားနိုင်ငံများသို့ ကူးစက်ပျံ့နှံ့ခဲ့ပြီး (၂-၆-၂၀၁၉) ရက်မှစတင်၍ မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် လာအိုနိုင်ငံတွင် ရောဂါကူးစက်ပျံ့နှံ့လျက်ရှိသောကြောင့် ရောဂါထိန်းချုပ်ရေးလုပ်ငန်းများကို အာဖရိကဝက်အပြင်းဖျားရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် အောက်ပါအချက်များကို လိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်-
၂၀၂၅ မန္တလေးငလျင်ဆိုင်ရာ အချက်အလက်များသိရှိနိုင်ရန်အတွက် ဝက်ဘ်ဆိုက်လွှင့်တင်ထားရှိကြောင်း အသိပေးကြေညာ
Posted on Aug 4, 2025၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားရစ်(ခ်)တာစကေး ၇ ဒသမ ၇ အဆင့်ရှိ မန္တလေးငလျင်ကြီးအပါအဝင် မြန်မာနိုင်ငံအတွင်းလှုပ်ခတ်ခဲ့သည့် မြေငလျင်သတင်းများသိရှိနိုင်စေရန်၊ ငလျင်လှုပ်ခတ်စဉ်အတွင်း ကိုယ်တိုင်ကြုံတွေ့ခံစားခဲ့ရသည့် ဖြစ်စဉ်များအား မျှဝေပေးနိုင်ရန်၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများနှင့်စပ်လျဉ်း၍ အလှူရှင်များမှ လှူဒါန်းလာနိုင်စေရန်၊ ပျက်စီးဆုံးရှုံးမှုများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများနှင့် အလှူငွေများ ထိရောက်စွာ လှူဒါန်းနိုင်ရန်တို့အတွက် www.myanmar earthquake.gov.mm ဝက်ဘ်ဆိုက်အား လွှင့်တင်ထားသည်။