ဒုတိယဝန်ကြီး ဦးမျိုးမြင့် ငလျင်ဒဏ်ကြောင့်ပျက်စီးခဲ့သည့် မန္တလေးတက္ကသိုလ် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
ဒုတိယဝန်ကြီး ဦးမျိုးမြင့် ငလျင်ဒဏ်ကြောင့်ပျက်စီးခဲ့သည့် မန္တလေးတက္ကသိုလ် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / September 09, 2025

နေပြည်တော် စက်တင်ဘာ ၈
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် မန္တလေးတက္ကသိုလ် ပင်မဆောင်မူလပုံစံမပျက် ပြန်လည်ပြုပြင်တည်ဆောက်နိုင်ရေးဗိသုကာဆိုင်ရာ လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဝင်းဇော်၊ ဒုတိယပါမောက္ခချုပ်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က မန္တလေးတက္ကသိုလ်ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးရာ မြန်မာမြို့ပြနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းရှင်များအသင်း (MDA)မှ တာဝန်ရှိသူများက မန္တလေးတက္ကသိုလ်ပင်မဆောင်၏ ဗိသုကာပုံစံနှင့် လက်ရှိပျက်စီးမှုအခြေအနေ၊ မူလပုံစံမပျက်ပြန်လည်ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက မူလဗိသုကာလက်ရာများ မပျက်စီးရေး၊ အသုံးပြုမည့်ပစ္စည်းများ အရည်အသွေးပြည့်မီစေရေး၊ စံချိန်စံညွှန်းများနှင့်အညီ သတ်မှတ်ချိန်အတွင်း ပြီးစီးရေးတို့ကိုမှာကြားပြီး လုပ်ငန်းခွင်အတွင်း လိုက်လံကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော မန္တလေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ ပြန်လည်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကိုလည်းကောင်း၊ ရတနာပုံတက္ကသိုလ်၌ Recreation Center Footing လုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ Ground Floor Long Column ကျောက် လောင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ Short Column လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု၊ Plinth Beam သံဆင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် Retaining Wall အုတ်စီခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက နှစ်အလိုက်ဆောင်ရွက်ရမည့်လုပ်ငန်းများ သတ်မှတ်ချိန်အတွင်းပြီးစီးရေးနှင့် အသုံးပြုမည့် ဆောက်လုပ်ရေးပစ္စည်းများ သတ်မှတ်အရည်အသွေး ပြည့်မီရေးတို့ကို ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၂ ရက်၊ စက်တင်ဘာ ၈ ရက်၊ တနင်္လာနေ့။
Posted on Sep 08, 2025
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁ ရက်၊ စက်တင်ဘာ ၇ ရက်၊ တနင်္ဂနွေနေ့။
Posted on Sep 07, 2025
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာန၊ နေပြည်တော်၊ အလုပ်လျှောက်လွှာခေါ်ယူခြင်း
Posted on Sep 8, 2025ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပြည်ထောင်စုအကျိုးအတွက် ထပ်မံဖိတ်ခေါ်ချက်
Posted on Sep 8, 2025PDF အမည်ခံများအပါအဝင် လက်နက်ကိုင်အုပ်စုများအနေဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးပေါ်ထွန်းလာရေးကိုမျှော်မှန်းကာ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်နိုင်ရေး ပြည်ထောင်စုအကျိုးအတွက် ဖိတ်ခေါ်ချက်အရ နိုင်ငံတော်၏စေတနာအမှန်ကို သိရှိနားလည်ပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့သော PDF အမည်ခံများအပါအဝင် လက်နက်ကိုင်အဖွဲ့ဝင်များအား မိဘများထံအပ်နှံပြီးဖြစ်သည်။
ပြန်ကြားရေးဝန်ကြီးဌာန ၊ ပြည်တွင်း/ပြည်ပပစ္စည်းများဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီ
Posted on Sep 8, 2025ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနအတွက် ၂ဝ၂၅-၂ဝ၂၆ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ရုံးသုံး/လုပ်ငန်းသုံးပရိဘောဂပစ္စည်း (၂၉)မျိုးမှ ပစ္စည်း(၂၃)မျိုးအား ဝယ်ယူရန် ပြည်တွင်း/ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီမှ (၁၄-၈-၂ဝ၂၅) ရက် နံနက် (၁ဝ : ဝဝ) နာရီတွင် စိစစ်ခဲ့သည့် ဈေးနှုန်းများအနက် အနည်းဆုံးပေးသွင်းသည့် အောက်ပါကုမ္ပဏီများမှ ယှဉ်တွဲပါဈေးနှုန်း၊ အရေအတွက်တို့ဖြင့် တင်ဒါအောင်မြင်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးအမှတ်စဉ်(၁၂/၂ဝ၂၅) ဆုံးဖြတ်ချက်အရ ကြေညာအပ်ပါသည်-