ဒီအခက်အခဲက အားလုံးကြုံတွေ့နေရတာဖြစ်တဲ့အတွက် အားလုံးကအားတင်းထားပြီး နှစ်သစ်ကို စိတ်သစ် ခွန်အားသစ်တွေနဲ့ ကျော်ဖြတ်ပါလို့ ပြောချင်ပါတယ်

ဒီအခက်အခဲက အားလုံးကြုံတွေ့နေရတာဖြစ်တဲ့အတွက် အားလုံးကအားတင်းထားပြီး နှစ်သစ်ကို စိတ်သစ် ခွန်အားသစ်တွေနဲ့ ကျော်ဖြတ်ပါလို့ ပြောချင်ပါတယ်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 19, 2025
image_latest


နေပြည်တော် ဧပြီ ၁၈

ဦးစန်းဦး (အုပ်ချုပ်ရေးမှူး၊ ဉာဏသိဒ္ဓိရပ်ကွက်)

မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ နိုင်ငံ့ဝန်ထမ်းအိမ်ရာများ ပြိုကျပျက်စီးခြင်းနှင့် ကြီးမားစွာ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ အမိုးအကာအောက်တွင် လုံခြုံအေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် နေပြည်တော်ကောင်စီနယ်မြေအတွင်း၌ ယာယီတည်းခိုရေးစခန်းများကို တည်ဆောက်ဖွင့်လှစ်ပြီး နေရာချထားပေးလျက်ရှိသည်။

ထိုသို့ ယာယီနေရာချထားပေးမှုအခြေအနေများနှင့်စပ်လျဉ်း၍ ဉာဏသိဒ္ဓိရပ်ကွက်၌ တည်ဆောက်ထားသည့် ယာယီတည်းခိုရေးစခန်းသို့ သွားရောက်၍ ကဏ္ဍအလိုက် ဆောင်ရွက်ထားမှုအခြေအနေ၊ ရေ၊ မီး၊ မိလ္လာကိစ္စရပ်များ စီစဉ်ဆောင်ရွက်ပြီးစီးမှုနှင့် ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများအား နေရာချထားမှုအခြေအနေတို့ကို မြေပြင်ကွင်းဆင်းလေ့လာကာ တာဝန်ရှိသူများနှင့် တွေ့ဆုံမေးမြန်းထားမှုများကို ရေးသားဖော်ပြလိုက်ပါသည်-

ဦးစန်းဦး (အုပ်ချုပ်ရေးမှူး၊ ဉာဏသိဒ္ဓိရပ်ကွက်)

ကျွန်တော်တာဝန်ယူထားတဲ့ ဉာဏသိဒ္ဓိရပ်ကွက်ယာယီတည်းခိုရေးစခန်းမှာ ယာယီမိုးကာတဲ ၁၂၀ ရှိပါတယ်။ ဝန်ကြီးဌာနတွေအနေနဲ့ ပြည်ထဲရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးတို့က ဝန်ထမ်းနဲ့ ဝန်ထမ်းမိသားစုအိမ်ထောင်စု ၉၃ စုရှိပြီး လူဦးရေစုစုပေါင်း ၃၅၆ ဦး ရှိပါတယ်။ ယာယီတည်းခိုသူတွေနေထိုင်တဲ့အခါ အပူဒဏ်သက်သာစေဖို့အတွက် အထပ်သားပြားနဲ့ ပြုလုပ်ထားတဲ့ အခင်းကွပ်ပျစ်တွေ စီစဉ်ပေးထားပါတယ်။

နိုင်ငံတော်အစိုးရက သန့်ရှင်းသောရေ သောက်သုံးနိုင်ဖို့အတွက် ရေသန့်စက်လေးလုံး စီစဉ်ပေးထားပါတယ်။ ချိုးရေနဲ့ သုံးရေအတွက် ဂါလန် ၅၀၀၀ ဆံ့ ရေကန်စုစုပေါင်းခြောက်ကန်နဲ့ မိလ္လာအလုံး ၃၀ ထားရှိပေးပါတယ်။ ရေချိုးကန်နဲ့ မိလ္လာကို ကျား၊ မ ခွဲခြားထားပါတယ်။ စားသောက်ရေးအတွက်ကတော့ အလှူရှင်တွေရှိပါတယ်။ အလှူရှင်နည်းပါးတဲ့ ရက်တွေ ချက်စားနိုင်ဖို့အတွက် မီးဖိုတွေစီစဉ်ပေးမှာဖြစ်ပါတယ်။ မီးဖိုအသုံးပြုခိုင်းတော့မယ်ဆိုရင်လည်း ယာယီမိုးကာတဲတွေနဲ့ ဝေးရာမှာအသုံးပြုဖို့ စီစဉ်ပေးသွားမှာဖြစ်ပါတယ်။ မိုးကာတဲအတွင်း အသုံးပြုဖို့အတွက် ဆိုလာနဲ့ လျှပ်စစ်နှစ်မျိုးသုံးလို့ရတဲ့ မီးအိမ်လေးတွေ စီစဉ်ပေးထားပါတယ်။ လုံခြုံရေးမီးတိုင်တွေကိုတော့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက မီးတိုင်တွေ လာရောက်စိုက်ထူပေးထားပါတယ်။

