ဒေသထွက်ကုန်ကြမ်းအခြေပြု ကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးရေး အထောက်အကူပြုနိုင်မည့် ပညာရှင်လူငယ်များ ပျိုးထောင်ပေးနိုင်ရေး မှာကြား
ဒေသထွက်ကုန်ကြမ်းအခြေပြု ကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးရေး အထောက်အကူပြုနိုင်မည့် ပညာရှင်လူငယ်များ ပျိုးထောင်ပေးနိုင်ရေး မှာကြား
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / November 26, 2025
နေပြည်တော် နိုဝင်ဘာ ၂၅
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် နိုဝင်ဘာ ၂၂ ရက်က ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ စက်မှုနည်းပညာလေ့ကျင့် သင်ကြားရေးသင်တန်းကျောင်း၌ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ပူးပေါင်းဖွင့်လှစ်သည့် ဆန်စပါးကြိတ်ခွဲထုတ်လုပ်မှု နည်းပညာသင်တန်းများဆိုင်ရာ လက်တွေ့သုံးစက်ပစ္စည်းပြင်ဆင်ထားရှိမှုများ၊ Woodworking နည်းပညာဌာနရှိ အိမ်တွင်းအလှဆင်နှင့် ပရိဘောဂပစ္စည်းများ လက်တွေ့ထုတ်လုပ်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် စင်ကာပူ-မြန်မာ သက်မွေးပညာသင်ကျောင်း၌ အင်ဂျင်နီယာဘာသာရပ်ဌာနများရှိ စာသင်ခန်းများ၊ အလုပ်ရုံများ၊ ဟိုတယ်နှင့်ခရီးသွားဘာသာရပ်သင်တန်းများတွင် ပြင်ဆင်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် အစိုးရစက်မှု လက်မှုသိပ္ပံ (ရွှေပြည်သာ) ၌ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ဒေသထွက်ကုန်ကြမ်းအခြေပြု ကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးရေး အထောက်အကူပြုနိုင်မည့် ပညာရှင်လူငယ်များအား ပျိုးထောင်ပေးနိုင်ရေးမှာကြားပြီး စာကြည့်တိုက်၊ လက်တွေ့ခန်းများနှင့် အလုပ်ရုံများ၌ လက်တွေ့လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးကာ ထူးချွန်ကျောင်းသားများအား ဂုဏ်ပြုဆုများ ချီးမြှင့်သည်။
မွန်းလွဲပိုင်းတွင် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၌ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး AI အပါအဝင် ဒစ်ဂျစ်တယ်နည်းပညာအရွေ့နှင့်အတူ လိုက်ပါနိုင်ရေး IT စွမ်းရည်မြှင့်တင်ဆောင်ရွက်ရန် တိုက်တွန်းပြောကြားပြီး စာသင်ခန်းများနှင့် ကွန်ပျူတာခန်းများ ပြင်ဆင်ထားရှိမှု၊ တက္ကသိုလ်ဥပဓိရုပ် ကောင်းမွန်ရေးဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်) EV အလုပ်ရုံ ၌ ကျောင်းသား ကျောင်းသူများ အဆင့်မြင့်သင်ထောက်ကူပစ္စည်းများဖြင့် လက်တွေ့လေ့ကျင့်နေမှု၊ နောက်ဆုံးနှစ် ကျောင်းသား ကျောင်းသူများ၏ အသေးစား EV၊ လျှပ်စစ်စက်ဘီး၊ အိမ်သုံးလျှပ်စစ်ထိန်းချုပ်စနစ်၊ အသေးစား Gasifier ၊ အွန်လိုင်းအခြေပြုစနစ်များဆိုင်ရာ သုတေသနပရောဂျက်ဆောင်ရွက်ထားရှိမှု၊ ပြင်ပစက်မှု လုပ်ငန်းရှင်များက နည်းပညာတောင်းခံမှုကြောင့် စက်မှုကုန်ထုတ်လုပ်ငန်းသုံးပစ္စည်းများ သုတေသနပြုဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုအားပေးသည်။
ထို့နောက် အင်းစိန်မြို့နယ်ရှိ JMASVTI ကျောင်း ပင်မဆောင်စာကြည့်တိုက်၊ စုဝေးခန်းမနှင့် လျှပ်စစ်အလုပ်ရုံ၊ ပထမထပ်ရှိစာသင်ခန်းများ၊ ပုံဆွဲခန်း၊ သိပ္ပံလက်တွေ့ဓာတ်ခွဲခန်း၊ ကွန်ပျူတာခန်းနှင့် တိုင်းတာရေးအလုပ်ရုံ၊ ပင်မဆောင်အပြင်ဘက်ရှိ မော်တော်ယာဉ်နည်းပညာအလုပ်ရုံတို့ကို ကြည့်ရှုစစ်ဆေးကာ လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ဖော်ဆောင်ပေးနိုင်မည့် သင်တန်းများ ဖွင့်လှစ်ရန်၊ MSME မြှင့်တင်ရေးနှင့် မော်တော်ယာဉ်နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးဆက်စပ်ဌာနများ၊ ပြင်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လစ်လပ်လျက်ရှိသောရာထူးနေရာများအတွက် လျှောက်လွှာခေါ်ယူခြင်း
Posted on Nov 26, 2025သမဝါယမကောလိပ် (မန္တလေး၊ ဖောင်ကြီး) တို့တွင် ကျောင်းအပ်လက်ခံမည့်ရက်နှင့် ကျောင်းစတင်ဖွင့်လှစ်မည့်ရက် ထုတ်ပြန်ကြေညာ
Posted on Nov 19, 2025နေပြည်တော် နိုဝင်ဘာ ၁၉
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးအဆင့်ရာထူး(၁၁)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့် နေ့ရက်၊ အချိန်နှင့် ခုံအမှတ်...
Posted on Nov 21, 2025တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးအဆင့်ရာထူး(၁၁)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့်နေ့ရက်၊ အချိန်နှင့် ခုံအမှတ် ထုတ်ပြန်ခြင်း
