တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်း အသီးသီးမှ အကျဉ်းကျခံနေရသူများကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု

တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်း အသီးသီးမှ အကျဉ်းကျခံနေရသူများကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 18, 2025
image_latest


နေပြည်တော် ဧပြီ ၁၇

အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတို့တွင် အကျဉ်းကျခံနေကြရသော နိုင်ငံသား အကျဉ်းသား အကျဉ်းသူ ၄၈၉၃ ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား အကျဉ်းသူ ၁၃ ဦး၊ စုစုပေါင်း ၄၉၀၆ ဦး တို့ကို ယနေ့တွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း သိရသည်။

ယနေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်း အသီးသီးမှ အကျဉ်းကျခံနေကြသော အကျဉ်းသား အကျဉ်းသူ ၄၈၉၃ ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား အကျဉ်းသူ ၁၃ ဦး တို့ကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ ၊ ပုဒ်မခွဲ (၁) အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်းနှင့် နိုင်ငံခြားသား အကျဉ်းသားအကျဉ်းသူတို့ကို ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း သိရသည်။

အကျဉ်းသား အကျဉ်းသူများကို တစ်ဦးလျှင် ခရီးစရိတ်အဖြစ် ခရီးတစ်မိုင်အား ငွေကျပ် ၃၅ ကျပ်နှုန်း၊ စားစရိတ်အား တစ်ရက်လျှင် ငွေကျပ် ၁ဝဝဝ နှုန်းဖြင့် ဦးစီးရန်ပုံငွေမှ လည်းကောင်း၊ စခန်းများမှ လွတ်မြောက်သည့် အကျဉ်းသား အကျဉ်းသူများကို အလုပ်ဆင်းရက်အပေါ်မူတည်ပြီး သတ်မှတ်နှုန်းထားဖြင့် တွက်ချက်ထားသော လုပ်အားခဆုငွေများကို အကျဉ်းသားများလုပ်အားဖြင့် ကုန်ထုတ်လုပ်ရေးအဖွဲ့ ရန်ပုံငွေမှလည်းကောင်း ပြည့်ဝစွာထုတ်ပေးခဲ့ကြောင်းသိရသည်။

အကျဉ်းသားများအား လွှတ်ပေးရာတွင် အကျဉ်းထောင်ရုံးစိုက်ရာမြို့ရှိ လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီး၊ တိုင်းဒေသကြီး/ ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး၊ အကျဉ်းထောင် တာဝန်ခံအရာရှိ၊ သက်ဆိုင်ရာ ဒေသရှိခရိုင်/ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့မှူးများ၊ သတင်းရဲတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဆိုင်ရာရုံးတို့ ပါဝင်သောအဖွဲ့ဖြင့်ဆုံးမသြဝါဒ စကားပြောကြား၍ ထောင်လွတ် လက်မှတ်ပေးအပ်ခဲ့ကြောင်း သိရသည်။

လွတ်မြောက်သွားသူ ၄၉၀၆ ဦးအနက် ကချင်ပြည်နယ်မှ ၉၃ ဦး၊ ကယားပြည်နယ်မှ ကိုးဦး၊ ကရင်ပြည်နယ်မှ ၈၅ ဦး၊ စစ်ကိုင်း တိုင်းဒေသကြီးမှ ၇၅ ဦး၊ တနင်္သာရီတိုင်းဒေသကြီးမှ ၁၃၀၊ ပဲခူးတိုင်းဒေသကြီးမှ ၄၈၇ ဦး၊ မကွေးတိုင်းဒေသကြီးမှ ၂၁၀ ၊ မန္တလေးတိုင်းဒေသကြီးမှ ၉၄၃ ဦး၊ မွန်ပြည်နယ်မှ ၅၁၃ ဦး၊ ရခိုင် ပြည်နယ်မှ ၆၃ ဦး၊ ရန်ကုန်တိုင်း ဒေသကြီးမှ ၁၁၄၉ ဦး၊ ရှမ်း ပြည်နယ်မှ ၃၁၇ ဦး၊ ဧရာဝတီတိုင်း ဒေသကြီးမှ ၇၃၁ ဦးနှင့် လူမှု ဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ သင်တန်းကျောင်းများမှ လူငယ် ၁၀၁ ဦး လွတ်မြောက်သွားကြောင်း သိရသည်။     

 ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရသူများနှင့် အကျဉ်းထောင်ရှေ့သို့ လာရောက်ကြိုဆိုသော ၎င်းတို့၏ မိသားစုဝင်များမှာ ပျော်ရွှင် ကြည်နူးစွာ ပွေ့ဖက်နှုတ်ဆက်ကြပြီး ခရီးဝေးသွားရောက်ကြမည့် ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ရသူများအား ဘူတာရုံ၊ သင်္ဘောဆိပ်၊ ကားဂိတ်များသို့ မော်တော်ယာဉ် များဖြင့် သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီးအစိုးရအဖွဲ့များက လိုက်လံပို့ဆောင်ပေး ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်


၁၃၈၆ ခုနှစ်၊ တ‌န်ခူးလပြည့်ကျော် ၇ ရက်၊ ဧပြီ ၁၉ ရက်၊ စနေနေ့။


Posted on Apr 19, 2025

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလပြည့်ကျော် ၆ ရက်၊ ဧပြီ ၁၈ ရက်၊ သောကြာနေ့။


Posted on Apr 18, 2025

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလပြည့်ကျော် ၅ ရက်၊ ဧပြီ ၁၇ ရက်၊ တနင်္ဂနွေနေ့။


Posted on Apr 17, 2025

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလပြည့်နေ့၊ ဧပြီ ၁၂ ရက်၊ စနေနေ့။


Posted on Apr 12, 2025

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလဆန်း ၁၄ ရက်၊ ဧပြီ ၁၁ ရက်၊ သောကြာနေ့။


Posted on Apr 11, 2025

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလဆန်း ၁ ရက်၊ မတ် ၂၉ ရက်၊ စနေနေ့။


Posted on Apr 10, 2025
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်

Posted on Apr 17, 2025

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၀ / ၂၀၂၅ ၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက် (၂ဝ၂၅ ခုနှစ်၊ ဧပြီလ ၁၇ ရက်) ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်

HOT NEWS
January 4,