တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်) မှ တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့ ကိုကိုးကျွန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကျန်းမာရေးပညာပေးဟောပြော၊ ကျန်းမာရေးစစ်ဆေး

တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်) မှ တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့ ကိုကိုးကျွန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကျန်းမာရေးပညာပေးဟောပြော၊ ကျန်းမာရေးစစ်ဆေး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / December 04, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၃

ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့နယ်အတွင်းရှိ ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သည့် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်) သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ် ကိုကိုးကျွန်းမြို့သို့ ရောက်ရှိရာ နယ်မြေခံတပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကျောင်းသား ကျောင်းသူများက သောင်းသောင်းဖြဖြ ကြိုဆိုကြသည်။

မွန်းလွဲပိုင်းတွင် ကိုကိုးကျွန်းမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား ကျောင်းသူများအား တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့မှ သွားနှင့် ခံတွင်းပါရဂူက “သွားပိုးစား ရောဂါ” အကြောင်းကိုလည်းကောင်း၊ ကလေးရောဂါကု ပါရဂူက “တစ်သက်တာ ကျန်းမာရေး၊ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့်ပတ်သက်ပြီး သိသင့်သိထိုက်သည်များ” ကိုလည်းကောင်း အဆိုပါကျောင်း၌ ဟောပြောဆွေးနွေးကြသည်။

ထို့နောက် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ် (သံလွင်) မှ တာဝန်ရှိသူများက ကိုကိုးကျွန်းမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများအတွက် သန်ချဆေးနှင့် အားဆေးများ၊ သွားတိုက်ဆေးများကို ပေးအပ်ကြပြီး တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့က ကျောင်းသား ကျောင်းသူ ၂၃၆ ဦးအား ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပေးကြသည်။

ထိုသို့ ကျန်းမာရေးအသိပညာပေး ဟောပြောဆွေးနွေးပေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများအပေါ် ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၏ စကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည် -

၁။ အခုလိုမျိုး ကျွန်မတို့ကျောင်းကို ဟောပြောပွဲလာရောက်ပြီးတော့ လုပ်ဆောင်ပေးတဲ့အတွက် အများကြီးလည်း ဝမ်းသာဂုဏ်ယူမိပါတယ်။ ကျောင်းသား ကျောင်းသူတွေအတွက်ရော ဆရာ ဆရာမတွေအတွက်ပါ အသိပညာတွေ အများကြီးရရှိပါတယ်။ ပြီးတော့ ကလေးတွေအတွက်လည်း သွားတိုက်တာနဲ့ပတ်သက်ပြီးတော့ သွားကို စနစ်တကျ ဘယ်လိုမျိုးတိုက်ရမလဲဆိုတာကိုလည်း သိရှိသွားတယ်။ ပြီးတော့ အစာအုပ်စု သုံးစုနဲ့ပတ်သက်ပြီးတော့လည်း ဘယ်လိုလေးတွေ နေထိုင်စားသောက်ရမလဲဆိုတာကို သိရှိသွားတာပေါ့။ အဲဒီအတွက် ကျေးဇူးလည်းတင်ပါတယ်။ အခုလိုမျိုး ကျွန်မတို့ဆီကိုလည်း နှစ်စဉ်နှစ်တိုင်းပဲဖြစ်ဖြစ် လာရောက်ပြီးတော့ အမြဲတမ်းဟောပြောပေးရင်တော့ အများကြီးကျေးဇူးတင်ဂုဏ်ယူမိမှာပါ။

၂။ ရှေ့က ဘဘကြီးတစ်ယောက် ပြောသွားတာတော့ သွားကို စနစ်တကျ တိုက်ရမယ်။ ပြီးတော့ တစ်ကိုယ်ရေသန့်ရှင်းမှုလည်း ရှိရမယ်။ နောက်တစ်ယောက် ပြောသွားတာကတော့ ကျွန်တော်တို့အစာအုပ်စု သုံးစုလည်း ပါဝင်အောင်စားရမယ်။ အသားငါးအုပ်စုပါရမယ်၊ အသီးအရွက်အုပ်စုပါရမယ်။ ပြီးရင် ပဲမျိုးစုံလည်း စားရမယ်လို့ပြောပါတယ်။ ကျွန်တော်တို့ကျောင်းကို အခုလိုမျိုး လာဟောပြောပေးတဲ့အတွက် ကျေးဇူးလည်းတင်ပါတယ်၊ ဝမ်းလည်းသာရပါတယ်။ ကျွန်တော်တို့ ကျောင်းသူ ကျောင်းသားတွေနဲ့ ဆရာ ဆရာမတွေအကုန်လုံးလည်း အသိပညာတွေ ရရှိလိုက်ပါတယ်။ နောင်လည်း ဒီလိုအခွင့်အရေးမျိုးတွေရှိရင် လာလုပ်ပေးပါ၊ ကျောင်းအတွက်လည်း အကျိုးပြုတဲ့အတွက် ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။

သတင်းစဉ်


၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်နေ့ ၊ ဒီဇင်ဘာ ၄ ရက်၊ ကြာသပတေးနေ့။


Posted on Dec 04, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၄ ရက် ၊ ဒီဇင်ဘာ ၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Dec 03, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၃ ရက် ၊ ဒီဇင်ဘာ ၂ ရက်၊ အင်္ဂါနေ့။


Posted on Dec 02, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၂ ရက် ၊ ဒီဇင်ဘာ ၁ ရက်၊ တနင်္လာနေ့။


Posted on Dec 01, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၁ ရက် ၊ နိုဝင်ဘာ၃၀ ရက်၊ တနင်္ဂနွေနေ့။


Posted on Nov 30, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၀ ရက် ၊ နိုဝင်ဘာ ၂၉ ရက်၊ စနေနေ့။


Posted on Nov 29, 2025
HOT NEWS
January 4,