တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)မှ တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့ ဘိုကလေးမြို့နယ်သို့ ရောက်ရှိ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)မှ တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့ ဘိုကလေးမြို့နယ်သို့ ရောက်ရှိ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / December 08, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၇

ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)၊ မြစ်ရေယာဉ်(စကု)တို့နှင့်အတူ လိုက်ပါလာသည့် တပ်မ‌တော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် ဘိုကလေးမြို့နယ်သို့ရောက်ရှိရာ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ဒေသခံပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ကြသည်။

အဆိုပါ နယ်လှည့်ဆေးကုသရေးအဖွဲ့သည် ဘိုကလေးမြို့နယ် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ အခြေပြု၍ အဆိုပါမြို့နယ်နှင့် အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၅၃၃ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာ ဆေးကုသမှုဆိုင်ရာရောဂါ ၁၅၀၊ ခွဲစိတ်ရောဂါ ၂၄ ဦး၊ သားဖွား/မီးယပ်ရောဂါ ၃၃ ဦး၊ ကလေးရောဂါ ၂၆ ဦး၊ အရိုးရောဂါ ၁၀၀ ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၄၀ ၊ မျက်စိ ရောဂါ ၁၁၇ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၄၃ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ၎င်းတို့အနက် အထွေထွေခွဲစိတ်လူနာ လေးဦး၊ ဓာတ်မှန်ရိုက်လူနာ ၁၇ ဦး၊ Ultrasound စက်ဖြင့် စမ်းသပ်စစ်ဆေး လူနာ ၂၆ ဦး၊ ECG စက်ဖြင့် နှလုံး စမ်းသပ်လူနာ ၁၅ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၄၉ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးကြသည်။

ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခုကဲ့သို့ ကြားသိရပါသည်။

ကျွန်မနာမည် အိအိထွန်းပါ။ ကျွန်မဘိုကလေးမြို့ (၅)ရပ်ကွက်ကနေ လာပြတာဖြစ်ပါတယ်။ သားဖွားမီးယပ်လာပြတာပါ။ ဆရာဝန်တွေကရော အစစအရာရာ အကုန်လုံးအဆင်ပြေအောင်လုပ်ပေးပါတယ်။ အခုလိုမြစ်တွင်းပေါ့။ ရွှေပုဇွန်ရေယာဉ်ကနေ အခုလို လာရောက်ကုသပေးတဲ့အတွက် ကျွန်မတို့ဒေသခံတွေနဲ့ အလွန်ကို ကျေးဇူးတင်မိပါ တယ်။ အခုလိုမျိုး လာရောက်ကုသပေးတဲ့အတွက် ကျွန်မတို့ရန်ကုန်တွေမသွားရဘဲနဲ့ ဒီမှာတင်အခမဲ့ လာရောက်ကုသပေးတဲ့အတွက် ဆရာတို့ပါရဂူအဖွဲ့ ကိုလည်း အလွန်ကိုကျေးဇူးတင်မိပါတယ်။ ဆရာတို့ကို မြို့သူမြို့သားတွေကိုယ်စား ကျွန်မတို့က လှိုက်လှိုက်လှဲလှဲကို ကြိုဆိုပါတယ်။ အခွင့်အခါသင့်ရင် လာရောက်ပြီးတော့ ဒီလိုပဲဆေးကုသမှုတွေ အခမဲ့ကုသပေးပါဦးလို့ ကျေးဇူးတင်စကားပြောချင်ပါတယ်။

