ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသက်ကြီးစောင့်ရှောက်ရေးဂေဟာ ကြည့်ရှုစစ်ဆေး
ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသက်ကြီးစောင့်ရှောက်ရေးဂေဟာ ကြည့်ရှုစစ်ဆေး
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 11, 2026
ရန်ကုန် မေ ၁၀
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် ယနေ့တွင် ရန်ကုန်မြို့ထောက်ကြန့်ရှိ လူမှုဝန်ထမ်းဦးစီးဌာန၏ မသန်စွမ်းသက်ကြီးစောင့်ရှောက်ရေးဂေဟာ၌ မသန်စွမ်းသူအမျိုးသား ၅၁ ဦး၊ အမျိုးသမီး ၃၃ ဦး လက်ခံစောင့်ရှောက်ထားမှု၊ အိပ်ဆောင်များ၊ လက်မှုသင်ကြားခန်း၊ ဆေးပေးခန်း၊ ထမင်းစားခန်းနှင့် မီးဖိုဆောင်တို့ကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဝန်ထမ်းများနှင့်တွေ့ဆုံ၍ မသန်စွမ်းကလေးများ ပြုစုစောင့်ရှောက်ရေးလုပ်ငန်းကို စေတနာထားဆောင်ရွက်နေကြသော ဝန်ထမ်းများဖြစ်သည့်အတွက် ကျေးဇူးတင်ပါကြောင်းနှင့် မသန်စွမ်းသူအားလုံးကို ခွဲခြားဆက်ဆံမှုလျော့နည်းပပျောက်ရေး အလေးထားဆောင်ရွက်ရန် မှာကြားပြီး ကလေးများအတွက် စားစရိတ်အလှူငွေနှင့် ဝန်ထမ်းများအတွက် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
သတင်းထုတ်ပြန်ချက်
Posted on May 11, 2026ဝင်ငွေခွန်ကြေညာလွှာ/ လစာနှစ်ချုပ်စာရင်း/ နှစ်ချုပ်ကုန်သွယ်လုပ်ငန်းခွန်ကြေညာလွှာ တင်သွင်းရန် နှိုးဆော်ခြင်း
Posted on May 8, 2026အခွန်အယူခံခုံအဖွဲ့ရုံးတွင် (၁၄-၅-၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန် ချိန်းဆိုထားသော အမှုများစာရင်း
Posted on May 7, 2026အခွန်အယူခံခုံအဖွဲ့ရုံးတွင် (၁၄-၅-၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန် ချိန်းဆိုထားသော အမှုများစာရင်း
