နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေး

နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / July 18, 2025
image_latest


နေပြည်တော် ဇူလိုင် ၁၇

နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ပူးပေါင်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဧရာဝတီခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဂတိလိုက်စားမှုသည် နိုင်ငံတော်ဖွံ့ဖြိုးရေးကဏ္ဍများကို အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ အဟန့်အတားတစ်ခုဖြစ်ပေါ်စေသည့်အတွက် ကောင်းမွန်သည့် အစိုးရတစ်ရပ်၊ သန့်ရှင်းသည့်အစိုးရတစ်ရပ်ဖော်ဆောင်ရာ၌ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အဂတိကင်းရှင်းအောင် ကျင့်ကြံဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နိုင်ငံနှင့်ပြည်သူတို့အတွက် စေတနာထားပြီး ရိုးသား၊ ကြိုးစား၊ သစ္စာရှိသည့် ဝန်ထမ်းကောင်းများအဖြစ် အဂတိတရားကင်းရှင်းစွာဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် ကျရာအခန်းကဏ္ဍမှ ပါဝင်ထမ်းဆောင်ကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌက အဂတိလိုက်စားမှုကြောင့် နိုင်ငံ၏အရင်းအမြစ်များ၊ စီမံခန့်ခွဲမှုများ၊ လွဲမှားမှုများဖြစ်ပေါ်ကာ အခြေခံပြည်သူများအတွက် ဆိုးကျိုးများကိုဖြစ်ပေါ်စေကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များဆောင်ရွက်ရာတွင် တစ်ဦးတစ်ယောက်မှစ၍ ကဏ္ဍအသီးသီးမှ ပုဂ္ဂိုလ်များအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် ပြောကြားသည်။

ယင်းနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် စုံစမ်းစစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာကိစ္စရပ်များနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ဆိင်ရာများကို ရှင်းလင်းဆွေးနွေးကြသည်။

မွန်းလွဲပိုင်းတွင် ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်း ဦးဆောင်သည့်အဖွဲ့သည် ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့် ဦးဆောင်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit-CPU) နှင့် တွေ့ဆုံကာ အဖွဲ့၏လုပ်ငန်းများဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အားသာချက်၊ အားနည်းချက်များနှင့်စပ်လျဉ်း၍ သုံးသပ်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်


၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၉ ရက်၊ ဇူလိုင် ၁၈ ရက်၊ သောကြာနေ့။


Posted on Jul 18, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၈ ရက်၊ ဇူလိုင် ၁၇ ရက်၊ ကြာသပတေးနေ့။


Posted on Jul 17, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၇ ရက်၊ ဇူလိုင် ၁၆ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jul 16, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၆ ရက်၊ ဇူလိုင် ၁၅ ရက်၊ အင်္ဂါနေ့။


Posted on Jul 14, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၅ ရက်၊ ဇူလိုင် ၁၄ ရက်၊ တနင်္လာနေ့။


Posted on Jul 13, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၄ ရက်၊ ဇူလိုင် ၁၃ ရက်၊ တနင်္ဂနွေနေ့။


Posted on Jul 13, 2025
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

ငွေကြေးအရင်းအနှီး လိုအပ်နေသော ဆီစက်ပိုင်ရှင်များသို့ အသိပေးကြေညာချက်

Posted on Jul 18, 2025

ငွေကြေးအရင်းအနှီး လိုအပ်နေသော ဆီစက်ပိုင်ရှင်များသို့ အသိပေးကြေညာချက်

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၂၅/၂၀၂၅)

Posted on Jul 17, 2025

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၂၅/၂၀၂၅)

မြန်မာ-ရုရှား နှစ်နိုင်ငံကျားထိန်းသိမ်းရေး အထိမ်းအမှတ် Block of Stamp အထူးထုတ် ၂၀၀ ကျပ်တန် (၃)လုံးပါ စာပို့တံဆိပ်ခေါင်းသစ်(၁) မျိုးအားရောင်းချပေးမည်။

Posted on Jul 17, 2025

မြန်မာ-ရုရှား နှစ်နိုင်ငံကျားထိန်းသိမ်းရေး အထိမ်းအမှတ် Block of Stamp အထူးထုတ် ၂၀၀ ကျပ်တန် (၃)လုံးပါ စာပို့တံဆိပ်ခေါင်းသစ်(၁) မျိုးအားရောင်းချပေးမည်။