တပ်မတော်စစ်ကြောင်းများက မိုးကုတ် - သပိတ်ကျင်းလမ်းကြောင်းပေါ်ရှိ အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် အုန်ဒန်ကျေးရွာ၊ ကင်းကျေးရွာနှင့် ရန်သူ့စခန်းတစ်ခုတို့အား ဆက်လက်သိမ်းပိုက်ရရှိ
တပ်မတော်စစ်ကြောင်းများက မိုးကုတ် - သပိတ်ကျင်းလမ်းကြောင်းပေါ်ရှိ အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် အုန်ဒန်ကျေးရွာ၊ ကင်းကျေးရွာနှင့် ရန်သူ့စခန်းတစ်ခုတို့အား ဆက်လက်သိမ်းပိုက်ရရှိ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 15, 2026
နေပြည်တော် ဇန်နဝါရီ ၁၅
တပ်မတော်စစ်ကြောင်းများအနေဖြင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးထားသည့် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ စဉ့်ကူးမြို့နယ်၊ သပိတ်ကျင်းမြို့နယ်များအား တစ်ခုပြီးတစ်ခု ပြန်လည်သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီး မန္တလေး-မတ္တရာ-စဉ့်ကူး-သပိတ်ကျင်း ဆက်သွယ်ရေးလမ်းကြောင်းအား အပြည့်အဝပြန်လည်ထိန်းချုပ်ဖွင့်လှစ်ပေးခဲ့သည့် သတင်းအား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်နေ့တွင်လည်းကောင်း၊ သပိတ်ကျင်း-မိုးကုတ် ဆက်သွယ်ရေးလမ်းကြောင်းတစ်လျှောက်ရှိ ညောင်ပင်သာကျေးရွာ၊ ပိုးဇာနွယ်ကျေးရွာ၊ ကျောက်လှည်းဘီးကျေးရွာ၊ နယ်မြေခံတပ်ရင်းဌာနချုပ်နှင့် စိန်ကုန်းကျေးရွာတစ်ဝိုက်တို့အား ပြန်လည်သိမ်းပိုက်ရရှိခဲ့သည့် သတင်းအား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၄ ရက်နေ့တွင်လည်းကောင်း သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။
ဆက်လက်၍ တပ်မတော်စစ်ကြောင်းများအနေဖြင့် အဆိုပါသပိတ်ကျင်း-မိုးကုတ် လမ်းကြောင်းပေါ်ရှိ စိန်ကုန်းကျေးရွာနှင့် မိုးကုတ်မြို့အကြားလမ်းပိုင်းတွင် ခိုအောင်းနေသည့် အကြမ်းဖက်သောင်းကျန်းသူများအား တိုက်ခိုက်ချေမှုန်းပြီး မိုးကုတ်-သပိတ်ကျင်း-မန္တလေးမြို့များသို့ ဆက်သွယ်ထားသည့် လမ်းကြောင်းများအား အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် စစ်ကြောင်းများခွဲ၍ နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဟန်ချက်ညီဆောင်ရွက်ခဲ့ရာ ယနေ့တွင် စိန်ကုန်းကျေးရွာဘက်မှ နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပြီး ချီတက်လာသည့် တပ်မတော်စစ်ကြောင်းသည် အဆိုပါလမ်းကြောင်းပေါ်ရှိ အုန်ဒန်ကျေးရွာအားလည်းကောင်း၊ မိုးကုတ်မြို့ဘက်မှ နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပြီး ချီတက်လာသည့် တပ်မတော်စစ်ကြောင်းသည် မိုးကုတ်မြို့၏ အနောက်မြောက်ဘက် မီတာ ၁၀၀၀၀ ခန့်အကွာ အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် ကင်းကျေးရွာ၊ ကင်းတံတားနှင့် အဆိုပါကျေးရွာအနီးရှိ ရန်သူ့စခန်းနေရာတို့အား အသီးသီးတိုက်ခိုက်ချေမှုန်းသိမ်းပိုက်နိုင်ခဲ့သည်။
အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် အဆိုပါကျေးရွာများအား ယာယီစိုးမိုးထားစဉ် ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းနှင့် လူနေအဆောက်အအုံများနှင့် ကျေးရွာအနီးရှိ တံတားနေရာတို့တွင် ဘန်ကာများပြုလုပ်၍ အခိုင်အမာခံစစ်စခန်းတည်ဆောက်ခြင်း၊ ယာယီဂိတ်စခန်းဖွင့်လှစ်၍ ဆက်ကြေးကောက်ခံခြင်းများ ပြုလုပ်ခဲ့ကြောင်းကို တွေ့ရှိရသည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် ကျန်ရှိနေသည့် လမ်းပိုင်းအား အဆိုပါလမ်းကြောင်းတစ်လျှောက်၌ ဆက်လက်ရှင်းလင်းနိုင်ရေးလိုအပ်သည့် နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး မိုးကုတ်-သပိတ်ကျင်း-မန္တလေးမြို့များသို့ ဆက်သွယ်ထားသည့် လမ်းကြောင်းများအား အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးတို့ကို ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၃ ရက် ၊ ဇန်နဝါရီ ၁၅ ရက်၊ ကြာသပတေးနေ့။
Posted on Jan 15, 2026
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၂ ရက် ၊ ဇန်နဝါရီ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့။
Posted on Jan 14, 2026
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ ရက် ၊ ဇန်နဝါရီ ၁၂ ရက်၊ တနင်္လာနေ့။
Posted on Jan 12, 2026
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက် ၊ ဇန်နဝါရီ ၁၁ ရက်၊ တနင်္ဂနွေနေ့။
Posted on Jan 11, 2026
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာခြင်း
Posted on Jan 15, 2026ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာခြင်း
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်
Posted on Jan 15, 2026မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် မလေးရှားနိုင်ငံလူ့အခွင့်အရေးကော်မရှင်က ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော အခြေအမြစ်မရှိသည့် မီဒီယာထုတ်ပြန်ကြေညာချက်ကို ပြင်းပြင်းထန်ထန်နှင့် ပြတ်ပြတ်သားသားပယ်ချပါသည်။
နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အလုပ်လျှောက်လွှာခေါ်ယူခြင်း
Posted on Jan 15, 2026နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အလုပ်လျှောက်လွှာခေါ်ယူခြင်း
