ဒုတိယဝန်ကြီး ဦးသိုက်စိုး ကျိုင်းတုံမြို့နယ် ဒေသထွက် အုတ်ကြွပ်အမိုးပြားထုတ်လုပ်ရေး ကွင်းဆင်းဆောင်ရွက်
ဒုတိယဝန်ကြီး ဦးသိုက်စိုး ကျိုင်းတုံမြို့နယ် ဒေသထွက် အုတ်ကြွပ်အမိုးပြားထုတ်လုပ်ရေး ကွင်းဆင်းဆောင်ရွက်
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 19, 2026
နေပြည်တော် မေ ၁၈
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိုက်စိုး သည် ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် ဝမ်ဟကျေးရွာ၌ ဒေသထွက် အုတ်ကြွပ်အမိုးပြား ထုတ်လုပ်မှုဆိုင်ရာ သမဝါယမအသင်းသား အုတ်ကြွပ်ထုတ်လုပ်သူများ၊ ကျေးရွာသူ ကျေးရွာသားများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းများရရှိကာ မိသားစုဝင်ငွေတိုးပွားရေး တည်ဆောက်ပေးခြင်းဖြစ်ကြောင်း ပြောကြားပြီး အုတ်ကြွပ်စက် စတင်လည်ပတ်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပြည်ထောင်စုရန်ပုံငွေမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP) ဖြင့် ငွေကျပ်သိန်း ၁၅၀ ကို ကျေးရွာကော်မတီထံ လွှဲပြောင်းပေးအပ်သည်။
ယင်းနောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ဝန်ကြီးဌာနအောက် ဦးစီးဌာန လေးခုမှ ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကား ပြောကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ရှိ မြေနေရာအချို့နှင့် အဆောက်အဦအချို့အား နှစ်တို/ နှစ်ရှည် ငှားရမ်းဆောင်ရွက်နိုင်ရန်အတွက်...
Posted on May 19, 2026တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ရှိ မြေနေရာအချို့နှင့် အဆောက်အဦအချို့အား နှစ်တို/ နှစ်ရှည် ငှားရမ်းဆောင်ရွက်နိုင်ရန်အတွက် စိတ်ဝင်စားသူများအား ဖိတ်ခေါ်ခြင်း (Expression of Interest)
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ ငလျင်ဒဏ်သင့် ကျေးရွာများရှိ အိမ်ထောင်စု(၅၀) တွင် အိမ်သုံး Solar System တပ်ဆင်ခြင်းလုပ်ငန်းအတွက် တင်ဒါအောင်မြင်သော ကုမ္ပဏီအား...
Posted on Feb 28, 2026ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ ငလျင်ဒဏ်သင့် ကျေးရွာများရှိ အိမ်ထောင်စု(၅၀) တွင် အိမ်သုံး Solar System တပ်ဆင်ခြင်းလုပ်ငန်းအတွက် တင်ဒါအောင်မြင်သော ကုမ္ပဏီအား ကြေညာခြင်း
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊စီမံရေးရာဌာနမှ ကြေညာခြင်း
Posted on May 18, 2026နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊စီမံရေးရာဌာနမှ ကြေညာခြင်း
