ဒုတိယဝန်ကြီး ဦးသန့်စင် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ ရေနံဓာတ်ငွေ့ရည်အရောင်းဆိုင်အသစ် တည်ဆောက်ရေးလုပ်ငန်းခွင် ကြည့်ရှုစစ်ဆေး
ဒုတိယဝန်ကြီး ဦးသန့်စင် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ ရေနံဓာတ်ငွေ့ရည်အရောင်းဆိုင်အသစ် တည်ဆောက်ရေးလုပ်ငန်းခွင် ကြည့်ရှုစစ်ဆေး
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 28, 2024
နေပြည်တော် ဧပြီ ၂၇
စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်သည် ယနေ့မွန်းလွဲပိုင်းတွင် မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းနှင့် ရတနာစုကုမ္ပဏီတို့ အကျိုးတူပူးပေါင်း ဆောင်ရွက်နေသော ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ ရေနံဓာတ်ငွေ့ရည် အရောင်းဆိုင်အသစ် တည်ဆောက်ရေးလုပ်ငန်း၏ ဆိုင်ဧရိယာအတွင်း အရောင်းဆိုင်အဆောက်အအုံများ ဆောက်လုပ်ခြင်း၊ ရေနံဓာတ်ငွေ့ရည် သိုလှောင်ကန်နှင့် ဆက်စပ်ပစ္စည်းများတပ်ဆင်ခြင်း၊ မြေထိန်းနံရံများနှင့် အုတ်တံတိုင်းခြံစည်းရိုးများ ကာရံခြင်း၊ ကွန်ကရစ်လမ်းခင်းခြင်းနှင့် မီးသတ်ရေလှောင်ကန် တည်ဆောက်ခြင်းလုပ်ငန်းများ၏ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ရှင်းလင်းတင်ပြ
ဦးစွာ တာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်းများ၏ ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် ဆောင်ရွက်ရန်ကျန်ရှိသည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများက ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လျှပ်စစ်ဓာတ်အားသုံးစွဲမှုနှင့် ထင်း၊ မီးသွေး သုံးစွဲမှုလျှော့ချနိုင်ရေး၊ လူနေမှုစနစ်မြင့်မားစေရေးအတွက် ရေနံဓာတ်ငွေ့ရည်ကို တွင်ကျယ်စွာအစားထိုး အသုံးပြုလာနိုင်စေရန် တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ရေနံဓာတ်ငွေ့ရည်အရောင်းဆိုင်အသစ်ကို ၂၀၂၄ ခုနှစ်အတွင်း အမြန်ဆုံးဖွင့်လှစ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် အရည်အသွေး၊ စံချိန်စံညွှန်းကိုက်ညီမှုရှိစေရေးနှင့် ဘဏ္ဍာငွေလေလွင့်မှုမရှိစေရေး တာဝန်ရှိသူအဆင့်ဆင့်က အလေးထားကြပ်မတ် ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးကိုလည်း အလေးထားလိုက်နာဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ လာမည့် မိုးရာသီတွင် သီးပင်၊ စားပင်နှင့် အရိပ်ရလေကာပင်များ စနစ်တကျစိုက်ပျိုးနိုင်ရေး ကြိုတင်စီမံဆောင်ရွက်သွားရန်ဖြစ်ကြောင်းနှင့် အနာဂတ်တွင် ရေနံဓာတ်ငွေ့ရည်ကို သယ်ယူပို့ဆောင်ရေးကဏ္ဍကိုပါ တိုးချဲ့ဖြန့်ဖြူးပေးနိုင်ရေးအတွက် ကြိုတင်စီမံဆောင်ရွက်သွားရန်ဖြစ်ကြောင်း မှာကြားခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
ပြည်ပထွက်ခွာလိုသူ ပြည်သူများသို့ အသိပေးကြေညာချက်
Posted on May 14, 2024၁။ လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်နှင့် ဇီဝဆိုင်ရာ အချက်အလက်များကောက်ယူ၍ ဂဏန်း (၁၀) လုံးပါ Unique ID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းကို သက်ဆိုင်ရာ လဝကမြို့နယ်ရုံးအားလုံး၌ ဥပဒေနှင့်အညီစိစစ်၍ အခမဲ့ဆောင်ရွက်ထုတ်ပေးလျက် ရှိပါသည်။
ပြည်သူများသို့ အသိပေးကြေညာချက်
Posted on May 14, 2024၁။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထု၏ လုံခြုံရေးနှင့် လူမှုဘဝမြှင့်တင်ရေးတို့အတွက် အီလက်ထရောနစ်နည်းပညာအသုံးပြု၍ နိုင်ငံအတွင်းနေထိုင်သူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များနှင့် ဇီဝဆိုင်ရာအချက် အလက်များကောက်ယူကာ UID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
မြန်မာနိုင်ငံ ပြန်တမ်း
Posted on May 13, 2024နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံရေး) ဦးကျော်ကောင်းချိုကို ယင်းဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ဝတ္တရားများကို စတင်ဆောင်ရွက်သည့်နေ့မှစ၍ အစမ်းခန့်ထားလိုက်သည်။