ဒုတိယအကြိမ်မြောက် အာဆီယံ - အမေရိကန် ပင်လယ်ရေကြောင်းဆိုင်ရာလေ့ကျင့်ခန်း (2nd ASEAN-US MARITIME EXERCISE - 2nd AUMX) တပ်မတော် (ရေ) မှ စစ်ရေယာဉ်(ကျန်စစ်သား) ပြန်လည်ရောက်ရှိ
ဒုတိယအကြိမ်မြောက် အာဆီယံ - အမေရိကန် ပင်လယ်ရေကြောင်းဆိုင်ရာလေ့ကျင့်ခန်း (2nd ASEAN-US MARITIME EXERCISE - 2nd AUMX) တပ်မတော် (ရေ) မှ စစ်ရေယာဉ်(ကျန်စစ်သား) ပြန်လည်ရောက်ရှိ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / December 18, 2025
နေပြည်တော် ဒီဇင်ဘာ ၁၈
အင်ဒိုနီရှားနိုင်ငံ၊ ဘာတန်မြို့၌ ဒီဇင်ဘာလ ၉ ရက်မှ ၁၃ ရက်အထိ ကျင်းပပြုလုပ်ခဲ့သော ဒုတိယအကြိမ်မြောက် အာဆီယံ-အမေရိကန် ပင်လယ်ရေကြောင်းဆိုင်ရာလေ့ကျင့်ခန်း (2nd ASEAN-US Maritime Exercise 2nd AUMX) သို့တက်ရောက်ခဲ့သည့် တပ်မတော်(ရေ)မှ ဗိုလ်မှူးကြီး ခွန်အောင်ကျော် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့များပါဝင်သည့် စစ်ရေယာဉ် (ကျန်စစ်သား) သည် ယနေ့နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိရာ တပ်မတော်(ရေ)မှအရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များနှင့် မိသားစုတို့က ကြိုဆိုနှုတ်ဆက်ကြသည်။
ဒုတိယအကြိမ် အာဆီယံ-အမေရိကန် ပင်လယ်ရေကြောင်းဆိုင်ရာလေ့ကျင့်ခန်းသို့ တက်ရောက်ရန်အတွက် စစ်ရေယာဉ် (ကျန်စစ်သား) သည် ဒီဇင်ဘာလ ၃ ရက်၊ နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့မှစတင်ထွက်ခွာခဲ့ရာ အင်ဒိုနီးရှားနိုင်ငံ၊ ဘာတန်မြို့သို့ ဒီဇင်ဘာလ ၉ ရက်၊ နံနက်ပိုင်း တွင်ရောက်ရှိခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံ၊ ဘာတန်မြို့သို့ရောက်ရှိစဉ် ဒီဇင်ဘာလ ၉ ရက်မှ ၁၁ ရက်အထိအဖွဲ့ခေါင်းဆောင်နှင့် အဖွဲ့ဝင်များသည် လေ့ကျင့်ခန်းဆိုင်ရာဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခြင်း၊ လေ့ကျင့်ခန်းအမျိုးအစားအလိုက် ပင်လယ်ပြင်လက်တွေ့လေ့ကျင့်မှုများအတွက် အကြိုညှိနှိုင်းခြင်း၊ Table Top Exercise ပြုလုပ်ခြင်း၊ ကျွမ်းကျင်သူများ အတွေ့အကြုံဖလှယ်မှုများ ပြုလုပ်ခြင်း (Subject Matter Expert Exchange)၊ ပျော်ရွှင်ဖွယ်အားကစားပြိုင်ပွဲ (Fun Game) များသို့ ပါဝင်ယှဉ်ပြိုင်ကစားခြင်း၊ ညစာစားပွဲအခမ်းအနားများသို့ တက်ရောက်ခြင်းနှင့် အင်ဒိုနီးရှားနိုင်ငံ၊ ဘာတန်မြို့တွင်း လေ့လာရေးခရီးစဉ်သွားရောက်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
