ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၌ အထူးဟောပြောပို့ချဆွေးနွေး

ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၌ အထူးဟောပြောပို့ချဆွေးနွေး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / December 04, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၃

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ယနေ့နံနက်ပိုင်းတွင် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၌ “မြန်မာနိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးနှင့် စားနပ်ရိက္ခာစနစ် ပြောင်းလဲတိုးတက်ရေးအတွက် ဌာနဆိုင်ရာပြုပြင်ပြောင်းလဲခြင်းနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး ကဏ္ဍစုံညှိနှိုင်းသည့် မူဝါဒရေးရာ မဟာဗျူဟာ” ခေါင်းစဉ်ဖြင့် အထူးဟောပြောပို့ချသည်။

ဦးစွာ ဒုတိယဝန်ကြီးက စိုက်ပျိုးရေးကဏ္ဍအနေဖြင့် လက်ရှိအခြေအနေအနေအထားအရ ရင်ဆိုင်နေရသော စိန်ခေါ်မှုများဖြစ်သည့် စီးပွားရေး၊ လူမှုရေးနှင့် ရာသီဥတုဆိုင်ရာပြောင်းလဲမှုများ၊ စားရေရိက္ခာ ရေရှည်တည်တံ့စွာဖူလုံရေးနှင့် စိုက်ပျိုးရေးသုတေသနအတွက် ရင်းနှီးမြှုပ်နှံမှုများကို ထိရောက်စွာ သုံးစွဲနိုင်ရေးအပါအဝင် ပညာရပ်ဆိုင်ရာ အားနည်းချက်များရှိနေသေးသည့်အပြင် သုတေသနစွမ်းရည်၊ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ချိတ်ဆက်မှုအားနည်းခြင်းများနှင့်စပ်လျဉ်း၍လည်းကောင်း၊ ထုတ်လုပ်မှုစွမ်းရည်မြင့်မား၍ ရာသီဥတုဒဏ်ခံနိုင်မည့် စိုက်ပျိုးမွေးမြူရေး - စားရေရိက္ခာတည်ဆောက်ရေး၊ ရေရှည်တည်တံ့သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုစနစ်ကို မောင်းနှင်ရန်၊ နိုင်ငံသားအားလုံးအတွက် အစားအစာနှင့် အာဟာရဖူလုံမှုဘေးကင်းမှုရှိစေရန်၊ ကျေးလက်ဒေသများအတွက် အသက်မွေးဝမ်းကျောင်းအခွင့်အလမ်းများ ဖန်တီးပေးရန်စသည့် ဗျူဟာမြောက်ရည်မှန်းချက်များနှင့်စပ်လျဉ်း၍လည်းကောင်း၊ မဟာဗျူဟာ၏ အဓိက ချဉ်းကပ်နည်း (၂) ရပ်ဖြစ်သည့် စိုက်ပျိုးရေးဆိုင်ရာ ပြုပြင်ပြောင်းလဲခြင်းနှင့် ပညာရေးနှင့် လေ့ကျင့်ရေးအပိုင်းအဆင့်အားလုံးတွင် အရည်အသွေးမြင့် လူ့စွမ်းအားမွေးထုတ်ရေး လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရေးတို့နှင့်စပ်လျဉ်း၍လည်းကောင်း၊ ဒေသဆိုင်ရာသုတေသနစင်တာ (RRC) မော်ဒယ်ကို ချဲ့ထွင်အသုံးပြုခြင်း၊ သုတေသနလုပ်ငန်းများ ဆောင်ရွက်ရာတွင် သီးနှံမျိုးသစ်များ ထုတ်လုပ်နိုင်ရေး၊ ထုတ်လုပ်မှုစနစ်စီမံခန့်ခွဲရေးနှင့် စိုက်ပျိုးရေးနည်းစနစ်များ ဖွံ့ဖြိုးရေးအတွက် ပြန်လည်ဖွဲ့စည်းခြင်း၊ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ခြင်း၊ မိတ်ဖက်ပေါင်းစုံ ပါဝင်မှု (အစိုးရ၊ ပုဂ္ဂလိကကဏ္ဍ၊ ပြည်သူ့လူ့အဖွဲ့အစည်းနှင့် ဖွံ့ဖြိုးရေးမိတ်ဖက်များ) အားကောင်းစေခြင်းစသည့် အသေးစိတ်အကောင်အထည်ဖော်မည့်လုပ်ငန်းများနှင့်စပ်လျဉ်း၍လည်းကောင်း၊ မျှော်မှန်းရလဒ်များအနေဖြင့် စိုက်ပျိုးရေးကဏ္ဍ၏ ထုတ်လုပ်မှု စွမ်းရည်မြင့်တက်လာခြင်း၊ မျိုးစေ့မျိုးကောင်းများ ပိုမိုလျင်မြန်စွာ ထုတ်ဝေနိုင်ခြင်း၊ လယ်သမားများ ခေတ်မီနည်းပညာများသို့ လက်လှမ်းမီမှု တိုးတက်ခြင်း၊ အစားအစာဖူလုံရေးနှင့် အာဟာရအခြေအနေ မြင့်တက်လာခြင်း၊ စိုက်ပျိုးရေးကဏ္ဍသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကမောင်းနှင်အားတစ်ခုဖြစ်လာစေခြင်းတို့နှင့်စပ်လျဉ်း၍လည်းကောင်း၊ ဤပြောင်းလဲမှုများ အောင်မြင်ရန် အခြေခံကျသော ပြုပြင်ပြောင်းလဲမှုများနှင့် ရေရှည်တည်တံ့ရန် လိုအပ်မှု၊ လက်ရှိစိန်ခေါ်ချက်များကို အခွင့်အလမ်းအဖြစ် ပြောင်းလဲကာ ပိုမိုကောင်းမွန်သော အနာဂတ်စနစ်ကို ပြန်လည်တည်ဆောက်ရန် ပြည့်စုံစွာပို့ချဆွေးနွေးသည်။

အဆိုပါဆွေးနွေးပို့ချမှုအစီအစဉ်သို့ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခချုပ်၊ ဌာနမှူးများ၊ ဆရာ ဆရာမများ၊ စတုတ္ထနှစ် ကျောင်းသား ကျောင်းသူများ၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်


၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်နေ့ ၊ ဒီဇင်ဘာ ၄ ရက်၊ ကြာသပတေးနေ့။


Posted on Dec 04, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၄ ရက် ၊ ဒီဇင်ဘာ ၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Dec 03, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၃ ရက် ၊ ဒီဇင်ဘာ ၂ ရက်၊ အင်္ဂါနေ့။


Posted on Dec 02, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၂ ရက် ၊ ဒီဇင်ဘာ ၁ ရက်၊ တနင်္လာနေ့။


Posted on Dec 01, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၁ ရက် ၊ နိုဝင်ဘာ၃၀ ရက်၊ တနင်္ဂနွေနေ့။


Posted on Nov 30, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၀ ရက် ၊ နိုဝင်ဘာ ၂၉ ရက်၊ စနေနေ့။


Posted on Nov 29, 2025
HOT NEWS
January 4,