ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန မြို့နယ်ရုံး အဆောက်အအုံသစ်ဖွင့်ပွဲနှင့် လူမှုဖူလုံရေး-ကောင်းဇေ အထွေထွေရောဂါကုဆေးခန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန မြို့နယ်ရုံး အဆောက်အအုံသစ်ဖွင့်ပွဲနှင့် လူမှုဖူလုံရေး-ကောင်းဇေ အထွေထွေရောဂါကုဆေးခန်းဖွင့်ပွဲအခမ်းအနား ကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 01, 2024
image_latest


နေပြည်တော် ဧပြီ ၃၀

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန မြို့နယ်ရုံး အဆောက်အအုံသစ်ဖွင့်ပွဲအခမ်းအနားနှင့် လူမှုဖူလုံရေး-ကောင်းဇေ အထွေထွေရောဂါကုဆေးခန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အကျုံးဝင်အလုပ်ဌာနများမှ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များ၊ ကောင်းဇေဆေးခန်းမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းရင်းသားရေးရာဝန်ကြီးတို့က မြို့နယ်ရုံးနှင့် ဆေးခန်းတို့ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဆေးခန်းနှင့် ရုံး အဆောက်အအုံတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း ပင်လုံခန်းမ၌ ကိုရီးယားဘာသာ အရည်အချင်းစစ်ဆေးခြင်းစာမေးပွဲ (EPS-Topik) ဖြေဆိုနေမှုကို ကြည့်ရှုအားပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တာမွေမြို့နယ် အလုပ်သမားဆေးရုံကြီး (ရန်ကုန်)ရှိ အဆင့်မြှင့်တင်ပြုပြင်မွမ်းမံထားသော ပြင်ပလူနာဌာန ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အဆိုပါဆေးရုံကြီးရှိ ကျောက်ကပ်တုသွေးသန့်စင်ခန်းတွင် စက်လေးလုံး တပ်ဆင်ကုသပေးနေမှုအခြေအနေနှင့် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ကျောက်ကပ် ဆေးကြောသည့် လူနာများကို အလှူငွေများ ပေးအပ်လှူဒါန်းသည်။

အလုပ်သမားဆေးရုံကြီး (ရန်ကုန်) ရှိ ကျောက်ကပ်တု သွေးသန့်စင်ခန်းတွင် စက်လေးလုံးတပ်ဆင်ပြီး တစ်ရက် ရှစ်ယောက်နှုန်းဖြင့် တနင်္ဂနွေနေ့မပါ အာမခံအလုပ်သမားများကို အခမဲ့ ကျောက်ကပ်ဆေးကြောပေးလျက်ရှိပြီး အလုပ်သမားဆေးရုံကြီး (မန္တလေး) တွင်လည်း အလားတူ ဆောင်ရွက်ပေးနေပြီ ဖြစ်သည်။

အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့သည် အကျုံးဝင်အာမခံအလုပ်သမားများ၏ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အလုပ်သမားဆေးရုံကြီး သုံးရုံကို ဆောက်လုပ်ပြီး အာမခံအလုပ်သမားများအတွက် ကောင်းမွန်ပြည့်စုံသည့် ကျန်းမာရေးဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် ဆောင်ရွက်လျက်ရှိရာ တာမွေမြို့နယ်ရှိ အလုပ်သမားဆေးရုံကြီး (ရန်ကုန်) ၌ ပြင်ပလူနာဌာနနှင့် ကျောက်ကပ်တု သွေးသန့်စင်ခန်း အဆင့်မြှင့်တင်မွမ်းမံခြင်း များကို လူမှုဖူလုံရေးအဖွဲ့၏ ဘဏ္ဍာရန်ပုံငွေမှ ငွေကျပ် ၃၇ ဒသမ ၆၇ သန်းဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ခဲ့သည်။

အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့အနေဖြင့် အကျုံးဝင်အာမခံအလုပ်သမားများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများကို အလွယ်တကူ လက်လှမ်းမီရယူနိုင်စေရန် ပုဂ္ဂလိကနှင့်ပူးပေါင်း၍ စာချုပ်ဆေးခန်းများဖွင့်လှစ်ကာ ကျန်းမာရေးဝန်ဆောင်မှု ထောက်ပံ့ဆောင်ရွက်လျက်ရှိပြီး လက်ရှိတွင် Capitation Payment စာချုပ်ဆေးခန်း ၁၅ ခန်း၊ Fee for Service Payment စာချုပ်ဆေးခန်း ၄၉ ခန်း၊ Specialist OG OPD ပြသနိုင်သော ဆေးခန်း ၃၈ ခန်း၊ မီးဖွားခြင်းနှင့်ဆိုင်သော ဝန်ဆောင်မှုဆောင်ရွက်သည့် စာချုပ်ဆေးရုံ/ သားဖွားခန်း ၁၅ ခန်းတို့ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးအတွင်း အကျုံးဝင် အာမခံအလုပ်သမားပေါင်း ၈၉၂၇၉၇ ဦးအတွက် လူမှုဖူလုံရေး ဆေးခန်း ၁၅ ခန်း၊ Fee for Service Payment စာချုပ်ဆေးခန်း ၃၄ ခန်း၊ Capitation Payment စာချုပ်ဆေးခန်း ခုနစ်ခန်းနှင့် Specialist OG OPD ပြသနိုင်သောဆေးခန်း ၂၆ ခန်းဖြင့် ဆောင်ရွက်လျက်ရှိပြီး ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၄ ခုနှစ် မတ်လအထိ လူနာဦးရေ ၈၄၄၄၇ ဦးကို ဆေးဖိုးငွေကျပ် ၅၀၈၆ သန်း ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်


၁၃၈၆ ခုနှစ်၊ ကဆုန်လပြည့်နေ့ ၊ မေ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 22, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက်၊ မေ ၂၁ ရက်၊ အင်္ဂါနေ့။


Posted on May 21, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်၊ မေ ၂၀ ရက်၊ တနင်္လာနေ့။


Posted on May 20, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၁၉ ရက်၊ တနင်္ဂနွေနေ့။


Posted on May 19, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၁၈ ရက်၊ စနေနေ့။


Posted on May 18, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၁၇ ရက်၊ သောကြာနေ့။


Posted on May 17, 2024
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့်အညီ စာအုပ်စာစောင်များပေးအပ်ရန် အသိပေးကြေညာချက်

Posted on May 18, 2024

၂၀၁၄ ခုနှစ်၊ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများအရ ထုတ်ဝေသူများသည် မိမိတို့ထုတ်ဝေသည့် စာအုပ်စာစောင် ၅ အုပ် သို့မဟုတ် ၅ စောင်ကို ပြန်ကြားရေးဝန်ကြီးဌာနသို့ အဖိုးအခလွတ်ပေးအပ်ရမည်ဖြစ်ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာနသည် အဆိုပါစာအုပ်စာစောင်များကို မူပိုင်ခွင့်နှင့် စာအုပ်စာရင်း ၂ အုပ်၊ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီသို့ ၂ အုပ်နှင့် အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနသို့ ၁ အုပ် ပေးပို့လျက်ရှိပါသည်။

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကန့်ကွက်နိုင်ကြောင်း ကြော်ငြာခြင်း

Posted on May 16, 2024

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကန့်ကွက်နိုင်ကြောင်း ကြော်ငြာခြင်း

HOT NEWS
January 4,