နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်နှင့် Polytechnic University များသည် သိပ္ပံနှင့်နည်းပညာဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အဓိကဆောင်ရွက်နေသော တက္ကသိုလ်များဖြစ်
နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်နှင့် Polytechnic University များသည် သိပ္ပံနှင့်နည်းပညာဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အဓိကဆောင်ရွက်နေသော တက္ကသိုလ်များဖြစ်
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / November 07, 2025
နေပြည်တော် နိုဝင်ဘာ ၆
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာနရှိ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်နှင့် Poly-technic University များ၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက Naypyitaw State Polytechnic University အစည်းအဝေးခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။
ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိန်းကျော်၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများ၊ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာ တက္ကသိုလ်နှင့် Polytechnic University များသည် သိပ္ပံနှင့်နည်းပညာဆိုင်ရာ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကဆောင်ရွက်နေသော တက္ကသိုလ်များဖြစ်ကြောင်း၊ ဗလငါးတန်ပြည့်စုံသည့် ကျောင်းသူ ကျောင်းသားများ မွေးထုတ်ပေးရန်နှင့် သုတေသနအခြေပြု တက္ကသိုလ်များအဖြစ် နိုင်ငံနှင့်ဒေသအကျိုးပြု သုတေသနများ စဉ်ဆက်မပြတ် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ပြောင်းလဲနေသော နည်းပညာများနှင့်အညီ သင်ကြားမှုများ အဆင့်မြှင့်တင်ရန်နှင့် သင်ကြားသင်ယူမှုပတ်ဝန်းကျင် ကောင်းများဖြစ်စေရန် ကြိုးပမ်းဆောင်ရွက်လိုကြောင်း၊ အမှန် တကယ် ကျွမ်းကျင်တတ်မြောက်ပြီး တီထွင်ဖန်တီးနိုင်စွမ်းရှိသော အသိပညာ၊ အတတ်ပညာရှင်များ ဖြစ်လာစေရေးနှင့် တက္ကသိုလ်များ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးက ပြောင်းလဲတိုးတက်မှုနှုန်း မြန်ဆန်နေသည့် AI နည်းပညာအရွေ့နှင့် အတူ လိုက်ပါပြီး နိုင်ငံအကျိုးပြု အိုင်တီပညာရှင်များနှင့် သုတေသနများဖြင့် ရှင်သန်သက်ဝင်နေသော တက္ကသိုလ်များဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ရန်နှင့် သုတေသန ရလဒ်များမှသည် ပြည်သူတို့၏ လူမှုစီးပွားဘဝ မြှင့်တင်ရေးတွင် လက်တွေ့ကျကျ အသုံးချနိုင်ရေး ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းမှာကြားသည်။
ယင်းနောက် အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က သင်ကြားရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာသည့် တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယ ပါမောက္ခချုပ်များက တက္ကသိုလ်အလိုက် ဆောင်ရွက်ချက်များ၊ အားသာချက်များ၊ အားနည်းချက်များနှင့် စိန်ခေါ်မှုများကို ဆွေးနွေးတင်ပြကြသည်။
နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်နှင့် Polytechnic Universityများ၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို နိုဝင်ဘာ ၆ ရက်မှ ၇ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၃ ရက်၊ နိုဝင်ဘာ ၇ ရက်၊ သောကြာနေ့။
Posted on Nov 07, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက်၊ နိုဝင်ဘာ ၆ ရက်၊ ကြာသပတေးနေ့။
Posted on Nov 06, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်၊ နိုဝင်ဘာ ၅ ရက်၊ ဗုဒ္ဓဟူးနေ့။
Posted on Nov 05, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၄ ရက် ၊ နိုဝင်ဘာ ၃ ရက်၊ တနင်္လာနေ့။
Posted on Nov 03, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၃ ရက် ၊ နိုဝင်ဘာ ၂ ရက်၊ တနင်္ဂနွေနေ့။
Posted on Nov 02, 2025
ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း
Posted on Nov 6, 2025တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း
Posted on Nov 6, 2025တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း
ကြော်ငြာစာအမှတ် (၂/၂၀၂၅)ပါ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်စီမံရေးရာဦးစီးဌာန၊ ဌာနစုမှူး(၂)/ တတိယအတွင်းဝန် (အမျိုးသား/အမျိုးသမီး) ရာထူး (၃၀) နေရာအတွက် စိတ်အခြေအနေနှင့်...
Posted on Nov 1, 2025ကြော်ငြာစာအမှတ် (၂/၂၀၂၅)ပါ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်စီမံရေးရာဦးစီးဌာန၊ ဌာနစုမှူး(၂)/ တတိယအတွင်းဝန် (အမျိုးသား/အမျိုးသမီး) ရာထူး (၃၀) နေရာအတွက် စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးမှုခံယူမည့်သူများသတင်းပို့ရန်အတွက် အကြောင်းကြားစာနှင့် ရေးသွင်းရမည့်ပုံစံများကြေညာခြင်း
