ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ နည်းပညာတက္ကသိုလ် (သန်လျင်)၊ အစိုးရစက်မှုလက်မှုသိပ္ပံ (သန်လျင်)၊ အစိုးရနည်းပညာကောလိပ် (တောင်ဒဂုံ) ကြည့်ရှုစစ်ဆေး

ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ နည်းပညာတက္ကသိုလ် (သန်လျင်)၊ အစိုးရစက်မှုလက်မှုသိပ္ပံ (သန်လျင်)၊ အစိုးရနည်းပညာကောလိပ် (တောင်ဒဂုံ) ကြည့်ရှုစစ်ဆေး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / December 01, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၃၀

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ်နှင့်အတူ ယမန်နေ့ နံနက်ပိုင်းက နည်းပညာတက္ကသိုလ် (သန်လျင်) သို့ ရောက်ရှိပြီး ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ဌာနမှူးများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် သီလဝါအထူး စီးပွားရေးဇုန်နှင့် ဒေသတွင်း MSME များ ဖွံ့ဖြိုးရေးဆိုင်ရာ နည်းပညာလိုအပ်ချက်များကို အမှန်တကယ်ပံ့ပိုးပေးနိုင်ရေးအတွက် University-Industry Collaboration မြှင့်တင်ဆောင်ရွက်ရင်း နိုင်ငံ့အကျိုးပြုသုတေသနများဖြင့် ရှင်သန်သက်ဝင်နေစေရေးကြိုးပမ်းဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ကျောင်းသား ကျောင်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်တပ်တစ်အား အထောက်အကူပြုနိုင်မည့် အင်ဂျင်နီယာအရည်အချင်းများ ပြည့်ဝသည့် လူငယ်ကောင်းများဖြစ်စေရေး ရည်မှန်းဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားကာ သုတ/ရသ စာအုပ်များကို ပေးအပ်ပြီး ရေနံအင်ဂျင်နီယာဌာနတွင် စာသင်ခန်း၊ စာကြည့်တိုက်၊ Seminar ခန်း၊ ကွန်ပျူတာခန်း၊ လက်တွေ့စမ်းသပ်ခန်းများ၊ လက်တွေ့ပစ္စည်းကိရိယာများကို သတ်မှတ်စံနှုန်းများနှင့်အညီ စနစ်တကျ ဖြည့်ဆည်းထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် အစိုးရစက်မှုလက်မှုသိပ္ပံ (သန်လျင်) သို့ ရောက်ရှိရာ ကျောင်းအုပ်ကြီးက ဒီဇင်ဘာ ၁ ရက်တွင် ဖွင့်လှစ်မည့် ပထမနှစ်သင်တန်းများအတွက် ပြင်ဆင်ထားရှိမှုများ၊ သီလဝါအထူးစီးပွားရေးဇုန်ရှိ လုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ပြင်ပစက်မှုလုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်နေမှုများကို အရှိန် အဟုန်မြှင့်တင်ကာ သင်တန်းများကို သတ်မှတ်စံနှုန်းများအတိုင်း စဉ်ဆက်မပြတ် ဖွင့်လှစ်နိုင်ရေးအလေးထားဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားကာ အလုပ်ရုံများသို့ သွားရောက်၍ လက်တွေ့ပြိုင်ပွဲများတွင် ကျောင်းသားများ ဆုရရှိသည့် သုတေသနပရောဂျက်များ၊ လက်တွေ့သုံးစက်ပစ္စည်း ကိရိယာများ တပ်ဆင်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

မွန်းလွဲပိုင်းတွင် အစိုးရနည်းပညာကောလိပ် (တောင်ဒဂုံ) သို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ကျောင်းအုပ်ကြီးက လက်ရှိဖွင့်လှစ်လျက်ရှိသော လျှပ်စစ်စွမ်းအား၊ မြို့ပြနှင့် စက်မှုအင်ဂျင်နီယာ ဘာသာရပ်များဆိုင်ရာ B.Tech သင်တန်းများ ဖွင့်လှစ်နေမှုအခြေအနေ၊ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ထပ်မံတိုးချဲ့ဖွင့်လှစ်မည့် သင်တန်းများ၊ ဒေသတွင်း စက်မှုဇုန် ခြောက်ဇုန်တို့မှ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ကနဦးစစ်တမ်းကောက်ယူခြင်းများ ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လူငယ်များ၏ အလုပ်အကိုင်အခွင့်အလမ်းကောင်းများကို အမှန်တကယ်ဖော်ဆောင်ပေးနိုင်မည့် ပုံမှန်နှင့် ကာလတိုသင်တန်းများကို ရလဒ်အခြေပြုသင်ကြားရေးစနစ်ဖြင့် ပီပီပြင်ပြင် ဖွင့်လှစ်ဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားပြီး သုတ/ရသ စာအုပ်များကို ပေးအပ်ကာ အလုပ်ရုံများကို လှည့်လည်ကြည့်ရှုစစ်ဆေး သည်။

အစိုးရနည်းပညာကောလိပ်များတွင် အစိုးရနည်းပညာအထက်တန်းကျောင်းများနှင့် အခြေခံပညာနှင့် စက်မှု-စိုက်ပျိုး-မွေးမြူရေး အထက်တန်းကျောင်းများမှ စက်မှုနည်းပညာဘာသာရပ် ပြီးမြောက်သူများအနက် သတ်မှတ်အဆင့်မီပါက ပထမနှစ်သင်တန်းများသို့ ပေါင်းကူးအနေဖြင့်လည်းကောင်း၊ အစိုးရစက်မှုလက်မှုသိပ္ပံများမှ သင်တန်းပြီးမြောက်သူများအနက် သတ်မှတ်အဆင့်မီပါက တတိယနှစ်သင်တန်းများသို့ ပေါင်းကူးအနေဖြင့်လည်းကောင်း တက်ရောက်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်


၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၂ ရက် ၊ ဒီဇင်ဘာ ၁ ရက်၊ တနင်္လာနေ့။


Posted on Dec 01, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၁ ရက် ၊ နိုဝင်ဘာ၃၀ ရက်၊ တနင်္ဂနွေနေ့။


Posted on Nov 30, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၀ ရက် ၊ နိုဝင်ဘာ ၂၉ ရက်၊ စနေနေ့။


Posted on Nov 29, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၉ ရက် ၊ နိုဝင်ဘာ ၂၈ ရက်၊ သောကြာနေ့။


Posted on Nov 28, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၈ ရက် ၊ နိုဝင်ဘာ ၂၇ ရက်၊ ကြာသပတေးနေ့။


Posted on Nov 27, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၇ ရက် ၊ နိုဝင်ဘာ ၂၆ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Nov 26, 2025
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

ရှေ့ဟောင်း Classic မော်တော်ယာဉ်များ ပြန်လည်မှတ်ပုံတင်ပေးခြင်းဆိုင်ရာ အသိပေးကြေညာခြင်း

Posted on Nov 29, 2025

ရှေ့ဟောင်း Classic မော်တော်ယာဉ်များ ပြန်လည်မှတ်ပုံတင်ပေးခြင်းဆိုင်ရာ အသိပေးကြေညာခြင်း

ရှေ့ဟောင်း Classic မော်တော်ယာဉ်များ ပြန်လည်မှတ်ပုံတင်ပေးခြင်းဆိုင်ရာ အသိပေးကြေညာခြင်း

Posted on Nov 29, 2025

ရှေ့ဟောင်း Classic မော်တော်ယာဉ်များ ပြန်လည်မှတ်ပုံတင်ပေးခြင်းဆိုင်ရာ အသိပေးကြေညာခြင်း

HOT NEWS
January 4,