တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့၌ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ နှုတ်ခွန်းဆက်စကား

တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့၌ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ နှုတ်ခွန်းဆက်စကား


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / March 17, 2026
image_latest


​လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

​တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို တက်ရောက်လာကြတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနဲ့ ဧည့်သည်တော်များ အားလုံးကိုယ်စိတ်နှစ်ဖြာ သုခချမ်းသာရရှိကြ၍ ကောင်းကျိုးလိုအင်ဆန္ဒများပြည့်ဝလျက် ကျက်သရေမင်္ဂလာအဖြာဖြာနဲ့ ပြည့်စုံကြပါစေကြောင်း ဦးစွာဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။

​ကိုယ်စားလှယ်များက ပြည်သူများကိုယ်စား ကျွန်တော့်ကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ပေးခဲ့ကြတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူများအားလုံးကို အထူးကျေးဇူးတင်ဝမ်းမြောက်ဝမ်းသာဂုဏ်ယူပါကြောင်းနှင့် ကျွန်တော့်ဘဝရဲ့ တစ်သက်တာအမှတ်တရအဖြစ် ရင်ဝယ်လေးစားစွာ သိမ်းဆည်းထားပါကြောင်း ပြောကြားလိုပါတယ်။

​လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

​ဒီနေ့ဟာ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပပြီးစီးတဲ့အတွက် ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင်းတသည့် ပါတီစုံဒီမိုကရေစီစနစ် ဖြစ်ထွန်းပေါ်ပေါက်လာစေရန် ပြည်သူ့ဆန္ဒနဲ့အညီ တတိယအကြိမ် ပြည်သူ့လွှတ်တော်ကြီး ပေါ်ပေါက်လာတဲ့ သမိုင်းမှတ်တမ်းတင် ဂုဏ်ယူစရာနေ့တစ်နေ့လည်း ဖြစ်ပါတယ်။

ကိုယ်စားလှယ်များက ကျွန်တော့်ကို ယုံကြည်စွာ တာဝန်အပ်နှင်းမှုအပေါ် အလေးအနက်ခံယူပြီး ဒီတာဝန်ကိုကျေပွန်စေရန် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ သက်ဆိုင်ရာဥပဒေများ၊ နည်းဥပဒေများနဲ့အညီ အကောင်းဆုံးကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်း အလေးအနက်ထား ကတိပြုအပ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များ တစ်ဦးနှင့်တစ်ဦး ရင်းရင်းနှီးနှီး ချစ်ချစ်ခင်ခင် ပွင့်ပွင့်လင်းလင်းနဲ့ ဒီမိုကရေစီကျင့်စဉ်အတိုင်း တက်ညီလက်ညီ ဝိုင်းဝန်းဖော်ဆောင်သွားကြစေလိုပါတယ်။ ဒါ့အပြင် သဘောထားကြီးခြင်း၊ သည်းခံခွင့်လွှတ်ခြင်း၊ အပြန်အလှန်လေးစားခြင်း၊ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြင့် အားလုံးနဲ့အတူ နိုင်ငံတော်နဲ့ ပြည်သူများအတွက် ပိုမိုကောင်းမွန်တဲ့အနာဂတ် တစ်နည်းပြောရရင် ပိုမိုခိုင်မာပြည်မြန်မာကြီးကို ဖော်ဆောင်ပေးနိုင်မယ်လို့ အလေးအနက် ယုံကြည်ပါကြောင်းလည်း ပြောကြားလိုပါတယ်။

​လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်ရဲ့အချုပ်အခြာ မဏ္ဍိုင်သုံးရပ်အနက် ဥပဒေပြုရေးမဏ္ဍိုင်သည် လွှတ်တော်၏ အဓိကတာဝန်ဖြစ်ပါတယ်။ ထို့အပြင် နိုင်ငံတော်အာဏာမဏ္ဍိုင်သုံးရပ်ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနဲ့ အချင်းချင်း အပြန်အလှန်ထိန်းကျောင်းခြင်းတို့ ပြုရမှာဖြစ်ပြီး ပြည်သူကို ကိုယ်စားပြုခြင်းကိုလည်း ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိတဲ့ နိုင်ငံရေးရည်မှန်းချက်၊ ခေတ်စနစ်အခြေ အနေများနဲ့ ကိုက်ညီမှုရှိစေရန်​ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ အသစ်ပြဋ္ဌာန်းခြင်းတို့ကို ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။

​လွှတ်တော်ကိုယ်စားလှယ်များဟာ ပြည်သူက ရွေးချယ်တင်မြှောက်ပေးလိုက်တဲ့ ပြည်သူ့ကိုယ်စားလှယ်များဖြစ်တာနဲ့အညီ ပြည်သူများနဲ့ ထိတွေ့ဆွေးနွေးပြီး ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒကို ပြည်သူ့ကိုယ်စား ဖော်ဆောင်ပေးရန်အတွက် ကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်သကဲ့သို့ နိုင်ငံတော်နဲ့ ပြည်သူ့ကောင်းကျိုးအတွက် လွှတ်တော်ရဲ့ဆောင်ရွက်ချက်များကိုလည်း ပြည်သူများ နားလည်သဘောပေါက်စေရန် ပြန်လည်မျှဝေပေးရမှာက လွှတ်တော်ကိုယ်စားလှယ်များရဲ့တာဝန်ပဲဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

​အချုပ်အားဖြင့် မိမိတို့လွှတ်တော်ကိုယ်စားလှယ်တွေဟာ လွှတ်တော်ရဲ့လုပ်ငန်းတာဝန်တွေကို ထမ်းဆောင်တဲ့နေရာမှာ နိုင်ငံတော်နဲ့ ပြည်သူလူထု၏အကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကိုရှေးရှုပြီး အချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် လက်တွဲပူးပေါင်းဆောင်ရွက်ကြပါစို့လို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်ခင်ဗျား။


၁၃၈၇ ခုနှစ်၊ တပေါင်းလကွယ်နေ့ ၊ မတ် ၁၇ ရက်၊ အင်္ဂါနေ့။


Posted on Mar 17, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ၊ မတ် ၁၆ ရက်၊ တနင်္လာနေ့။


Posted on Mar 16, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 15, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စ​နေနေ့။


Posted on Mar 14, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။


Posted on Mar 13, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။


Posted on Mar 12, 2026
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

အမြဲတမ်းအတွင်းဝန်/ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း

Posted on Mar 16, 2026

အမြဲတမ်းအတွင်းဝန်/ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း

၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပြဋ္ဌာန်း

Posted on Mar 16, 2026

၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပြဋ္ဌာန်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အများပြည်သူသို့အသိပေးကြော်ငြာခြင်း

Posted on Mar 16, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အများပြည်သူသို့အသိပေးကြော်ငြာခြင်း