ကျန်းမာရေးနဲ့ ပတ်သက်လို့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံကြက်ခြေနီအသင်းက တာဝန်ယူစောင့်ရှောက်ပေးပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့တို့က ပူးပေါင်းပြီး လုံခြုံရေးပေးပါတယ်။ ညအခါဆိုရင် လုံခြုံရေးအဖွဲ့ ပိုပြီးတိုးမြှင့်ထားပါတယ်။ ပတ်ဝန်းကျင်သန့်ရှင်းရေးနဲ့ ကျန်းမာရေးမထိခိုက်စေဖို့အတွက် အမှိုက်ပုံး ၁၅ ပုံး ထားရှိပါတယ်။ နေပြည်တော်စည်ပင်သာယာရေးကော်မတီက နေ့စဉ်အချိန်မှန် လာရောက်သိမ်းဆည်းပေးပါတယ်။

ဒီယာယီတည်းခိုရေးစခန်းကို စားသောက်ဖွယ်ရာတွေနဲ့ အသုံးအဆောင်ပစ္စည်းတွေ လှူဒါန်းတဲ့ အလှူရှင်တွေလည်း ရှိပါတယ်။ ကျွန်တော်တို့က လှူဒါန်းချင်တဲ့ အလှူရှင်တွေရဲ့ လှူဒါန်းလိုမှုဆန္ဒကို အရင်မေးမြန်းပါတယ်။ အိမ်ထောင်စုအလိုက်၊ တစ်ဦးချင်းအလိုက် လှူဒါန်းတဲ့အခါ လက်ဝယ်အရောက် လှူဒါန်းမှုက ပိုများပါတယ်။ လက်ဝယ်အရောက် မလှူဒါန်းနိုင်တဲ့အခါ ရုံးဆင်းတဲ့အချိန်မှာ လူဦးရေစုံတဲ့အတွက် အဲဒီအချိန်မှာ ကျွန်တော်တို့က ခွဲဝေပေးအပ်ပါတယ်။ နှစ်သစ်ကူးသင်္ကြန်ရုံးပိတ်ရက် နေရပ်ပြန်သွားတဲ့ ဝန်ထမ်းတွေရှိတဲ့အတွက် လှူဒါန်းမှုပစ္စည်းတွေ သီးခြားထားပြီး ပြန်လည်ပေးအပ်သွားမှာ ဖြစ်ပါတယ်။ ဒီအခက်အခဲက အားလုံးကြုံတွေ့နေရတာဖြစ်တဲ့အတွက် အားလုံးကအားတင်းထားပြီး နှစ်သစ်ကို စိတ်သစ်ခွန်အားသစ်တွေနဲ့ ကျော်ဖြတ်ပါလို့ ပြောချင်ပါတယ်။

ဒေါ်ခင်မာအေး (ကျန်းမာရေးမှူး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန)

ကျွန်မတို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေနဲ့ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် ငလျင်ဘေးသင့်ခံစားရတဲ့ အခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာပါ ကျန်းမာရေးစောင့်ရှောက်မှုအပြည့်အဝရရှိစေဖို့အတွက် ဝန်ထမ်းအားလုံးက အဖွဲ့အလိုက် ကွင်းဆင်းဆောင်ရွက်ပေးကြပါတယ်။ အခုလို ကွင်းဆင်းဆောင်ရွက်တဲ့အခါ ကြိုတင်ကာကွယ်ရေး၊ ကူးစက်ရောဂါဖြစ်ပွားမှုမရှိစေရေးနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါမဖြစ်ပွားစေရေးတို့အတွက် အဓိကဆောင်ရွက်ပါတယ်။ ကြိုတင်ကာကွယ်ရေးပိုင်းအနေနဲ့ ရေတွင်းရေကန်တွေကို ဆေးခတ်ပေးတာ၊ ယင်လုံအိမ်သာတွေ ဆေးဖျန်းပေးတာ၊ စားကြွင်းစားကျန်တွေနဲ့ အမှိုက်ပုံးတွေကို ဆေးဖျန်းပေးတာတို့ကို ဆောင်ရွက်ပေးပါတယ်။ ယာယီမိုးကာတဲဘေးပတ်လည်ကို သန့်ရှင်းသပ်ရပ်မှုရှိစေဖို့အတွက် ဒီယာယီတည်းခိုရေးစခန်းမှာရှိတဲ့ ကျန်းမာရေးအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မှု တွေလည်းရှိပါတယ်။

