တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့ရှိ လင်ကွမ်းစီကျောင်းတိုက် (ဗုဒ္ဓမြတ်စွယ်တော်ကျောင်း) မှ ကျောင်းထိုင်ဆရာတော် Rev Shi Changzang အမှူးပြုသော ဘုန်းတော်ကြီးများက ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်ရှိ ဆံတော်တိုက်အဝင်အထွက် လုံခြုံရေးမှန်ကာရံ၍ ဆံတော်တိုက်ပတ်လည်ရွှေချထားသည့် နံရံများ Polycarbonate တပ်ဆင်လှူဒါန်း
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့ရှိ လင်ကွမ်းစီကျောင်းတိုက် (ဗုဒ္ဓမြတ်စွယ်တော်ကျောင်း) မှ ကျောင်းထိုင်ဆရာတော် Rev Shi Changzang အမှူးပြုသော ဘုန်းတော်ကြီးများက ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်ရှိ ဆံတော်တိုက်အဝင်အထွက် လုံခြုံရေးမှန်ကာရံ၍ ဆံတော်တိုက်ပတ်လည်ရွှေချထားသည့် နံရံများ Polycarbonate တပ်ဆင်လှူဒါန်း
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / September 30, 2025

နေပြည်တော် စက်တင်ဘာ ၃၀
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့ရှိ လင်ကွမ်းစီကျောင်းတိုက် (ဗုဒ္ဓမြတ်စွယ်တော်ကျောင်း) မှ ကျောင်းထိုင်ဆရာတော် Rev Shi Changzang အပါအဝင် ဘုန်းတော်ကြီး ၅ ပါးတို့က ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်ရှိ၊ ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော်မြတ်ကြီး၌ ဆံတော်တိုက် အဝင်/အထွက် လုံခြုံရေးမှန်တပ်ဆင်ခြင်းနှင့် ဆံတော်တိုက် ပတ်လည်ရွှေပိန်းချနံရံများအား Polycarbonate မှန် တပ်ဆင်လှူဒါန်းခြင်း ရေစက်ချမင်္ဂလာအခမ်းအနားကို စက်တင်ဘာ ၂၈ ရက် နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တစန္ဒိမာဘိဝံသအမှူးပြုသော သံဃာတော်များနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်း မြို့ရှိလင်ကွမ်းစီကျောင်းတိုက် (ဗုဒ္ဓမြတ်စွယ်တော်ကျောင်း) မှ ကျောင်းထိုင် ဆရာတော် Rev Shi Changzang အပါအဝင် ဘုန်းတော်ကြီး ၅ ပါး အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ လင်ကွမ်းစီကျောင်းတိုက် (ဗုဒ္ဓမြတ်စွယ်တော်ကျောင်း) မှ ကျောင်းထိုင်ဆရာတော်နှင့် တာဝန်ရှိသူများက ဆံတော်တိုက် အဝင်/အထွက် လုံခြုံရေးမှန်တပ်ဆင်ခြင်းနှင့် ဆံတော်တိုက်ပတ်လည် ရွှေပိန်းချနံရံများအား Polycarbonate မှန်တပ်ဆင်လှူဒါန်းခြင်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး အမွှေးနံ့သာရည်ပတ်ဖြန်းပေးကြသည်။ ယင်းနောက် လင်ကွမ်းစီကျောင်းတိုက် (ဗုဒ္ဓမြတ်စွယ်တော်ကျောင်း) မှ ကျောင်းထိုင်ဆရာတော်က ဝမ်းသာပီတိစကားမိန့်ကြားပြီး ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော်မြတ်ကြီးတွင် ဘဏ္ဍာတော်တိုက်အသစ်တည်ဆောက်ရန်အတွက် အလှူငွေယွမ် ၁၀,၀၀၀ အား လှူဒါန်းရာ ဒုတိယဝန်ကြီးက လက်ခံရယူပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။
ထို့နောက်လင်ကွမ်းစီကျောင်းတိုက် (ဗုဒ္ဓမြတ်စွယ်တော်ကျောင်း) မှ ကျောင်းထိုင် ဆရာတော် Rev Shi Changzang အပါအဝင် ဘုန်းတော်ကြီး ၅ ပါးတို့သည် မွန်းလွဲပိုင်းတွင် မရမ်းကုန်းမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်း၊ ကမ္ဘာအေးကုန်းမြေရှိ မဟာဝိဇယမင်္ဂလာဓမ္မသဘင်သို့ကြွရောက်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော်ကြီးများအား တွေ့ဆုံဖူးမြော်ကြည်ညိုကြပြီး နှစ်နိုင်ငံချစ်ကြည်ရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံသို့ ဗုဒ္ဓမြတ်စွယ်တော်ပင့်ဆောင်အပူဇော်ခဲ့မှုအခြေအနေများနှင့် သာသနာရေး ဆိုင်ရာကိစ္စရပ်များအား အပြန်အလှန်လျှောက်ထားဆွေးခဲ့ကြကာ အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ကြသည်။
အဆိုပါ လင်ကွမ်းစီကျောင်းတိုက် (ဗုဒ္ဓမြတ် စွယ်တော်ကျောင်း) မှ ဗုဒ္ဓမြတ်စွယ်တော်အား ၁၉၅၅ ခုနှစ်တွင် ၁ ကြိမ်၊ ၁၉၉၄ ခုနှစ်တွင် ၁ ကြိမ်၊ ၁၉၉၆ ခုနှစ်တွင် ၁ ကြိမ်၊ ၂၀၁၁ ခုနှစ် တွင် ၁ ကြိမ်၊ စုစုပေါင်း ၄ ကြိမ် မြန်မာနိုင်ငံသို့ ပင့်ဆောင်အပူဇော်ခံခဲ့ကြောင်း သတင်းရရှိသည်။



၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။
Posted on Sep 30, 2025
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၇ ရက် ၊ စက်တင်ဘာ ၂၈ ရက်၊ တနင်္ဂနွေနေ့။
Posted on Sep 28, 2025
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၇ ရက် ၊ စက်တင်ဘာ ၂၈ ရက်၊ တနင်္ဂနွေနေ့။
Posted on Sep 28, 2025
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၇ ရက် ၊ စက်တင်ဘာ ၂၈ ရက်၊ တနင်္ဂနွေနေ့။
Posted on Sep 28, 2025
နိုင်ငံတော်အတွင်း နိုင်ငံတော်၏တာဝန်ကို ထမ်းဆောင်လျက်ရှိကြသည့် နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအတွက် အပိုထောက်ပံ့ကြေး ထပ်မံခံစားခွင့်ပြုခြင်း
Posted on Sep 30, 2025နိုင်ငံတော်အတွင်း နိုင်ငံတော်၏တာဝန်ကို ထမ်းဆောင်လျက်ရှိကြသည့် နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအတွက် အပိုထောက်ပံ့ကြေး ထပ်မံခံစားခွင့်ပြုခြင်း
နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း
Posted on Sep 26, 2025နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း
နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း
Posted on Sep 24, 2025နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း