ဒုတိယဝန်ကြီး ဦးအေးကျော် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ၂၃၀ ကေဗွီ လှော်ကားပင်မဓာတ်အားခွဲရုံနှင့် လှော်ကားသဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံ ကြည့်ရှုစစ်ဆေး

ဒုတိယဝန်ကြီး ဦးအေးကျော် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ၂၃၀ ကေဗွီ လှော်ကားပင်မဓာတ်အားခွဲရုံနှင့် လှော်ကားသဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံ ကြည့်ရှုစစ်ဆေး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / July 16, 2025
image_latest


နေပြည်တော် ဇူလိုင် ၁၅

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအေးကျော်သည် ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ၂၃၀ ကေဗွီ လှော်ကား ပင်မဓာတ်အားခွဲရုံနှင့် လှော်ကားသဘာဝဓာတ်ငွေ့သုံး ဓာတ်အား ပေးစက်ရုံတို့ကို ကြည့်ရှုစစ်ဆေးသည်။

မှာကြား

ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့ သည် ၂၃၀ ကေဗွီ လှော်ကားပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိရာ Switch Yard အတွင်းတွင် တာဝန်ရှိသူများက ၂၃၀ ကေဗွီလှော်ကား-ဝါးတရာ Double Circuit လိုင်းအသစ်ချိတ်ဆက်ဆောင်ရွက်ရမည့် အခြေအနေများ၊ ၂၃၀ ကေဗွီ လှော်ကား-ကမာနတ် ဓာတ်အားလိုင်းကို Switch Bay ပြောင်းလဲချိတ်ဆက် ဆောင်ရွက်ရမည့် အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက ဓာတ်အားခွဲရုံ များမှဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးရာတွင် ဗို့အားတည်ငြိမ်ပြည့်ဝစွာဖြင့် စဉ်ဆက်မပြတ် ဓာတ်အား ပို့လွှတ်နိုင်ရေး၊ ဓာတ်အားလိုင်း ချိတ်ဆက်ဆောင်ရွက်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်ချိန်အတွင်း အန္တရာယ်ကင်းရှင်းစွာဖြင့် စနစ်တကျဆောင်ရွက်သွားနိုင်ရေးမှာကြားသည်။

ထို့နောက် လှော်ကားသဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ သို့ရောက်ရှိပြီး ဒုတိယဝန်ကြီးက သဘာဝဓာတ်ငွေ့ ရရှိမှုအပေါ် မူတည်၍ ဓာတ်အားထုတ်လုပ်ပေးရာတွင် ထိရောက်စွာဖြင့် ထုတ်လုပ် ပေးနိုင်ရေးအလေးထားဆောင်ရွက်သွားရန်၊ ဝန်ထမ်းအိမ်ရာများအား ဦးစားပေးအဆင့်ဖြင့် စနစ်တကျထိန်းသိမ်းဆောင်ရွက် နေထိုင်သွားရေး၊ ဓာတ်အားပေး စက်ရုံဝင်းအတွင်း သီးပင်စားပင်များ စိုက်ပျိုးသွားနိုင်ရေး၊ ဓာတ်အားပေးစက်ရုံ အဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာများ အနီးတစ်ဝိုက် လုံခြုံရေးကို မျက်ခြည်မပြတ် အလေးထားစောင့်ကြည့်သွားစေရေး၊ ဝန်ထမ်းများလုပ်ငန်းခွင်အတွင်း စည်းလုံးညီညွတ်စွာ နေထိုင်နိုင်ရေးမှာကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးပြီး ဓာတ်အားထုတ်လုပ်ထိန်းချုပ် ခန်းအတွင်း စစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။

သတင်းစဉ်


၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၇ ရက်၊ ဇူလိုင် ၁၆ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jul 16, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၆ ရက်၊ ဇူလိုင် ၁၅ ရက်၊ အင်္ဂါနေ့။


Posted on Jul 14, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၅ ရက်၊ ဇူလိုင် ၁၄ ရက်၊ တနင်္လာနေ့။


Posted on Jul 13, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၄ ရက်၊ ဇူလိုင် ၁၃ ရက်၊ တနင်္ဂနွေနေ့။


Posted on Jul 13, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၃ ရက်၊ ဇူလိုင် ၁၂ ရက်၊ စနေနေ့။


Posted on Jul 12, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၂ ရက်၊ ဇူလိုင် ၁၁ ရက်၊ သောကြာနေ့။


Posted on Jul 11, 2025
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

ငါးမွေးမြူရေးကန်များ ရေကြီးနစ်မြုပ်မှုမှ ကြိုတင်ကာကွယ်ရေးသတိပေးနှိုးဆော်ချက်

Posted on Jul 13, 2025

နိုင်ငံတော်စားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်ပတင်ပို့ခြင်းဖြင့် နိုင်ငံခြားဝင်ငွေရရှိရေးအတွက် နိုင်ငံအနှံ့အပြားတွင် ငါးမွေးမြူရေးကန်များဖြင့် မွေးမြူဆောင်ရွက်လျက်ရှိရာ မိုးအလွန်အကျွံရွာသွန်းခြင်းနှင့် မြစ်ရေကြီး ခြင်းများကြောင့် ငါးမွေးမြူရေးကန်များ ရေကြီးနစ်မြုပ်ခြင်းမှ ကြိုတင်ကာကွယ်ရန်နှင့် ဆုံးရှုံးမှုလျော့နည်းစေရေးအတွက် အောက်ဖော်ပြပါအချက်များကို ငါးပုစွန်မွေးမြူရေးကန်များ၌ လိုက်နာဆောင်ရွက်ကြပါရန်သတိပေးနှိုးဆော်အပ်ပါသည် -