ဒု-စာရင်းစစ်မှူးနှင့် လက်ထောက်စာရင်းစစ်မှူးများ လုပ်ငန်းခွင်ကျွမ်းကျင်မှုမွမ်းမံ သင်တန်းအမှတ်စဉ် ( ၂ ) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပခြင်း
ဒု-စာရင်းစစ်မှူးနှင့် လက်ထောက်စာရင်းစစ်မှူးများ လုပ်ငန်းခွင်ကျွမ်းကျင်မှုမွမ်းမံ သင်တန်းအမှတ်စဉ် ( ၂ ) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပခြင်း
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး/ NPT / November 13, 2025
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အဆင့်မြင့်စာရင်းကိုင်နှင့်စာရင်းစစ်သင်တန်းကျောင်း၊ နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်ရုံးများတွင် ဖွင့်လှစ်သည့် ဒု- စာရင်း စစ်မှူးနှင့် လက်ထောက်စာရင်းစစ်မှူးများ လုပ်ငန်းခွင်ကျွမ်းကျင်မှုမွမ်းမံသင်တန်း အမှတ်စဉ် ( ၂ ) သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက် ၁၀ : ၀၀ နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နဝရတ်ခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် နည်းပညာဖွံ့ဖြိုးရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်သန္တာလေးက ယခုသင်တန်းကို ဝန်ထမ်းများ၏ လုပ်ငန်းကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည် များတိုးတက်လာစေရန်၊ လုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်စေရန်နှင့် စစ်ဆေးရေးဆိုင်ရာ အသိပညာ၊ ဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်း ဖြစ်ပါကြောင်း၊ သင်တန်းတွင် ဝန်ထမ်းစည်းမျဉ်း၊ ဘဏ္ဍာရေးစည်းမျဉ်း၊ ဦးစီးဌာနစာရင်းပညာ၊ အခြေခံစာရင်းရေးစာရင်းကိုင်ပညာနှင့် လုပ်ငန်းနှင့်စာရင်းစစ်ဆေးခြင်းဘာသာရပ် (၅) ခုကို ချိတ်ဆက်သင်ကြားပေးသွားမှာဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် ဝန်ထမ်းစည်းမျဉ်း သင်ကြားခြင်းဖြင့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများအား သိရှိလိုက်နာနေထိုင်တတ်ခြင်း၊ ဘဏ္ဍာ ရေးစည်းမျဉ်း သင်ကြားခြင်းဖြင့် ပြည်သူ့ဘဏ္ဍာငွေများကို ဘဏ္ဍာရေးစည်းမျဉ်းများနှင့်အညီ လေလွင့်ဆုံးရှုံးမှုမဖြစ်စေရေး ကာကွယ်ထိန်းသိမ်း သုံးစွဲတတ်လာခြင်း၊ ဦးစီးဌာနနှင့်စီးပွားရေး အဖွဲ့အစည်းများ၏ စာရင်းရေးသွင်းမှုစနစ်များ သိရှိပြီး တိကျမှန်ကန်သည့် စာရင်းထားသိုပုံ နည်းစနစ်များအား စိစစ်ဆောင်ရွက်နိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိစေမှာ ဖြစ်ပါ ကြောင်း၊ သင်တန်းတွင်ပို့ချပေးသည့် ဘာသာရပ်များမှာ စာရင်းစစ်ဆေးခြင်းလုပ်ငန်းကို အထောက်အကူဖြစ်သည့်အတွက် ကြိုးစားလေ့လာသင်ယူစေလိုပါကြောင်း၊ သင်တန်းသား များသည် နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အတွက် ဝန်ထမ်းကျင့်ဝတ်နှင့် စည်းကမ်းများကို လိုက်နာကြရန်၊ ကျရာတာဝန်များကို ကျေပွန်စွာထမ်းဆောင်ကြရန် “သင့်အောင်ပေါင်း၊ ကောင်းအောင်နေ၊ တော်အောင်ကြိုးစား၊ စည်းကမ်းရိုသေ၊ တာဝန်ကျေပါစေ”ဟူသည့် ရုံး၏ ဆောင်ပုဒ်နှင့်အညီ ပြုမူနေထိုင်ကြရန်မှာကြားလိုပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ် သင်တန်းကျောင်း၊ နေပြည်တော်တာဝန်ခံမှ သင်တန်းဆိုင်ရာအချက်အလက်များ ရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါသင်တန်းတွင် ရုံးချုပ်နှင့်တိုင်းဒေသကြီး/ပြည်နယ်များမှ ဒု-စာရင်းစစ်မှူး (၅၆၀)ဦးနှင့် လက်ထောက်စာရင်းစစ်မှူး (၇၃) ဦး စုစုပေါင်း (၆၃၃)ဦး တက်ရောက်ကြမည် ဖြစ်ပြီး ရုံးချုပ်၊ ကချင်၊ စစ်ကိုင်း၊တနင်္သာရီ၊ ပဲခူး၊ မွန်၊ ရခိုင်၊ ရန်ကုန်နှင့် ဧရာဝတီတိုင်း ဒေသကြီး စာရင်းစစ်ချုပ်ရုံးများတွင် Face to Face ဖြင့်လည်းကောင်း၊ မကွေးတိုင်းနှင့် မန္တလေးတိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံးတို့တွင် Online နှင့် Face to Face ဖြင့် လည်းကောင်း၊ ရှမ်းပြည်နယ်စာရင်းစစ်ချုပ်ရုံးတွင် Online ဖြင့်လည်းကောင်း ၁၀-၁၁-၂၀၂၅ ရက်နေ့မှ ၄-၁၂-၂၀၂၅ ရက်နေ့ထိ ရက်သတ္တပတ်(၄)ပတ်ကြာ ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်သည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများ၊ သင်တန်းကထိကများနှင့် သင်တန်းသား များတက်ရောက်ကြပြီး တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်ရုံး တာဝန်ရှိသူများ၊ သင်တန်း ကထိကများနှင့်သင်တန်းသားများက Online ဖြင့်တက်ရောက်ခဲ့ကြသည်။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်၊ နိုဝင်ဘာ ၁၄ ရက်၊ သောကြာနေ့။
Posted on Nov 14, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၉ ရက်၊ နိုဝင်ဘာ ၁၃ ရက်၊ ကြာသပတေးနေ့။
Posted on Nov 13, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။
Posted on Nov 12, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။
Posted on Nov 12, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၇ ရက်၊ နိုဝင်ဘာ ၁၁ ရက်၊ အင်္ဂါနေ့။
Posted on Nov 11, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ နိုဝင်ဘာ ၁၀ ရက်၊ တနင်္လာနေ့။
Posted on Nov 10, 2025
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) ၂၀၂၅ -၂၀၂၆ ပညာသင်နှစ်၊ ပထမနှစ်ဝင်ခွင့် ရရှိသူများစာရင်း
Posted on Nov 13, 2025သမဝါယမကောလိပ်(ဖောင်ကြီး)နှင့်သမဝါယမကောလိပ်(မန္တလေး) ပထမနှစ်ဝင်ခွင့်ရရှိသူများစာရင်း
Posted on Nov 13, 2025သမဝါယမကောလိပ် (မန္တလေး၊ ဖောင်ကြီး)တို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပထမနှစ် (ပထမနှစ်ဝက်)သင်တန်းနှင့် ဒုတိယနှစ် (ပထမနှစ်ဝက်)သင်တန်းများကို (၁၇-၁၁-၂၀၂၅)ရက်နေ့မှ စတင်၍ ကျောင်းအပ်လက်ခံပြီး (၂၄-၁၁-၂၀၂၅)ရက်နေ့၌ စတင်ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။