မထက်ထက်အောင် (ဝန်ထမ်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန)

ကျွန်မတို့မိသားစု ဒီဉာဏသိဒ္ဓိရပ်ကွက်ယာယီတည်းခိုရေးစခန်းမှာ နေထိုင်ရတာ အဆင်ပြေပါတယ်။ သုံးရေ၊ ချိုးရေအတွက် ရေမပြတ်လပ်စေဖို့အတွက် ရေကားတွေနဲ့ လာရောက်ထည့်ပေးပါတယ်။ ရေသန့်ရှင်းဖို့အတွက် ကျန်းမာရေးဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်ပေးပါတယ်။ သောက်သုံးရေကတော့ လာရောက်လှူဒါန်းတဲ့ ရေသန့်ကတ်တွေရှိသလို ရေသန့်စက်တွေလည်းရှိပါတယ်။ ကျန်းမာရေးအတွက်ကတော့ နိုင်ငံခြားက လာရောက်ကူညီပေးတဲ့ ဆေးအဖွဲ့တွေအပြင် ကျန်းမာရေးဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံကြက်ခြေနီအသင်းလည်းရှိပါတယ်။ အိမ်သာကို ယောကျ်ားလေး၊ မိန်းကလေးခွဲခြားပေးထားပြီး လက်ဆေးဘေစင်၊ ဆပ်ပြာနဲ့ ရေကန်တွေ သီးသန့်ထားပေးပါတယ်။ ကျွန်မတို့ လုံခြုံရေးအတွက် လျှပ်စီးမီးအလင်းရောင်ရော၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရောဆိုတော့ စိတ်ချလက်ချနေထိုင်လို့ရပါတယ်။ အခုလိုဒီယာယီတည်းခိုရေးစခန်းမှာ ကျွန်မတို့မိသားစုအတွက် စိတ်ရောကိုယ်ပါလုံခြုံမှုတွေရရှိစေဖို့ စီစဉ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။

ဦးညီညီဇော် (ဝန်ထမ်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန)

ကျွန်တော်တို့မိသားစု ဉာဏသိဒ္ဓိရပ်ကွက်ယာယီတည်းခိုရေးစခန်းမှာ နေထိုင်ရတာ အဆင်ပြေပါတယ်။ စားသောက်ရေး၊ သောက်ရေသန့်၊ ချိုးရေ၊ သုံးရေကအစ အားလုံးစနစ်တကျနဲ့ စီစဉ်ပေးထားပါတယ်။ ချိုးရေ၊ အိမ်သာဆိုရင်လည်း ယောက်ျားလေး၊ မိန်းကလေးခွဲခြားပေးထားတဲ့အတွက် ပိုပြီးအဆင်ပြေပါတယ်။ မီးလင်းရေးနဲ့ပတ်သက်ရင်လည်း လျှပ်စစ်မီး၊ ဆိုလာမီးစီစဉ်ပေးထားပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကလည်း ညနေဆိုရင် တဲတစ်လုံးချင်းစီကို လိုက်လံစစ်ဆေးပေးတဲ့အတွက် လုံခြုံစိတ်အေးစွာနဲ့ နေထိုင်ရပါတယ်။ အခုလိုအားလုံးအစစအရာရာ လိုအပ်ချက်မရှိအောင် စီစဉ်ပေးတဲ့အတွက် နိုင်ငံတော်အစိုးရကိုလည်း ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။

အေးအေးသန့်

ဓာတ်ပုံ-ကိုအေးသန်း


၁၃၈၆ ခုနှစ်၊ တ‌န်ခူးလပြည့်ကျော် ၈ ရက်၊ ဧပြီ ၂၀ ရက်၊ တနင်္ဂနွေနေ့။


Posted on Apr 20, 2025

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလပြည့်ကျော် ၇ ရက်၊ ဧပြီ ၁၉ ရက်၊ စနေနေ့။


Posted on Apr 19, 2025

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလပြည့်ကျော် ၆ ရက်၊ ဧပြီ ၁၈ ရက်၊ သောကြာနေ့။


Posted on Apr 18, 2025

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလပြည့်ကျော် ၅ ရက်၊ ဧပြီ ၁၇ ရက်၊ တနင်္ဂနွေနေ့။


Posted on Apr 17, 2025

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလပြည့်နေ့၊ ဧပြီ ၁၂ ရက်၊ စနေနေ့။


Posted on Apr 12, 2025

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလဆန်း ၁၄ ရက်၊ ဧပြီ ၁၁ ရက်၊ သောကြာနေ့။


Posted on Apr 11, 2025
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်

Posted on Apr 17, 2025

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၀ / ၂၀၂၅ ၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက် (၂ဝ၂၅ ခုနှစ်၊ ဧပြီလ ၁၇ ရက်) ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်

HOT NEWS
January 4,