ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် တိုင်းဒေသကြီး/ပြည်နယ်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်အားကစားသမားများ ရောက်ရှိတည်းခိုနေထိုင်မှုနှင့် ပြင်ဆင်ထားရှိမှုအခြေအနေ သွားရောက်ကြည့်ရှုစစ်ဆေး

ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် တိုင်းဒေသကြီး/ပြည်နယ်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်အားကစားသမားများ ရောက်ရှိတည်းခိုနေထိုင်မှုနှင့် ပြင်ဆင်ထားရှိမှုအခြေအနေ သွားရောက်ကြည့်ရှုစစ်ဆေး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / November 24, 2024
image_latest


နေပြည်တော် နိုဝင်ဘာ ၂၃

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး၊ တည်းခိုနေထိုင်ရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီဥက္ကဋ္ဌ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိတည်းခိုရေးစခန်း၌ အမျိုးသားအားကစားပွဲတော်တွင် ပြိုင်ပွဲဝင်ရန် ရောက်ရှိလာကြသည့် ရခိုင်ပြည်နယ်ကိုယ်စားပြု အားကစားသမားများ၊ အုပ်ချုပ်သူများနှင့် နည်းပြများကို နွေးထွေးစွာကြိုဆိုနှုတ်ဆက်သည်။

ယင်းနောက် ရခိုင်ပြည်နယ်ကိုယ်စားပြု အားကစားသမားများ၊ အုပ်ချုပ်ရေးအဖွဲ့များနှင့် အားကစားနည်းပြများ တည်းခိုနေထိုင်ရန်နေရာချထားမှုနှင့် အသုံးအဆောင်ပစ္စည်းများထုတ်ပေးနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများ၊ အုပ်ချုပ်ရေးအဖွဲ့များနှင့် နည်းပြများ တည်းခိုနေထိုင်မည့်အဆောင်များနှင့် အိပ်ခန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ အားကစားသမားများကို ကျန်းမာရေးနှင့်ညီညွတ်မှုရှိအောင် တည်းခိုနေထိုင်နိုင်ရေး အထူးဂရုပြုဆောင်ရွက်ရန်၊ သောက်သုံးရေနှင့် လျှပ်စစ်မီးပြတ်တောက်မှုမရှိအောင် စနစ်တကျကြပ်မတ်ဆောင်ရွက်ရန်၊ အိပ်ဆောင်များပတ်ဝန်းကျင်တွင် ပိုင်ရှင်မဲ့ခွေးများကြောင့် တည်းခိုနေထိုင်သူများ အန္တရာယ်မဖြစ်စေရန် ထိန်းသိမ်းဆောင်ရွက်ကြရန် မှာကြားသည်။

ဆက်လက်၍ စားရိပ်သာများနှင့် ချက်ပြုတ်ဆောင်များကို ကြည့်ရှုစစ်ဆေးပြီး စားရိပ်သာများကို သန့်ရှင်းသပ်ရပ်ပြီး ကျန်းမာရေးနှင့်ညီညွတ်စေရန် ခင်းကျင်းဆောင်ရွက်ရန်၊ ဧည့်ခံကျွေးမွေးရာတွင် အစားအစာများကို သန့်ရှင်းလတ်ဆတ်မှုရှိစေရန်နှင့် ဘေးကင်းစေရန်အတွက် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ ပြင်ဆင်ချက်ပြုတ်ရန်၊ ချက်ပြုတ်ရေးအဖွဲ့များကို သန့်ရှင်းသပ်ရပ်စွာ ဝတ်စားဆင်ယင်၍ တစ်ကိုယ်ရေသန့်ရှင်းမှုရှိရေး ကြပ်မတ်ဆောင်ရွက်ရန် မှာကြားသည်။

ထို့နောက် တည်းခိုရေးစခန်းအတွင်း ဆေးကုသမှုခံယူနိုင်ရန် ဖွင့်လှစ်ထားသည့်ဆေးခန်းများ၊ ဆပ်ကော်မတီရုံးခန်းနေရာများနှင့် စားသောက်ဆိုင်ခန်းများကို သွားရောက်ကြည့်ရှုစစ်ဆေးကာ စားသောက်ဆိုင်များတွင် သန့်ရှင်းလတ်ဆတ်သည့် အစားအစာများ၊ ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအစာများကိုသာ ရောင်းချရန်၊ ဝမ်းပျက်ဝမ်းလျှောဖြစ်စေနိုင်သည့် အသုပ်များ၊ အမှည့်လွန်သည့်အသီးများ၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းမပါသည့် အစားအစာများကို ရောင်းချခြင်းမပြုစေရေး ကြပ်မတ်ဆောင်ရွက်ရန်၊ ပိုးမွှားများကင်းစင်စေရန် ပိုးသတ်ဆေးဖျန်းခြင်း၊ အမှိုက်များကို စနစ်တကျ စွန့်ပစ်သိမ်းဆည်းခြင်းတို့ကို ကြပ်မတ်ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်


၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၉ ရက်၊ နိုဝင်ဘာ ၂၄ ရက်၊ တနင်္ဂနွေနေ့။


Posted on Nov 24, 2024

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၂၃ ရက်၊ စနေနေ့။


Posted on Nov 23, 2024

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ နိုဝင်ဘာ ၂၁ ရက်၊ကြာသပတေးနေ့။


Posted on Nov 21, 2024

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ နိုဝင်ဘာ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Nov 20, 2024

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ နိုဝင်ဘာ ၁၉ ရက်၊ အင်္ဂါနေ့။


Posted on Nov 19, 2024

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၃ ရက်၊ နိုဝင်ဘာ ၁၈ ရက်၊ တနင်္လာနေ့။


Posted on Nov 18, 2024
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနမှ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ခေါ်ဆိုခဲ့သောတင်ဒါများအတွက် တင်ဒါအောင်မြင်သော ကုမ္ပဏီအမည်စာရင်း

Posted on Nov 22, 2024

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနမှ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ခေါ်ဆိုခဲ့သောတင်ဒါများအတွက် တင်ဒါအောင်မြင်သော ကုမ္ပဏီအမည်စာရင်း

အလုပ်လျှောက်လွှာခေါ်ယူခြင်း

Posted on Nov 22, 2024

အလုပ်လျှောက်လွှာခေါ်ယူခြင်း

HOT NEWS
January 4,