ဒုတိယဝန်ကြီး ဒေါ်နုမြဇံ အာဆီယံနိုင်ငံများဆိုင်ရာ ရိုးရာအထည်ဒီဇိုင်းများထိန်းသိမ်းရေးနှင့် မြှင့်တင်ရေးစီမံခန့်ခွဲမှုဆွေးနွေးပွဲ တက်ရောက်

ဒုတိယဝန်ကြီး ဒေါ်နုမြဇံ အာဆီယံနိုင်ငံများဆိုင်ရာ ရိုးရာအထည်ဒီဇိုင်းများထိန်းသိမ်းရေးနှင့် မြှင့်တင်ရေးစီမံခန့်ခွဲမှုဆွေးနွေးပွဲ တက်ရောက်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / March 14, 2026
image_latest


ရန်ကုန် မတ် ၁၃

အာဆီယံနိုင်ငံများဆိုင်ရာ ရိုးရာအထည်ဒီဇိုင်းများထိန်းသိမ်းရေးနှင့် မြှင့်တင်ရေးစီမံခန့်ခွဲမှုဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် ပြည်လမ်းမပေါ်ရှိ Novotel Yangon Max Hotel ၌ ကျင်းပသည်။

အခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများ၊ သံရုံးတာဝန်ခံများ၊ အာဆီယံအထွေထွေ အတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ရိုးရာအထည်အလိပ်ဒီဇိုင်းများ နှင့်ပတ်သက်သည့် စာတမ်းရှင်များ၊ ဌာနဆိုင်ရာပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီးက ရိုးရာအထည် ဒီဇိုင်းများထိန်းသိမ်းရေးနှင့် မြှင့်တင်ရေးစီမံခန့်ခွဲမှုသည် ယနေ့ခေတ်အခြေအနေများတွင် အထူးအရေးပါသော အကြောင်းအရာတစ်ရပ်ဖြစ်ပါကြောင်း၊ အလျင်အမြန်တိုးတက်လာသော နည်းပညာခေတ်နှင့် စက်မှုထုတ်လုပ်မှုများတိုးတက်လာသည့်အချိန်တွင် ရိုးရာဒီဇိုင်းရေးဆွဲခြင်းနှင့် လက်ဖြင့်ရက်လုပ်ခြင်းကဲ့သို့သော လုပ်ငန်းကျွမ်းကျင်မှုများ ပျောက်ကွယ်သွားနိုင်သည့်အန္တရာယ်များနှင့် ရင်ဆိုင်လျက်ရှိနေကြောင်း၊ ဤဆွေးနွေးပွဲ၏ ရည်ရွယ်ချက်များကို အကောင်အထည်ဖော်နိုင်ခြင်းမှာ အာဆီယံနိုင်ငံများ၏ အရေးပါသည့် မျက်နှာစုံညီပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကြောင်း၊ မိမိနိုင်ငံ၏ ကိုယ်စားပြု စာတမ်းများကို မျှဝေတင်ပြနိုင်ပြီး အကောင်းဆုံးအတွေ့အကြုံများကို ဖလှယ်ဆွေးနွေးနိုင်သည့်အပြင် ထိန်းသိမ်းရေးလုပ်ငန်းများတွင် ကြုံတွေ့ရသောအခက်အခဲများကိုလည်း အတူတကွဆွေးနွေး အဖြေရှာနိုင်ကြမည်ဖြစ်ကြောင်း၊ ရက်ကန်းလုပ်ငန်းများသည် လူမှုအသိုင်းအဝိုင်းများအတွက် ဂုဏ်ယူစရာသာမက အသက်မွေးဝမ်းကျောင်း အခွင့်အလမ်းများဖြစ်လာစေရန်လည်း အထောက်အကူဖြစ်စေကြောင်း ပြောကြားသည်။

ထို့နောက် ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ တက်ရောက်လာကြသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စာတမ်းရှင်များက သက်ဆိုင်ရာနိုင်ငံအလိုက် ရိုးရာအထည်ဒီဇိုင်းများနှင့်စပ်လျဉ်း၍ ထိန်းသိမ်းရေး၊ မြှင့်တင်ရေးစီမံခန့်ခွဲမှုဆိုင်ရာများကို ရှင်းလင်းဆွေးနွေးကြရာ တက်ရောက်လာသူများက မေးမြန်းဆွေးနွေးခြင်းများပြုလုပ်ကြပြီး ဆွေးနွေးပွဲကို ညနေပိုင်းတွင် ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

သတင်းစဉ်


၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စ​နေနေ့။


Posted on Mar 14, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။


Posted on Mar 13, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။


Posted on Mar 12, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Mar 11, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။


Posted on Mar 10, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။


Posted on Mar 09, 2026
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

Posted on Mar 12, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

Posted on Mar 11, 2026

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း