ကျွန်မနာမည်ကတော့ မရတနာမျိုးဖြစ်ပါတယ်။ ကျွန်မကဒီမှာမျက်လုံးနဲ့ ပတ်သက်ပြီးတော့ ခေါင်းလည်းနည်းနည်းကိုက်တယ်။ မျက်ရိုးတွေလည်း ကိုက်တဲ့အတွက်ကြောင့်မို့ ဒီမှာလာပြီး ပြတဲ့အခါမှာ ပါဝါပြန်ပြီးတော့စစ်မယ်။ ပြီးရင်မျက်စိအတွက် ဆေးတစ်ပတ်သောက်ရမယ်။ သောက်ပြီးရင် ပါဝါပြန်စစ်တဲ့အခါမှာတော့ ပြန်ပြီးတော့ ကောင်းမွန်လာနိုင်တယ်။ ဒီအာရုံကြောအားနည်းတဲ့ ပုံစံမျိုးဖြစ်တယ်။ ပြီးရင်မျက်လုံးကတော့ကောင်းတယ်။ ပါဝါလေးပြန်စစ်လိုက်ရင် အဆင်ပြေသွားမယ်ဆိုပြီးတော့ပြောပါတယ်။ အခုလိုမျိုးလာပြီး လှည့်လည်ပြီးတော့ အခမဲ့လာရောက် ကုသပေးတဲ့အတွက်ကြောင့်မို့ ကျေးလက်နေပြည်သူတွေအနေနဲ့ ကျန်းမာရေးနဲ့ပတ်သက်တဲ့ အသိပညာအခွင့်အလမ်းတွေ အများကြီးရရှိနိုင်ပါတယ်။ ကလေးအထူးကု ဆရာဝန်ပါတယ်။ ခွဲစိတ်အထူးကု ဆရာဝန်ပါတယ်။ အရိုးအကြောနဲ့ ပတ်သက်တာ၊ မျက်လုံး၊ အထွေထွေပြီးသွားလို့ရှိရင် အမျိုးသမီးတွေနဲ့ ပတ်သက်ပြီးတော့ သားဖွားနဲ့မီးယပ်ဆရာဝန်တွေ အများကြီးလာတဲ့အတွက်ကြောင့်မို့လည်း ဒေသခံတွေအနေနဲ့ ဒါသူတို့ရဲ့ကျန်းမာရေးတွေကို ဆေးရုံဆေးခန်းတွေ တကူးတက သွားရောက်စရာမလိုဘဲ ဒီတစ်နေရာတည်းမှာ ကဏ္ဍပေါင်းစုံကို ကုသနိုင်တဲ့အတွက်ကြောင့်မို့ သူတို့အတွက်လည်း အထောက်အကူတွေ အများကြီးဖြစ်ပါတယ်။ အခုလိုမျိုးလာရောက်ကုသ ပေးတဲ့ ဒီနယ်လှည့်ဆေးကုသရေးအဖွဲ့(ရွှေပုဇွန်)နဲ့ ဆရာကြီးတွေအားလုံးကို ကျေးဇူးတင်ရှိပါတယ်။ ကျွန်မတို့ ဘိုကလေးမြို့လေးကိုလာပြီးတော့ ဒီလိုမျိုးကုသပေးတဲ့အတွက်ကြောင့်မို့ ဒီကျေးလက်နေပြည်သူတွေရဲ့ ကျန်းမာရေးအခွင့်အလမ်းတွေ အများကြီးရရှိအောင် ပြုလုပ်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

သတင်းစဉ်


၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက် ၊ ဒီဇင်ဘာ ၈ ရက်၊ တနင်္လာနေ့။


Posted on Dec 08, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက် ၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့။


Posted on Dec 07, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက်၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့


Posted on Dec 06, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁ ရက်၊ ဒီဇင်ဘာ ၅ ရက်၊ သောကြာနေ့။


Posted on Dec 05, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်နေ့ ၊ ဒီဇင်ဘာ ၄ ရက်၊ ကြာသပတေးနေ့။


Posted on Dec 04, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၄ ရက် ၊ ဒီဇင်ဘာ ၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Dec 03, 2025
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ

Posted on Dec 6, 2025

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ

ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် နယ်မြေများ စာရင်းထုတ်ပြန်ကြေညာ

Posted on Dec 6, 2025

ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် နယ်မြေများ စာရင်းထုတ်ပြန်ကြေညာ

ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် နယ်မြေများ စာရင်းထုတ်ပြန်ကြေညာ

Posted on Dec 6, 2025

ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် နယ်မြေများ စာရင်းထုတ်ပြန်ကြေညာ

HOT NEWS
January 4,