ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် မအူပင်ခရိုင်အတွင်း ရေဘေးကာကွယ်ရေးလုပ်ငန်းများနှင့် ရေနုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် မအူပင်ခရိုင်အတွင်း ရေဘေးကာကွယ်ရေးလုပ်ငန်းများနှင့် ရေနုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 14, 2026
နေပြည်တော် ဇန်နဝါရီ ၁၃
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ဇန်နဝါရီ ၁၀ ရက်နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ညောင်တုန်းမြို့နယ်ရှိ ပန်းလှိုင်ရေထိန်းတံခါးသို့ သွားရောက်စစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက ညောင်တုန်းကျွန်းပတ်တာအတွင်း သီးနှံများစိုက်ပျိုးနိုင်သည့် မြေနေရာများတွင် စိုက်ပျိုးဧကများလျော့နည်းမှုမရှိစေရေး၊ ရေပေးမြောင်းများ၊ ရေနုတ်မြောင်းများ၊ ရေတံခါးများ ကောင်းမွန်မှုရှိစေရေး၊ ညောင်တုန်းကျွန်းပတ်တာအတွင်း မူလလျာထား စိုက်ဧကများအတိုင်း စိုက်ပျိုးနိုင်စေရေးနှင့် စာရင်းဇယားကိန်းဂဏန်းများ တိကျမှန်ကန်စေရေး သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးမှာကြားကာ ပန်းလှိုင်ရေ ထိန်းတံခါးမြစ်ဘက်အထွက်မြောင်း သဲနုန်းတူးဖော်ခြင်းအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်(မအူပင်)သို့ ရောက်ရှိပြီး ပါမောက္ခချုပ်များ၊ ဆရာ ဆရာမများနှင့်တွေ့ဆုံရာ တာဝန်ရှိသူများက ပထမနှစ်သင်တန်းများ စတင်သင်ကြားပို့ချလျက်ရှိသည့်အခြေအနေများ၊ သင်ကြားရေး ဆရာ ဆရာမ အင်အား ဖြည့်တင်းနိုင်ရေးအခြေအနေများ၊ သင်ကြားရေးအထောက်အကူပြု လက်တွေ့ခန်းများအတွက် ဓာတ်ခွဲခန်းသုံးပစ္စည်းများ ဖြည့်ဆည်းရန်စီမံထားရှိမှုအခြေအနေများ၊ ဘွဲ့လွန်သင်တန်းများ စတင်ဖွင့်လှစ်နိုင်ရေးနှင့် အပြည်ပြည်ဆိုင်ရာသုတေသနအခြေပြုတက္ကသိုလ်များနှင့် ချိတ်ဆက်ကာ နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးရေး ဆောင်ရွက်မည့်အခြေအနေများ စသည့်တက္ကသိုလ်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များနှင့် တက္ကသိုလ်စိမ်းလန်းစိုပြည်ရေးအတွက် ဆောင်ရွက်သွားမည့်အစီအစဉ်များ ရှင်းလင်းတင်ပြမှုကို ဒုတိယဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် ဝန်ကြီးဌာနအောက်ရှိ ခရိုင်ဦးစီးမှူးများနှင့်တွေ့ဆုံ၍ ဒုတိယဝန်ကြီးက မအူပင်မြို့အတွင်း သန့်ရှင်း သာယာလှပရေးနှင့် ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေး ရေတိုရေရှည် ဆောင်ရွက်ရမည့် ရေနုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်းများနှင့် အခြားဆက်စပ်လုပ်ငန်းများအတွက် ကွင်းဆင်းဆောင်ရွက်သည့်နေရာ၌ မိုးရာသီကာလရွာသွန်းသည့် မိုးရေများကို ရေနုတ်မြောင်းများ၊ တံတားငယ်များနှင့် ပြွန်တံတားများ (Box Culvert)တို့မှ ကောင်းမွန်နိုင်နင်းစွာ ရေထုတ်နုတ်နိုင်ရေးအတွက် လိုအပ်သည့် ဒီဇိုင်းပုံစံများအတိုင်း လုံလောက်သည့်ပမာဏရရှိအောင် ဆောင်ရွက်နိုင်ရေးကို ပတ်သက်ဆက်စပ်သည့် ဌာနဆိုင်ရာများနှင့် ပူးပေါင်းညှိနှိုင်းပြီး အထူးအလေးထားဆောင်ရွက်ရန်၊ အသေးစိတ်တိုင်းတာလေ့လာပြီးမှ သတ်မှတ်ဒီဇိုင်းပုံစံများနှင့်အညီ စနစ်တကျဆောင်ရွက်ကြရန်နှင့် ဦးစားပေးအစီအစဉ်များအလိုက် အချိန်မီပြီးစီးရေး ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ် (မအူပင်) ကျောင်းဝင်းအတွင်းရှိ ရေနုတ်မြောင်းများ တူးဖော်ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ မြို့တွင်းရေနုတ်မြောင်းများ တူးဖော်ဆောင်ရွက်နေမှုအခြေအနေ၊ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ရေနုတ်မြောင်းများ၊ တံတားငယ်များ၊ ပြွန်တံတားများ (Box Culvert) နှင့် ရေတံခါးတပ်ဆင်ရန် လျာထားသည့်နေရာများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်
Posted on Mar 3, 2026စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းအတွက် ပစ္စည်းများဝယ်ယူရန် တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
Posted on Mar 3, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းအတွက် ပစ္စည်းများဝယ်ယူရန် တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
Myanmar National Human Rights Commission Statement No. ( 2 / 2026)
Posted on Mar 2, 2026The Acting President of the Republic of the Union of Myanmar, in commemoration of the Full Moon Day of Tabaung in the year 1387 ME and Peasants’ Day falling on 2 March 2026,
