နိုင်ငံချစ်စိတ်ဖြင့် တိုင်းပြည်ကိုလက်တွဲကာကွယ်

နိုင်ငံချစ်စိတ်ဖြင့် တိုင်းပြည်ကိုလက်တွဲကာကွယ်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / March 29, 2024
image_latest


မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုး စုပေါင်းနေထိုင်ကြသော ပြည်ထောင်စုနိုင်ငံဖြစ်သည်။ နှစ်ပေါင်းထောင်ချီ မရှိအတူရှိအတူ အေးအတူပူအမျှ အတူတကွနေထိုင်ကြပြီး ပြည်ပအန္တရာယ်ပေါ်ပေါက်လာပါက အတူလက်တွဲ တွန်းလှန်ခဲ့ကြသည်။ ပြည်တွင်း၌ ဖြစ်ပေါ်ခဲ့သောပြဿနာများကိုလည်း အတူလက်တွဲဖြေရှင်းခဲ့ကြပြီး တစ်ဦးနှင့်တစ်ဦး ရိုင်းပင်းကူညီမှုဖြင့် အေးချမ်းစွာနေထိုင် ခဲ့ကြသည်။

သို့သော် လွတ်လပ်ရေးရရှိသည့်အချိန်တွင် ဂိုဏ်းဂဏစွဲ၊ ဝါဒစွဲ၊ လူမျိုးစွဲနှင့်သွေးခွဲသပ်လျှိုပေးမှုများကြောင့် လက်နက်ကိုင်ပဋိပက္ခများ ပေါ်ပေါက်လာခဲ့သည်။ လက်နက်ကိုင်ပဋိပက္ခများကြောင့် တိုင်းရင်းသားပြည်သူများမှာ အတိဒုက္ခအမျိုးမျိုး ရောက်ခဲ့ကြသည်။ ခေတ်အဆက်ဆက်အစိုးရများက တိုင်းပြည်တည်ငြိမ်အေးချမ်း ရေး၊ ပြည်သူများလူမှုဘဝအဆင်ပြေစေရေး ကြိုးပမ်းဆောင်ရွက်ခဲ့သော်လည်း လက်နက်ကိုင်ပဋိပက္ခများကြောင့် ကြိုးပမ်းမှုများမှာ အရာမထင်ဘဲ ပဋိပက္ခသံသရာတွင် ဝဲလည်နေခဲ့သည်။ အကျိုးဆက်မှာ ဖွံ့ဖြိုးတိုးတက်မှုနောက်ကျပြီး တိုင်းရင်းသားပြည်သူများ လူမှုစီးပွားဘဝနိမ့်ကျနေဆဲဖြစ်သည်။

မျက်မှောက်ကာလတွင် နိုင်ငံတော်အစိုးရက ပြည်သူများလိုလားသည့် ဒီမိုကရေစီစနစ် အားကောင်းစေရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် “စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေး၊ ဒီမိုကရေစီနှင့်ဖက်ဒရယ် စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဟူသည့် နိုင်ငံရေးရည်မှန်းချက် (၂) ရပ်နှင့် “တိုင်းပြည်သာယာဝပြောရေး၊ စားရေရိက္ခာဖူလုံရေး ဆိုသည့် အမျိုးသားရေးရည်မှန်းချက် (၂) ရပ်ကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များအတိုင်း ဆောင်ရွက်ပြီးစီးပါက ရွေးကောက်ပွဲများကျင်းပပြီး နိုင်ငံတော်တာဝန် လွှဲပြောင်းပေးအပ်သွားမည်ဖြစ်သည်။

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရွေးကောက်ပွဲများ အောင်မြင်စွာကျင်းပ နိုင်ရေးဆောင်ရွက်နေချိန်တွင် EAO အချို့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက နိုင်ငံတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်၊ ရွေးကောက်ပွဲပျက်ပြားစေရန်နှင့် နှောင့်နှေးကြန့်ကြာမှုများဖြစ်ပေါ်စေရန် အဖျက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိသည်။ အဖျက်လုပ်ရပ်များ မည်သို့ဆောင်ရွက်နေသည်ဖြစ်စေ တပ်မတော်အနေဖြင့် ပြည်သူလူထု၏ဆန္ဒနှင့်အညီ ပါတီစုံဒီမိုကရေစီစနစ် ပေါ်ပေါက်လာစေရေးကို ဦးဆောင်အကောင်အထည်ဖော်ပေးနေပြီး ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးနှင့် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် မားမားမတ်မတ်ဆောင်ရွက်ပေး လျက်ရှိသည်။

