တရုတ်-မြန်မာ-ထိုင်း-ကမ္ဘောဒီးယား-လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့အကြား ပထမအကြိမ် အွန်လိုင်း လိမ်လည်မှု ပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးသို့ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်

တရုတ်-မြန်မာ-ထိုင်း-ကမ္ဘောဒီးယား-လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့အကြား ပထမအကြိမ် အွန်လိုင်း လိမ်လည်မှု ပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးသို့ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / November 16, 2025


   ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၄ ရက် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ တရုတ်-မြန်မာ-ထိုင်း-ကမ္ဘောဒီးယား-လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့အကြား ပထမအကြိမ် အွန်လိုင်းလိမ်လည်မှု ပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့ရှိ Hai Geng (ဟိုင်ဂင်)ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

   အစည်းအဝေးသို့ မြန်မာနိုင်ငံ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်ကျော်ကျော် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ လက်ထောက်ဝန်ကြီး မစ္စတာ လျိုကျုံးယီ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ ကမ္ဘောဒီးယားနိုင်ငံ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး မစ္စတာ ကျိုဗန်ထန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ လာအိုနိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး မစ္စတာ ခမ်ကင်းဖွီလာမနီဝုန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ ထိုင်းနိုင်ငံ၊ တော်ဝင်ရဲတပ်ဖွဲ့၊ လက်ထောက်ရဲချုပ်၊ ဒုတိယ ရဲဗိုလ်ချုပ်ကြီး ဇီရဘ်ဟော့ဘူရီဒတ်ချ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ ဗီယက်နမ်နိုင်ငံ၊ ပြည်သူ့ လုံခြုံရေးဝန်ကြီးဌာန၊ မှုခင်းရဲတပ်ဖွဲ့၊ ဒုတိယတပ်ဖွဲ့မှူး မစ္စတာ ဖန်မန်ထရုန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ခဲ့ကြပြီး ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့်မှုခင်းဆိုင်ရာရုံး(UNODC)၊ စင်ကာပူနိုင်ငံ အခြေစိုက်အင်တာပိုလ်ရုံးခွဲနှင့် လန်ချန်း-မဲခေါင် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာဗဟိုဌာန (LMLECC) တို့မှ ကိုယ်စားလှယ်များက လေ့လာသူအဖြစ် တက်ရောက်ခဲ့ကြပါသည်။

   အစည်းအဝေးတွင် သဘာပတိဖြစ်သူ တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ လက်ထောက်ဝန်ကြီး မစ္စတာ လျိုကျုံးယီ က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့မှ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်များက အမှာစကား အသီးသီးပြောကြားခဲ့ကြပါသည်။

   မြန်မာနိုင်ငံ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်ကျော်ကျော် က မြန်မာနိုင်ငံအနေဖြင့် အွန်လိုင်းအသုံးပြုလိမ်လည်မှုများ တိုက်ဖျက်ရန် ဒေသတွင်းပူးပေါင်း ဆောင်ရွက်မှုကို အရှိန်မြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ လိမ်လည်မှုကွန်ရက်များနှင့် ရာဇဝတ်ဂိုဏ်း များကို ပြတ်ပြတ်သားသား နှိမ်နင်းဖယ်ရှားရန်၊ အဆိုပါကွန်ရက်များ၌ ပိတ်မိနေသူများကို ကယ်ဆယ်ရန်၊ဒေသတွင်းတရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်းရန် အထူးအလေးထားဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ အွန်လိုင်းအသုံးပြုလိမ်လည်မှုတိုက်ဖျက်ရေးသည် လန်ချန်း-မဲခေါင် အသိုက်အဝန်း၏ ဘုံတာဝန်ဖြစ်ကြောင်း၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးယန္တရားသည် စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်မည့် ပလက်ဖောင်းတစ်ရပ်ဖြစ်ကြောင်း အမှာစကားပြောကြားခဲ့ပါသည်။

