တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့် မြစ်ရေယာဉ် (စကု) မှ နယ်လှည့်ဆေးကုသရေးအဖွဲ့ မြောင်းမြမြို့နယ် တောင်ကလေးကျေးရွာသို့ ရောက်ရှိ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး

တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့် မြစ်ရေယာဉ် (စကု) မှ နယ်လှည့်ဆေးကုသရေးအဖွဲ့ မြောင်းမြမြို့နယ် တောင်ကလေးကျေးရွာသို့ ရောက်ရှိ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / November 26, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၂၅

ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ် ကနစိုးကုန်းကျေးရွာ၌ အခြေပြု၍ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည့် တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်)၊ မြစ်ရေယာဉ် (စကု) တို့နှင့်အတူ လိုက်ပါလာသော တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် အဆိုပါရွာမှ ပြန်လည်ထွက်ခွာ၍ မွန်းလွဲပိုင်းတွင် မြောင်းမြမြို့နယ် တောင်ကလေးကျေးရွာသို့ ရောက်ရှိရာ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများက သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ကြသည်။

အဆိုပါနယ်လှည့်ဆေးကုသရေးအဖွဲ့သည် ယနေ့တွင် မြောင်းမြမြို့နယ် တောင်ကလေးကျေးရွာ ဗြဟ္မဝိဟာရကျောင်းတိုက်၌ အခြေပြု၍ အဆိုပါကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၃၉၁ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၁၈၃ ဦး၊ ခွဲစိတ်ရောဂါ ၁၉ ဦး၊ သားဖွား/မီးယပ်ရောဂါ ၂၁ ဦး၊ ကလေးရောဂါ ၂၄ ဦး၊ အရိုးရောဂါ ၄၈ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၂၅ ဦး၊ မျက်စိရောဂါ ၄၃ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၂၈ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ၎င်းတို့အနက် အထွေထွေခွဲစိတ်လူနာတစ်ဦး၊ မျက်စိခွဲစိတ်လူနာတစ်ဦး၊ ဓာတ်မှန်ရိုက်လူနာခုနစ်ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၂၄ ဦး၊ ECG စက် ဖြင့် နှလုံးစမ်းသပ်လူနာ ၁၁ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၃၄ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခုလိုပဲ ကြားသိခဲ့ရပါသည်-

၁။ ရောဂါကတော့ အထွေထွေလာပြတာပါ။ ဒေသခံတွေအနေနဲ့ တချို့သက်ကြီးရွယ်အိုတွေကျတော့ ဝေးဝေးလံလံမြို့တို့ မသွားနိုင်တာမျိုးတွေရှိတယ်။ တချို့တချို့ကျတော့လည်း ဆေးကုသရေးမှာ နည်းနည်းအခက်အခဲတွေတော့ ရှိကြတယ်လေ။ ဒီလိုနီးနီးနားနားလာကုတော့ ပိုအဆင်ပြေတာပေါ့။ ဒီမှာကတော့ ရာသီတုပ်ကွေးအဲဒါမျိုးတွေအဖြစ် များတာတော့ရှိတယ်။ သူတို့ကိုလည်း ကျေးဇူးတင်တယ်။ နောက်လည်းပဲ ဒီလိုလာရောက်ပြီးတော့ ဆေးကုသပေးဖို့လည်း ဖိတ်ခေါ်ချင်ပါတယ်။

၂။ ဒီတောင်ကလေးကပဲဆေးကုသမှုလာရောက်ခံယူတာပါ။ ခေါင်းတွေ ရိပ်ခနဲရိပ်ခနဲ မူးနေလို့ အဲဒါဝင်ပြတာ။ သွေးနည်းနည်း တိုးနေတယ်၊ စိုးရိမ်စိတ်များလို့ပေါ့။ ဒီမှာ သွေးညှိဆေးတို့၊ သွေးပေါင်ကျဆေးတို့ ပေးလိုက်တယ်။ ကျေးဇူးတွေ အများကြီးတင်ပါတယ်။ မသွားနိုင်တဲ့သူတွေလည်း ဒီမှာလာပြလို့ရတယ်။ လာပြီးတော့ ဆေးကုသပေးတာရော အကုန်လုံးအတွက် ဝမ်းသာပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။

သတင်းစဉ်


၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၇ ရက် ၊ နိုဝင်ဘာ ၂၆ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Nov 26, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၆ ရက် ၊ နိုဝင်ဘာ ၂၅ ရက်၊ အင်္ဂါနေ့။


Posted on Nov 25, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၅ ရက် ၊ နိုဝင်ဘာ ၂၄ ရက်၊ တနင်္လာနေ့။


Posted on Nov 24, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၄ ရက် ၊ နိုဝင်ဘာ ၂၃ ရက်၊ တနင်္ဂနွေနေ့။


Posted on Nov 23, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၃ ရက် ၊ နိုဝင်ဘာ ၂၂ ရက်၊ စနေနေ့။


Posted on Nov 22, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၂ ရက် ၊ နိုဝင်ဘာ ၂၁ ရက်၊ သောကြာနေ့။


Posted on Nov 21, 2025
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးအဆင့်ရာထူး(၁၁)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့် နေ့ရက်၊ အချိန်နှင့် ခုံအမှတ်...

Posted on Nov 21, 2025

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးအဆင့်ရာထူး(၁၁)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့်နေ့ရက်၊ အချိန်နှင့် ခုံအမှတ် ထုတ်ပြန်ခြင်း

HOT NEWS
January 4,