ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျ အာဆီယံ-တရုတ်စင်တာ အထွေထွေအတွင်းရေးမှူးချုပ်နှင့် တွေ့ဆုံ နည်းပညာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျ အာဆီယံ-တရုတ်စင်တာ အထွေထွေအတွင်းရေးမှူးချုပ်နှင့် တွေ့ဆုံ နည်းပညာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 15, 2025
image_latest


နေပြည်တော် ဇန်နဝါရီ ၁၄

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျ ဦးဆောင်‌သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီ ၉ ရက် ညနေပိုင်းက ပေကျင်းမြို့ရှိ အာဆီယံ-တရုတ် စင်တာ (ASEAN - China Centre - ACC) သို့ ရောက်ရှိရာ ACC အထွေထွေအတွင်းရေးမှူးချုပ်က အာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ သိပ္ပံနှင့် နည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာတက္ကသိုလ်နှင့် သိပ္ပံများတွင် လက်ရှိဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားသည်။

ဆွေးနွေး

ထို့နောက် ဒုတိယဝန်ကြီးသည် ACC အထွေထွေအတွင်းရေးမှူးချုပ်နှင့် အဆိုပါစင်တာ၌ တွေ့ဆုံပြီး တရုတ်-မြန်မာနှစ်နိုင်ငံအကြား အကျိုးစီးပွားရရှိစေရေးနှင့် ချစ်ကြည်ရင်းနှီးမှု ခိုင်မြဲစေရေး၊ အသက်မွေးဝမ်းကျောင်းပညာကဏ္ဍ၊ AI နှင့် EV နည်းပညာများ ဖွံ့ဖြိုးရေးကဏ္ဍ၊ အပြန်အလှန်ဖလှယ်ရေးကဏ္ဍများတွင် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများကို မဟာဗျူဟာမြောက် ဆောင်ရွက်ရေးနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြပြီး အမှတ်တရလက်ဆောင်များကို အပြန်အလှန်လဲလှယ်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်


၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၂ ရက် ၊ ဇန်နဝါရီ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jan 14, 2025

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁ ရက် ၊ ဇန်နဝါရီ ၁၄ ရက်၊ အင်္ဂါနေ့။


Posted on Jan 13, 2025

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်နေ့ ၊ ဇန်နဝါရီ ၁၃ ရက်၊ တနင်္လာနေ့။


Posted on Jan 13, 2025

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၄ ရက်၊ ဇန်နဝါရီ ၁၂ ရက်၊ တနင်္ဂနွေနေ့။


Posted on Jan 12, 2025

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၃ ရက်၊ ဇန်နဝါရီ ၁၁ ရက်၊ စနေနေ့။


Posted on Jan 11, 2025

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၂ ရက်၊ ဇန်နဝါရီ ၁၀ ရက်၊ သောကြာနေ့။


Posted on Jan 10, 2025