  ဆက်လက်၍ ဆက်သွယ်ရေးစနစ်နှင့် အွန်လိုင်းတို့ကို အသုံးပြုပြီး လိမ်လည်သောမှုခင်းများ တိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ နိုင်ငံတကာမဟာမိတ်အဖွဲ့ ပူးတွဲတည်ထောင်ရေး၊ အွန်လိုင်းလိမ်လည်မှု လုပ်ကိုင်နေသောနေရာများအား ရှင်းလင်းဖယ်ရှားရေးနှင့် ပြည်နှင်လွှဲပြောင်းမှု တိုးမြှင့်ပြုလုပ်ရေး၊ အွန်လိုင်းလိမ်လည်မှု ပြုလုပ်နေသောအဓိကနေရာများအား ပူးတွဲထိန်းချုပ်ရေးစသည့် ခေါင်းစဉ် ၃ ရပ်ဖြင့် ဆွေးနွေးမှုကို ဆက်လက်ပြုလုပ်ခဲ့ရာအစည်းအဝေး တက်ရောက်လာကြသော နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ဝင်များက အသီးသီး ဝင်ရောက်ဆွေးနွေးခဲ့ကြပါသည်။

   ယင်းနောက် သဘာပတိဖြစ်သူ တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ လက်ထောက်ဝန်ကြီး မစ္စတာ လျိုကျုံးယီနှင့် ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့မှ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များက နိဂုံးချုပ်အမှာစကား အသီးသီး ပြောကြားခဲ့ကြပါသည်။

မြန်မာနိုင်ငံ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်ကျော်ကျော် က မြန်မာနိုင်ငံ၏နယ်မြေကိုအသုံးချ၍ ဒေသတွင်းနှင့်ကမ္ဘာကိုထိခိုက်စေသည့် မည်သည့်ရာဇဝတ်လှုပ် ရှားမှုကိုမျှခွင့်ပြုမည်မဟုတ်ပါကြောင်း၊ အွန်လိုင်းလိမ်လည်မှု၏အရင်းအမြစ်ကို ထိထိရောက်ရောက် ဖြတ်တောက်နိုင်မည့် စီမံခန့်ခွဲမှုနှင့်ထိန်းချုပ်မှုများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အထူးသဖြင့် လူကုန်ကူးခံရသူများကိုကယ်ဆယ်ပြီး ပြန်လည်ပေါင်းစည်းရေးလုပ်ငန်းစဉ်များတွင် မိတ်ဖက်နိုင်ငံ များနှင့်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အွန်လိုင်းအသုံးပြုလိမ်လည်မှုကို နိုင်ငံတော်အစိုးရ၏ မူဝါဒနှင့်အညီ ထိထိရောက်ရောက် တားဆီးနှိမ်နင်းသွားမည်ဖြစ်ကြောင်း နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပါသည်။

   မြန်မာနိုင်ငံ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်ကျော်ကျော် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သတင်းရရှိပါသည်။


၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ နိုဝင်ဘာ ၁၆ ရက်၊ တနင်္ဂနွေနေ့။


Posted on Nov 16, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်၊ နိုဝင်ဘာ ၁၅ ရက်၊ စနေနေ့။


Posted on Nov 15, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်၊ နိုဝင်ဘာ ၁၄ ရက်၊ သောကြာနေ့။


Posted on Nov 14, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၉ ရက်၊ နိုဝင်ဘာ ၁၃ ရက်၊ ကြာသပတေးနေ့။


Posted on Nov 13, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Nov 12, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Nov 12, 2025
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

သမဝါယမကောလိပ်(ဖောင်ကြီး)နှင့်သမဝါယမကောလိပ်(မန္တလေး) ပထမနှစ်ဝင်ခွင့်ရရှိသူများစာရင်း

Posted on Nov 13, 2025

သမဝါယမကောလိပ် (မန္တလေး၊ ဖောင်ကြီး)တို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပထမနှစ် (ပထမနှစ်ဝက်)သင်တန်းနှင့် ဒုတိယနှစ် (ပထမနှစ်ဝက်)သင်တန်းများကို (၁၇-၁၁-၂၀၂၅)ရက်နေ့မှ စတင်၍ ကျောင်းအပ်လက်ခံပြီး (၂၄-၁၁-၂၀၂၅)ရက်နေ့၌ စတင်ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။

HOT NEWS
January 4,