စစ်ရေယာဉ်(ကျန်စစ်သား)သည် ဒီဇင်ဘာလ ၁၂ ရက်၊ နံနက်ပိုင်းတွင် ဘာတန်မြို့မှ လေ့ကျင့်ခန်းဧရိယာသို့ထွက်ခွာခဲ့ပြီး ဒီဇင်ဘာလ ၁၃ ရက်အထိ အာဆီယံ-အမေရိကန် ပင်လယ် ရေကြောင်းဆိုင်ရာ ပင်လယ်ပြင်လေ့ကျင့်ခန်းများကို အင်ဒိုနီးရှားနိုင်ငံ၊ ဘာတန်ကျွန်း၊ အရှေ့ မြောက်ရေပြင်တွင် ဆောင်ရွက်ခဲ့ပါသည်။ လေ့ကျင့်ခန်းဧရိယာအတွင်း စစ်ရေယာဉ်များ ပုံပြုမောင်းနှင်မှုလေ့ကျင့်ခန်း၊ အလံတင်ပြမှုလေ့ကျင့်ခန်း၊ ပျက်စီးထိန်းလေ့ကျင့်ခန်း၊ မီးအချက်ပြမှု လေ့ကျင့်ခန်း၊ အရေးကြီးရေယာဉ်ကာကွယ်မှု ပုံပြုလေ့ကျင့်ခန်း၊ ရှာဖွေကယ်ဆယ်ရေးနှင့် ကယ်တင်ကုသမှုလေ့ကျင့်ခြင်း၊ ဝေဟင်ဓာတ်ပုံရိုက်ကူးခြင်း၊ ပြန်လည်ဆွေးနွေးခြင်းနှင့် စစ်ရေယာဉ်များအပြန်အလှန်နှုတ်ဆက်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ ဒုတိယအကြိမ်မြောက် အာဆီယံ-အမေရိကန် ပင်လယ်ရေကြောင်းဆိုင်ရာလေ့ကျင့်ခန်း (2nd AUMX) အား မြန်မာ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ မလေးရှား၊ ဗီယက်နမ်၊ ဘရူနိုင်းနှင့် အမေရိကန်နိုင်ငံတို့မှ စစ်ရေယာဉ် ၈ စီး၊ ရဟတ်ယာဉ် ၁ စင်းတို့ စေလွှတ်ပါဝင်ခဲ့ကြပြီး ကျန်အာဆီယံ ၄ နိုင်ငံက လေ့လာသူကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြသည်။
ဒုတိယအကြိမ်မြောက် အာဆီယံ-အမေရိကန် ပင်လယ်ရေကြောင်းဆိုင်ရာလေ့ကျင့်ခန်း (2nd AUMX) သို့တက်ရောက်ခဲ့သည့် စစ်ရေယာဉ် (ကျန်စစ်သား) ၏ရန်ကုန်-အင်ဒိုနီးရှား-ရန်ကုန် ခရီးစဉ်သည် စုစုပေါင်းရေမိုင် ၂,၇၀၀ ခန့်ဖြစ်ကြောင်း သတင်းရရှိသည်။
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၃ ရက်၊ ဒီဇင်ဘာ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။
Posted on Dec 17, 2025
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၁၄ ရက်၊ တနင်္ဂနွေနေ့။
Posted on Dec 14, 2025
နေပြည်တော်ကောင်စီဝင် ခန့်အပ်တာဝန်ပေးခြင်း
Posted on Dec 18, 2025နေပြည်တော်ကောင်စီဝင် ခန့်အပ်တာဝန်ပေးခြင်း
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ မြန်မာအားကစားအဖွဲ့ နေ့ရက်အလိုက် ပြိုင်ပွဲရလဒ်များ၊ ပွဲစဉ်များ နှင့် ဆုတံဆိပ်ရရှိမှု (၁၇/၁၈-၁၂-၂၀၂၅)
Posted on Dec 18, 2025နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း
Posted on Dec 5, 2025နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း