EAO အချို့နှင့် PDF အမည်ခံအကြမ်းဖက်သမားများသည် လက်နက်ဖြင့် အကြောက်တရားများကိုဖန်တီးပြီး လူသစ်စုဆောင်းမှုကို အရှိန်တိုးမြှင့်လုပ်ဆောင် လျက်ရှိသည့်အပြင် လူမျိုးရေးမုန်းတီးမှုကို ရှေ့တန်းတင်ကာ လှုံ့ဆော်နေသည်ကို တွေ့ရမည်ဖြစ်သည်။ လူမျိုးများစွာစုပေါင်းနေထိုင်သည့် ပြည်ထောင်စုနိုင်ငံတွင် လူမျိုးကိုအခြေခံသည့် လက်နက်ကိုင်ဖွဲ့စည်းခြင်းနှင့် လှုပ်ရှားဆောင်ရွက်ခြင်းသည် ငြိမ်းချမ်းရေးနှင့်အလှမ်းဝေးပြီး စည်းလုံးညီညွတ်မှုကို ထိခိုက်စေသည်။ လက်နက်ကိုင်ပဋိပက္ခများဖန်တီးခြင်းသည် ဖွံ့ဖြိုးတိုးတက်မှုကိုထိခိုက်စေပြီး ပြည်သူများသာ ဒုက္ခအခက်အခဲများဖြစ်စေသည်။ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ဒေသအချို့တွင် ဖြစ်ပေါ်နေသောတိုက်ခိုက်မှုများက သက်သေပြလျက်ရှိသည်။

ထို့ကြောင့် “တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပြည်သူ့စစ်အဖွဲ့များအပါအဝင် လုံခြုံရေးတပ်ဖွဲ့များအနေဖြင့် ပြည်သူလူထုနှင့်အတူလက်တွဲပြီး တည်ငြိမ်အေးချမ်းမှု ပျက်ပြားခဲ့ရသည့်ဒေသများကိုလည်း တည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိအောင် တရားဥပဒေနှင့်အညီ ထိထိရောက်ရောက်ဆောင်ရွက်သွားရမည်။ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးအတွက် စွန့်လွှတ်စွန့်စားသူများကိုလည်း ထိုက်တန်စွာ ချီးမြှင့်ဂုဏ်ပြုသွားမည်ဖြစ်ကြောင်း (၇၉) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေးအနေအထားနှင့် လက်ရှိကမ္ဘာတွင် ဖြစ်ပျက်နေသောအခြေအနေများအရ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် တိုင်းပြည်ကာကွယ်ရေးကို ဦးစားပေးဆောင်ရွက်ရမည့် အချိန်အခါဖြစ်သည်။ နိုင်ငံတော်ကာကွယ်ရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ၏ ပထဝီအနေအထားအရ တပ်မတော်ကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန်လိုအပ်သည်။ တိုင်းပြည်တည်ငြိမ် အေးချမ်းရေးအတွက် ပြည်သူ့စစ်မဟာဗျူဟာကို လုပ်ဆောင်ခြင်းထက် ဥပဒေနှင့်ပိုမိုညီညွတ်ပြီး စည်းစနစ်ကျသည့် ပြည်သူ့စစ်မှုထမ်းဥပဒေသည် အဆီလျော်ဆုံး ဖြစ်သည်။ ထို့ကြောင့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေ၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် အရန်တပ်ဖွဲ့ဥပဒေအာဏာတည်ခဲ့ပြီးဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံတော်ကာကွယ်ရေးနှင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် နိုင်ငံသားအားလုံးတွင်လည်း တာဝန်ရှိသည်ဖြစ်ရာ ပြဋ္ဌာန်းခဲ့ပြီးဖြစ်သည့် ဥပဒေများနှင့်အညီ နိုင်ငံချစ်စိတ်၊ တိုင်းပြည်ချစ်မြတ်နိုးသောစိတ်ဖြင့် တပ်မတော်နှင့်အတူ လက်တွဲဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။    ။


၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက်၊ ဧပြီ ၂၇ ရက်၊ စနေနေ့။


Posted on Apr 27, 2024

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက်၊ ဧပြီ ၂၆ ရက်၊ သောကြာနေ့။


Posted on Apr 26, 2024

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက်၊ ဧပြီ ၂၅ ရက်၊ ကြာသပတေးနေ့။


Posted on Apr 25, 2024

၁၃၈၅ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 24, 2024

၁၃၈၅ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၂၃ ရက်၊ အင်္ဂါနေ့။


Posted on Apr 23, 2024

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ ဧပြီ ၂၂ ရက်၊ တနင်္လာနေ့။


Posted on Apr 22, 2024
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့်အညီ စာအုပ်စာစောင်များပေးအပ်ရန် အသိပေးကြေညာချက်

Posted on Apr 27, 2024

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့်အညီ စာအုပ်စာစောင်များပေးအပ်ရန် အသိပေးကြေညာချက်

ကြေညာချက်

Posted on Apr 26, 2024

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ထုတ်ဝေသော တရားစာအုပ်များ

Posted on Apr 25, 2024

စဉ် စာအုပ်အမည် PDF ဖိုင် ၁ ဥပ္ပါတသန္တိဝတ်ရွတ်စဉ် PDF (A4) စာအုပ် ၂ ဥပ္ပါတသန္တိဝတ်ရွတ်စဉ် PDF (A5) စာအုပ် ၃ ဗုဒ္ဓါဘိသေက အနေကဇာတင်ပါဌ် PDF

HOT NEWS
January 4,